[ 8 8 ]

5.4K 1.1K 89
                                    

[Unicode]

"ဘယ်လိုလဲ? မင်း ပဲချိုလေးနဲ့ ခရီးထွက်ရင်း ပျော်စရာအချိန်လေးတွေ ရနေပြီလား?" ရှားရှားပါးပါး အားလပ်တုန်းလေး ရုန်ချင်းတစ်ယောက် လက်ထောက်ဟယ်ကို အချိန်လင့် vd call ခေါ်တော့တယ်။

Screenပေါ်မှာ ဟယ်ချန်တစ်ယောက် အရောင်‌တောက်တောက် ကမ်းခြေစတိုင် ဝမ်းဆက်ကို ဝတ်ဆင်ထားတယ်။ Dream bedတစ်ခုပေါ်မှာ လဲလျောင်းနေကာ သူ့အသားအရေကတော့ ကြေးနီရောင် ခပ်သန်းသန်း။ ပဲချိုလေးက သူ့‌ဗိုက်ကြွက်သားတွေကို ဖုံးထားပေမဲ့ ဆက်စီကျနေတဲ့ ပုံပန်းသွင်ပြင်ကိုတော့ နည်းနည်းလေးတောင် ထိခိုက်သွားစေခြင်း မရှိ။

ရုန်ချင်း လျှာနှစ်ချက်လောက် တောက်လိုက်တယ်။

ဘယ်သူ ထင်မိမှာလဲ? သူ တကယ် လုံးဝ မပြောနိုင်ဘူး။ ထင်ထားတာ ဒီလောက်အလုပ်များတဲ့ လက်ထောက်ဟယ်တစ်ယောက် သေချာပေါက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရှိမှာ မဟုတ်ဘူးလို့လေ။

ဒါဆို မင်းတို့တွေအားလုံး လေ့ကျင့်ခန်းကို ဘယ်အချိန် လုပ်ကြလဲ? အိပ်မက်ထဲမှာလား?

[မဆိုးပါဘူး။ ဒါပေမဲ့ အခုတလော ပဲချိုလေးက အစာစားချင်စိတ် နည်းနေတယ်။ နေတအားပူလို့ဖြစ်မယ်။ အဲ့ဒါကြောင့် အခြားတစ်နေရာမှာ သွားပျော်ပါးဖို့ စီစဉ်ထားတယ်။]

ဟယ်ချန်က ပဲချိုလေးရဲ့ မေးစေ့ကို ကုတ်ပေးလိုက်တယ်။ ပဲချိုလေးကတော့ ပျင်းရိပျင်းတွဲလေးဖြင့် မျက်လွှာချထားလျက်နဲ့ပဲ သူ့လက်ကို ပုတ်ထုတ်ပြီး ဟယ်ချန်ရဲ့ ဗိုက်ကြွက်သားပေါ်မှာပဲ ခေါင်းလေးမှီရင်း ဆက်ခွေနေလေရဲ့။

"ကျစ်ကျစ်ကျစ် မင်းရဲ့နေ့ရက်တွေကို ပျော်ပျော်ကြီး ဖြတ်သန်းနေတာပေါ့။" ရုန်ချင်းတစ်ယောက် လက်ထောက်ဟယ်ရဲ့ ကြောင်ချစ်သူမိန့်ခွန်းကို ကြားတဲ့အခါ အနည်းငယ် ချဉ်တူးသွားရတယ်။ လက်ထောက်ဟယ်က သေချာပေါက် လူပျိုစစ်စစ်ပါ၊ ဒါပေမဲ့ ရုန်ချင်းခမျာ ခွေးစာတွေ စားမိလိုက်သလိုမျိုး အကြောင်းမသိ ခံစားနေရတယ်။ ထူးဆန်းလိုက်တာရော။

ဘာပဲဖြစ်ဖြစ် ဒီကောင်က ပဲချိုလေးကို တကယ် အလိုလိုက်တာ။ အပန်းဖြေခရီးနေရာကို ရုတ်တရက် ချိန်းပစ်တယ်ဆိုတာ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကြေးတွေရော အခြားဗာဟီရကြေးတွေပါ အများကြီး ‌ဆုံးရှုံးသွားမှာမလား?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now