[ 1 1 7 ]

2.3K 436 17
                                    

[Unicode]

ပိန်းပိန်းမှောင်နေသော အခန်းငယ်ထဲ၌

အပြင်က နေအလင်းရောင် အားလုံး မဝင်နိုင်အောင်လို့ ပြတင်းပေါက် လိုက်ကာထူထူတွေကို လုံးလုံးလျားလျား ဆွဲပိတ်ထားတယ်။ ဘယ်နေရာကမှန်းမသိ ထွက်လာတဲ့ နှစ်သစ်ကူးသီချင်းသံတွေတောင် ခိုင်ခိုင်မာမာ ပိတ်ဆို့ခံထားရလို့ တစ်ပိုင်းတစ်စ ‌သံစဉ်တစ်ချို့ကိုသာ ဟိုဟိုသည်သည် ကြားနေရလေတယ်။

မှိန်ဖျော့ဖျော့ အခန်းထဲတွင် ဆီကြော်စာအနံ့များနဲ့ အသင့်စား‌ ခေါက်ဆွဲပြုတ်ရနံ့များဖြင့် ပြည့်နှက်နေတယ်။ ကော်ဖီစားပွဲပေါ်မှာတော့ မကုန်သေးတဲ့ ပီဇာနဲ့ ဆိုဒါရှိတယ်။ ကော်ဖီစားပွဲနောက်မှာ ထိုင်နေတဲ့ အမျိုးသားကတော့ လက်ရှိမှာ ကျယ်ကျယ်လောင်လောင် တမြုံ့မြုံ့ ဝါးနေလေရဲ့။ အာလူးကြော်ရနံ့မှာ သခွားသီးရဲ့ လတ်ဆတ်တဲ့ အရသာလို အရိပ်အယောင်မျိုး ပါဝင်နေလေတယ်။

စခရင်အကြီးကြီးရှေ့မှာ ဖရိုဖရဲ မုတ်ဆိတ်မွေးတွေနဲ့ အမျိုးသားတစ်ဦးက ဂိမ်းစက်ကို ဒေါသတကြီး တဖြောင်းဖြောင်း နှိပ်ကာ တောက်ပလင်းလက်နေသော မျက်လုံးအစုံဖြင့် "မြန်မြန် မြန်မြန် မြန်မြန်! ရောက်တော့မယ်! ဒီလယ်ဗယ် ပြီးခါနီးပြီ!"

ဒီကျက်သတုံးဂိမ်း၊ သူ့ခမျာ သုံးရက်လောက် တစ်နေရတယ်! နောက်ဆုံး‌တော့ သူ ဒီလယ်ဗယ်ကို ကျော်နိုင်တော့မယ်လေ! ‌သူ ကျော်နိုင်သရွေ့! ထိပ်ဆုံး ကစားသမား အယောက်တစ်ထောင်သာ ရနိုင်မယ့် လည်ဆွဲဘူးကို ရမှာ!

ကစားသမား ၉၉ယောက်လောက်သာ လက်ဝယ်ပိုင်ဆိုင်နိုင်မယ့် လည်ဆွဲကိုတောင် ရနိုင်ဖို့ အခွင့်အရေး ရှိနေပြီ! ဒါမျိုးက ပိုက်ဆံနဲ့တောင် ဝယ်လို့မရနိုင်ဘူး!

သူ ဒီအကြောင်း တွေးမိလိုက်တာနဲ့ ကောင်းကျားရွှမ်ရဲ့ မျက်လုံးအစုံ တောက်ပလာရတော့တယ်။ သူ့ဂိမ်းလှုပ်ရှားမှုစွမ်းရည်တွေလည်း ပိုပိုပြီး သတိနဲ့ ဖြစ်လာတယ်။

ခုန် ! ပစ် ! ဘယ်ပြီးရင်ညာ ဘော့စ်ကို ရှောင်!

! သွေးတစ်တုံးပဲ ကျန်တော့တယ်! အားသွင်းစမ်း!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now