[ 1 1 8 ]

2.6K 427 9
                                    

[Unicode]

စုန့်ရှန်း :: "....."

ဘာကြောင့်မှန်းမသိ စုန့်ရှန်းတစ်ယောက် သတ်ဖြတ်ငွေ့ပါတဲ့ အော်ရာတွေကို သိသိသာသာ ခံစားလိုက်ရတယ်။

သူ နှလုံးတစ်ချက် လန့်ခုန်သွားရတယ်!

ဒီလိုနဲ့ပဲ စုန့်ရှန်းက မသိလိုက်မသိဘာသာ ထည့်ပေါင်းပြောမိလိုက်တယ် :: "ဒါမဲ့ ခင်ဗျားလက်ကြယ်သီး တော်တော်ကြည့်ကောင်းတာပဲ! ကျွန်တော် အရင်က ဝယ်ဖူးတဲ့ တစ်ခုထက်တောင် ပိုမိုက်သေးတယ်!"

ရုန်ချင်းတစ်ယောက် သူ့လက်ထဲက မီတာ၄၀နီးပါး ဓားကြီးကို ဖြည်းဖြည်းချင်း ပြန်ချလိုက်တော့တယ်။

သူ လုံးဝ မပြောနိုင်ဘူးပဲ သူငယ်ချင်းလေး! မင်း အရင်ကထက် အများကြီး တိုးတက်လာသား!

စုန့်ရှန်းတစ်ယောက် ရုန်ချင်းမျက်နှာအမူအရာကို မြင်‌တော့မှ စိတ်သက်သာရာရစွာ သက်ပြင်းဖွဖွ ချလိုက်တယ်။ သူ ဘာဖြစ်သွားမှန်း မသိခဲ့ပေမဲ့လည်း ဘာပဲဖြစ်ဖြစ် သူ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ။

သူ တစ်ခဏလောက် စဉ်းစားကြည့်ပြီးနောက် ပြောလိုက်တယ် :: "ခင်ဗျား ဟိုတစ်ခေါက် လေလံပွဲတုန်းက လက်ကြယ်သီးတစ်စုံ ဝယ်လိုက်သေးတယ်ဟုတ်? ခင်‌ဗျားဝတ်စုံနဲ့ အဲ့လက်ကြယ်သီး ပိုလိုက်တယ်လို့ ကျွန်တော် ထင်တယ်။"

ရုန်ချင်း :: "?"

မင်း ဒယ်ဒီ့ကို သတိပေးလိုက်တာ အရမ်း ကောင်းတယ်! ဒယ်ဒီ တကယ်ပဲ တစ်စုံဝယ်ခဲ့တယ်လေ! ခဏစောင့် သွားလဲလိုက်အုံးမယ်!

သူ အခန်းထဲ ချက်ချင်း ပြန်သွားပြီး ကြည့်လိုက်တယ်။

ဟမ်? ဒီလက်ကြယ်သီး မဆိုးဘူးပဲ! အရည်အသွေး ကောင်းတယ်! ဒယ်ဒီအကြိုက်နဲ့ ကိုက်သား!

သူ လက်ကြယ်သီးကို ပျော်ပျော်ကြီး လဲလိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်ကြည့်ရင်း စိတ်ကျေနပ်စွာ ခေါင်းတဆတ်ဆတ် ညိတ်နေတော့တယ်။

မဆိုးဘူး၊ မဆိုးဘူး။ ဒယ်ဒီ့ဝတ်စုံနဲ့ အတော်လေး လိုက်တယ်ဟ!

သူ မတ်တပ်ထရပ်ပြီး လက်ကြက်သီးကို ပြကာ ကျေနပ်အားရနေတဲ့ အသံကြီးကို မဖုံးကွယ်နိုင်စွာ မေးလိုက်တယ် :: "မင်း ဘယ်လိုထင်လဲ? ကြည့်ကောင်းတယ်မလား?"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now