[ 2 0 ]

9.7K 1.7K 44
                                    

[Unicode]

" ဒါဆို သူက မင်းကို ငြင်းလိုက်တယ်ပေါ့လေ? " ဖုန်းတစ်ဖက်က လူမှာ ခွက်ထိုးခွက်လန် အော်ရယ်တော့တယ်။ " ဟားဟားဟား! မင်းလို လူတောင် ဒီလိုနေ့ရက်မျိုး ရှိလာခဲ့ပြီပေါ့! "

" ငါ ဖုန်းချပြီ " လင်းကျီက မျက်နှာသေနဲ့ ဖုန်းကို ချဖို့လုပ်တော့တယ်။

" ဟေး မချနဲ့ မချနဲ့အုံးလေ! ငါ ဒီကိစ္စကို မင်းအတွက် လေ့လာသုံးသပ်ခွင့် ပေးပါအုံးဟ! ငါ့သုံးသပ်ချက်ကို နားထောင်ပြီးမှ ဖုန်းချ! " ဒီကလေးက နှစ်၈၀၀ကြာမှ သူ့အစ်ကိုကို တစ်ခါပဲဖုန်းဆက်တယ်။ ခက်ခဲလိုက်တာ! လင်းယွဲ့က ဖုန်းမချဖို့ အလျင်အမြန် တားလိုက်ရတယ်။ ဒီအစ်ကိုကြီးကို တစ်ခါလေးတောင် ပျော်ရွှင်မှု မပေးနိုင်ရှာဘူးလား? တကယ်ပါပဲ။

" သုံးသပ်ချက်ပဲ ပေး။ အခြားအရာတွေ ထည့်မပြောနဲ့ မဟုတ်ရင် ငါ အမေ့ကို ဖုန်းဆက်လိုက်မှာ " လင်းကျီ ခြိမ်းခြောက်တော့တယ်။

" လက်ခံတယ်။ လက်ခံတယ်။ လက်ခံတယ်။ ငါ ကတိပေးပါတယ်။ ငါ မရယ်တော့ဘူးနော်။ " ဒီကလေးသာ ဖုန်းချလိုက်ရင် ရယ်စရာဟာသတွေ သူ ကြားနိုင်တော့မှာ မဟုတ်ဘူး။

" ဒါဆို ဆက်ပြောလေ " လင်းကျီ အတော်လေးကို စိတ်ဓာတ်ကျနေရပြီ။ သူ့မှာ တကယ်ပဲ သူငယ်ချင်း မရှိဘူး။ ဒါကြောင့် သူ့အစ်ကိုကိုပဲ တိုင်ပင်ဖို့ ဖုန်းဆက်ရတော့တာပေါ့။

" ကောင်းပြီ။ ငါ ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားပါရစေအုံး။ " လင်းယွဲ့က သူ့လက်ကို ဝေ့ယမ်းရင်း သူ့ကို နမ်းဖို့လုပ်နေတဲ့လူကို ' သူ့ညီလေး ' နဲ့ ဖုန်းပြောနေတယ်လို့ ပါးစပ်လှုပ်ရုံ ပြောပြလိုက်တယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ ရုပ်ရည်ရှိသူ လူကြီးက နားလည်ကြောင်း အသာခေါင်းညိတ်ပြတယ်။ ဒါပေမဲ့လည်း သူ့လက်တွေက လင်းယွဲ့ခါးကိုတော့ ကန့်ကွက်မှုအားလုံးကို ငြင်းဆန်သလို ဗိုလ်ကျခြယ်လှယ်တဲ့ အပြုအမူနဲ့ သိုင်းဖက်ထားလိုက်သေးတယ်။ ထို့နောက် လင်းယွဲ့ကို သူ့ရင်ခွင်ထဲ မှီထားစေပြီး ‌ဖုန်းဆက်ပြောစေတယ်။

လင်းယွဲ့ကလည်း ရေလိုက်ငါးလိုက်နဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်ပြီးမှ စကားဆက်တော့တယ်။ " တကယ်တော့ သူ မင်းကို မကြိုက်ပါဘူးလို့ မင်းပြောတာကတော့ မင်းက ကိုယ့်ခံစားချက်ကိုယ် အတော်လေး သတိထားလွန်းတယ်လို့ ငါ ထင်တာပဲ။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now