[ 5 6 ]

7.4K 1.5K 74
                                    

[Unicode]

ရုန်ချင်းက ထိုသို့ပြောပြီး လင်းကျီကို လှမ်းကြည့်တယ်။ ထို့နောက် လင်းကျီနောက်က ဒါရိုက်တာကိုလည်း တစ်ချက်လှမ်းရှိူးလိုက်တယ်။

ပြီးလည်းပြီးရော သူ ရုတ်တရက် အမှတ်ရလိုက်တယ်။

လေသံကို လျှော့ပြီး ရုန်ချင်းက တိုးတိုးလေး မေးလိုက်တယ် :: "မင်းတို့ အဲ့လိုအကူအညီ‌တောင်းခွင့် မရှိတာလား?" ဟူးးး သူလည်း ဒီနေရာမှာ အတွေ့အကြုံ အများကြီး မရှိဘူး! လင်းကျီက သူ့ကို မျက်ရိပ်မျက်ကဲလေး ဘာလို့ မပြရတာလဲ!

လင်းကျီကတော့ ရုန်ချင်း အထင်လွဲသွားမှန်း ရိပ်မိလိုက်ပြီ။

ရုန်ချင်းက လင်းကျီ ပြန်မဖြေတာကို မြင်တော့ အနည်းငယ် အပြစ်ရှိစိတ် ဝင်လာတော့တယ် :: "ဒါမှမဟုတ်ရင်...မင်းက အစတုန်းက စီစဉ်ထားပြီးသား, ဒါပေမဲ့ ငါ ကြိုပြီးထုတ်ပြောလိုက်လို့ မင်း အခု အဲ့လိုမလုပ်နိုင်တော့တာလား?"

အို့စ်စ်စ်.....အဲ့အတွက်တော့ တောင်းပန်ပါတယ်!

ဟူးးး ဒါပေမဲ့ သူက ဘယ်လိုလုပ် သိမှာတုန်း? ဒီရှိုးကို ရေပုံးလောင်းဖို့ဆိုရင် အရမ်းကြီးများ နောက်ကျသွားပြီလားဟင်?

လင်းကျီလည်း တစ်ခဏလောက် တိတ်ဆိတ်သွားတယ်။

တကယ်တော့လေ ခင်ဗျား ဒီထက် လေသံပိုလျှော့ပြီး ပြောလို့ရပါသေးတယ်။

သူ တွေးနေခဲ့တယ်။ ရုန်ချင်းက အခုချိန်မှာ သူ့အခြေအနေကို နားမလည်သေးတာပဲ။ လင်းကျီမျက်လုံးများက ဒါရိုက်တာဆီ ရွှေ့သွားခဲ့တယ်။

ဒါရိုက်တာတစ်ယောက် နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့ပြီ။ သူ တကယ်ပဲ ရုန်ချင်းရဲ့စကားတွေကို ရေလိုက်ငါးလိုက် လုပ်ပြီး လင်းကျီကို အဲ့လိုလုပ်ခွင့် မပြုဘူးလို့ ပြန်‌ဖြေချင်ပါတယ်။ ဒါပေမဲ့ စောနကတင် ရှောင်းဇီချီကို သူ့သူငယ်ချင်းအိမ်မှာ သွားနေနိုင်ကြောင်း ခွင့်ပေးပြီးသွားပြီလေ။ သူသာ လင်းကျီကို ရုန်ချင်းနောက် လိုက်သွားခွင့် မပေးခဲ့ရင် ကြည့်ရှုသူတွေက သူ့ကို မိုးမွှန်အောင် ဆဲကြလိမ့်မယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now