[ 3 ]

11.9K 1.9K 130
                                    

[Unicode]

သူ့ရဲ့ sex lifeကို ကန့်သတ်ခံလိုက်ရတဲ့ သောက်ကျိုးနည်း သဘောတူညီချက်ကြောင့် အတော်လေး စိတ်ဓာတ်ကျနေရပေမဲ့လည်း ရုန်ချင်းက ' ငါ ဘယ်သူလဲဆိုတာ မင်းသိလို့လား? ' ဆိုတဲ့ အမူအရာနဲ့ ပြောနေတုန်းပင်။

သူ့မှာ ဇိမ်ခံကားတွေနဲ့ စံအိမ်တော်တွေ ရှိသေးတာကို ပြန်တွေးရင်း sex ကိစ္စလည်း တစ်စုံတစ်ယောက်ကို ဖြည်းဖြည်းချင်း ရှာဖွေပြီးရင် အဆင်ပြေနိုင်ပြီ။ သူ့ရဲ့စိတ်အခြေအနေလည်း ချက်ချင်းကို ပြန်လည် တိုးတက်သွားပြီ။

တက်ကြွသွက်လက်နေတဲ့ စိတ်လေးနဲ့ ရုန်ချင်းတစ်ယောက် ရေကူးဘောင်းဘီတိုလေးကို ဝတ်ဆင်ကာ သူ့ရဲ့ စံအိမ်ကြီးထဲက ကိုယ်ပိုင်ရေကူးကန်ထဲ ဒိုင်ဗင်ထိုးကျလိုက်တယ်။ ရယ်မောပျော်ရွှင်ဖွယ် ငွေပုံကြီးမှာ ပျော်မြူးရင်း ရုန်ချင်း သူ့ဦးနှောက်ထဲက မှတ်ဉာဏ်များကို ပြန်လည် စီစစ်နေမိတယ်။

အို ဘောစိကြီးရဲ့ ရွှေလက်ချောင်းစွမ်းရည်။ သိမ်းဆည်းထား သိမ်းဆည်းထား။ ဒါကို မှီခိုပြီး ငွေရအောင် ဖန်တီးရမယ်။

ဘောစိကြီးရဲ့ နောက်ခံ....အင်း? ရုန်ချင်းက တကယ် ချမ်းသာတာ‌ပဲ? OP, OP, ဒါပေမဲ့လည်း ဒီနောက်ခံ....... ဇာတ်လိုက်ကို ခစားရ ပိုမိုလွယ်ကူအောင် လုပ်ဖို့တဲ့လား? တွေးကြည့်ကြည့် ဆင်းရဲတဲ့ မိသားစုမှ bottomက ချမ်းသာတဲ့ top ကို လက်ထပ်လိုက်မယ်။ ဒါပေမဲ့ အဲ့ topမှာ မိဘတွေရော ဆွေမျိုးတွေရော မရှိ။ အဲ့ bottomက သူ စေလိုရာစေ လုပ်နိုင်သွားပြီလို့ ဆိုလိုလိုက်တာပဲမလား?

ဟူး သနားစရာ ‌ဘောစိကြီးပဲ။

ရုန်ချင်းတစ်ယောက် ဘောစိကြီးရဲ့ မှတ်ဉာဏ်များကို လှန်လှောကြည့်ရှုရင်း ငွေရှာစွမ်းရည် အမှတ်ပြည့်၊ စီးပွားရေးအရ ရင်းနှီးပြောဆိုနိုင်တဲ့စွမ်းရည် အမှတ်ပြည့်ကလွဲရင် ဘောစိကြီးမှာ တကယ်တော့ အခြားအရာတွေ ရှိမနေပေ။

သူ့မှာ မိသားစုမရှိ တစ်ကိုယ်ရေတစ်ကာယ အထီးကျန်‌ကျန် နေရတယ်။ လက်အောက်ငယ်သားတွေကလွဲရင် သူငယ်ချင်းတစ်‌ယောက်တောင် မရှိခဲ့ဘူးတဲ့!

သူငယ်ချင်း မရှိ!

ကြည့်ကြပါဦး! သူ နေထိုင်နေတာ ဘယ်လိုမျိုး ပုပ်သိုးပျက်စီးနေတဲ့ ဂေါ်ဖီထုပ်ဘဝလေးလဲ?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now