[ 6 1 ]

8.2K 1.5K 114
                                    

[Unicode]

ကျော်ကြားမှုနည်းနည်းပဲ‌လေ? ကိစ္စကြီးမှ မဟုတ်တာ!

ရုန်ချင်းက လက်ဝေ့ယမ်းပြလိုက်တယ်။

သူ့ကို ဂုန်းဆင်းခိုင်းလိုက်!

ဟယ်ချန်က သူ့မျက်နှာရိပ်မျက်နှာကဲကို မြင်လိုက်ပါတယ် :: "ဒါဆို မစ္စတာလင်းတို့ဘက်ကို..." မစ်ကောင်းက သူ့ကို ဆက်သွယ်လာပြီ‌ဆိုမှတော့ မစ္စတာလင်းလည်း သတင်းကို စောင့်နေသေးတာပဲဖြစ်ရမယ်။

ရုန်ချင်းရဲ့ မျက်လုံးအမူအရာက တစ်ခဏလောက် ကွဲပြားသွားတယ်။ ဟယ်ချန်တစ်ယောက်...သူ ကောင်းကောင်းကြီး နားလည်လိုက်ပါပြီ :: "အရမ်းကောင်းပါတယ်။ ကျွန်တော် မစ္စတာလင်းကို အခုပဲ သွားအကြောင်းကြားလိုက်ပါတော့မယ်။"

ရုန်ချင်းက သူ့နှာတံထိပ်ကို ခပ်ဖွဖွ ပွတ်ရင်း သဘောတူကြောင်း အသံပြုလိုက်တယ်။

လက်ထောက်ဟယ် ပီသချက်ပဲကွာ! ‌အမြော်အမြင်ကြီးချက်ကတော့! ဒီဒယ်ဒီတော့ သတင်းကောင်းကို မျှော်နေမယ်နော်!

ဟယ်ချန်က လင်းကျီဆီ ဆက်သွယ်တဲ့အခါ လင်းကျီနဲ့ ကောင်းနင်းတို့နှစ်ယောက်က လက်ရှိမှာ ရှိုးထုတ်လုပ်ရေးအဖွဲ့နဲ့ ‌အားရပါးရ ငြင်းခုံနေလေရဲ့။

အမှန်တိုင်းပြောရရင် အခုချိန်မှာ ရ်ှိုးဒါရိုက်တာက နောင်တကြီးစွာ ရနေခဲ့ပါပြီ။ ဘယ်သူက သိမှာတုန်း? ရှိုးရဲ့ကြည့်ရှုသူratingနဲ့ ရေပန်းစားမှုကို ‌လင်းကျီတစ်ယောက်တည်းကပဲ လုံးဝ အထူးဆွဲတင်ပေးခဲ့တာကို သူ သိလိုက်ရတယ်။

ဒါဆို ရှောင်းဇီချီကရော? သူ ဒီကောင်ဘာကောင်လဲဆိုတာ သိမနေဘူး!

အထူးသဖြင့် လင်းကျီတစ်ယောက် hot searchထဲ ဝင်သွားတည်းက ကိစ္စတွေက သူ အရင်က တွေးထားသလောက် မရိုးရှင်းတော့ဘူးဆိုတာ နားလည်လိုက်တယ်။

အနုပညာရှင်တစ်ဦးဖြစ်တဲ့ လင်းကျီက‌ hot searchထဲ ဝင်တယ်ဆိုတဲ့ဖြစ်ရပ်က ထူးခြားဖြစ်ရပ်‌တော့ ဟုတ်မနေပါဘူး။

ဒါပေမဲ့ ရုန်ချင်းကျတော့ လုံးဝတူမနေဘူးလေ။

ရုန်ချင်းက ဘယ်သူလဲ? ဩဇာအာဏာပိုင်းမှာ သူက အင်မတန်လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလေ။ ရုပ်ရှင်လောကမှာ ဘယ်လောက်ပဲ သက်တမ်းနုနေပါစေအုံး သူတို့တွေ ရုန်ချင်းဆိုတဲ့ နာမည်ကို ကြားဖူးကြတာချည်းပဲ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Wo Geschichten leben. Entdecke jetzt