[ 8 2 ]

6.2K 1.3K 69
                                    

[Unicode]

လင်းကျီဖန်တွေရဲ့ တုန့်ပြန်မှုက ထူးကဲပြီး တစ်ညီတစ်ညွတ်တည်း စည်းလုံးကြတယ်။ ဖြတ်သွားဖြတ်လာတွေတောင် အံ့ဩရတဲ့အထိပဲ။

[ဒီဖန်တစ်သိုက်က သူတို့မိသားစု ပုလဲလေးကို တကယ် လုံးဝ ပြဿနာမဖြစ်စေတာလား ဟမ်? အစက ငါ ပို့စ်ကို မြင်တော့ လင်းကျီနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ မခံစားမိဘဲ မနေနိုင်ဘူး။ ဒါပေမဲ့ သူ့ဖန်တွေ ဒီလိုပြုမူတာမျိုး မြင်ရတော့ ဆန့်ကျင်ဘက်အနေနဲ့ ဒီသတင်းမီဒီယာက ဟာသလာလုပ်နေတယ်လို့တောင် ခံစားလိုက်ရတယ်။]

[လင်းကျီရဲ့ PR team လုပ်ဆောင်ချက်ကတော့ တကယ်တော်ပါပေတယ်။ ဒီဖန်တွေရဲ့ အရည်အချင်းကတော့ ငါတောင် စည်းရုံးခံလိုက်ရပြီလေ]

ဖန်တွေကလည်း ပေါ့ပေါ့ပါးပါး ရယ်မောလျက် သူတို့ကို ချက်ချင်း ကျေးဇူးတင်လာကြတယ်။

[ဒါပေါ့ ဒါပေါ့ ။ ကျွန်မတို့က ကောကောကို အခြားနေရာတွေမှာ မကူညီနိုင်ပေမဲ့ ဒီနေရာမှာတော့ ကျွန်မတို့က အတော်လေး တော်တယ်နော်။ ရှင်တို့ရဲ့ ချီးမွမ်းမှုကို ကျေးဇူးများကြီးပါ]

[အိုက်ယား ကျွန်မတို့ကောကောက ဒီလောက်ထူးချွန်တာ။ ကျွန်မတို့ကလည်း ဦးနှောက်မဲ့ဖန်တွေ သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ကျွန်မတို့က ကောကောအတွက် လိမ္မာတဲ့ဖန်လေးတွေ ဖြစ်ရမှာပေါ့ရှင်]

[မှန်ပ မှန်ပ ။ ပြီးတော့ ဒယ်ဒီရုန်က ညီမ့ရဲ့ အနာဂတ် ခင်ပွန်းလောင်းလေးလေ။ သူက ရှုးဂါးဒယ်ဒီ ဖြစ်နိုင်စရာ အကြောင်းကိုမရှိတာ ဟီးဟီးဟီး]

------

သူတို့တွေ တော်တော်လေး လိမ္မာကြတာပဲ။ သူတို့သာ သူနဲ့ပြိုင်ပြီး ရုန်ချင်းကို ဝိုင်းလုမနေရင် ပိုတောင်လိမ္မာကြအုံးမှာ။

ပို့စ်ကို ဖတ်ရင်း လင်းကျီ ထိုသို့ တွေးလိုက်တယ်။

"မနေ့ညက မင်းwechatမှာ တင်ထားတဲ့ပို့စ်ကို ငါ မြင်လိုက်တယ်။ မဆိုးပါဘူး။ ဒါဆို ရုန်ချင်းက အနက်ရောင် အလှလေးကို မင်းအတွက် သိမ်းထားဖို့ ကံစမ်းမဲကနေ ပြန်ယူထားလိုက်တာပေါ့လေ?" ကောင်းကျားရွှမ်က သူ့ဘေးမှာ ထိုင်နေတယ်။ သူ(မ)က ပို့စ်တင်သူတွေကို ရှာဖွေခိုင်းဖို့ PR team ကို ဆက်သွယ်နေရင်း လင်းကျီဘက်လှည့်ကာ မျက်စိမှိတ်ပြလိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now