[ 8 0 ]

6.6K 1.3K 39
                                    

[Unicode]

"တကယ်ပျော်ရွှင်စရာ surpriseလေးပဲ။ ကျေးဇူးပါ"  လင်းကျီက အပြုံးပွင့်အကြီးကြီး ပေးလိုက်ပြီး ရိုးသားစွာ ဖြေတယ် :: "ခရစ်စမတ်သစ်ပင်က တအားလှတယ်"

"အမှန်ပဲ! လှမှလှ!" မျှော်လင့်ချက်များစွာဖြင့် စောင့်ဆိုင်းနေတဲ့ ရုန်ချင်းရဲ့ ထုံကျင်ကျင် နှလုံးသားလေးက အခုမှပဲ တဖြည်းဖြည်းချင်း ပြန်ခုန်ပေါက်လာတော့တယ်။

အိုင်း ဘယ်လိုပြောရမလဲ?

ဒီကမ္ဘာမှာ သူ တကယ်သိတဲ့သူမျိုး မရှိဘူး၊ ဒါပေမဲ့ လင်းကျီကတော့ မူလဘောစိကြီးနဲ့ သေချာပေါက် ခင်မင်မှုမရှိဘဲ သူ ရောက်လာမှ ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ တစ်ယောက်သောသူပဲ။

ဒါကိုထားလိုက်ပါအုံး၊ လင်းကျီ လာတယ်ဆိုမှတော့ သူ,ရုန်ချင်းမှာ စစ်မှန်တဲ့ သူငယ်‌ချင်းတစ်ဦး ရသွားပြီလို့ ဆိုလိုလိုက်တာမလား?

ကျဆင်းလာတဲ့ နှင်းမှုန်နှင်းစက်များအောက် နှစ်ဦးသားက အချင်းချင်း ပြုံးလျက် စိုက်ကြည့်နေကြတယ်။ မီးရှုးမီးပန်းများလည်း နောက်ဆုံးတော့ မှေးမှိန်သွားပြီ။ ပင်လယ်လှိုင်း၊ ပင်လယ်လေညင်းနဲ့အတူ ခရစ်စမတ်သီချင်းကလည်း အရှေ့ခြံဝင်းမှ ပဲ့တင်ထပ်လာလေတယ်။

"ကျွန်တော် လာတာနောက်ကျသွားတယ်" လင်းကျီက ရှေ့သို့ လျှောက်သွားပြီး ရိုးရိုးသားသား တောင်းပန်လိုက်တယ် :: "ခင်ဗျား ကျွန်တော့်ကို အကြာကြီး စောင့်လိုက်ရလား?"

လင်းကျီရဲ့ နူးညံ့ညင်သာသော အကြည့်က ရုန်ချင်းနဲ့ ရုန်ချင်းထိုင်နေတဲ့ ဆိုင်ကယ်ပေါ် ရောက်လာခဲ့တယ်။ သူ့နှလုံးသားလေး ချက်ချင်း နွေးထွေးလာခဲ့တယ်။ ရုန်ချင်းက ရင်သပ်ရှုမောစရာ *ရတနာလေးပါလား?

¶ကလေးလေးလို့လည်း ပြောလို့ရပါတယ်။ တရုတ်စာလုံးချင်း အတူတူပါပဲ¶

"ဒါပေါ့ ။ ငါ ဘယ်လောက်တောင် အကြာကြီး စောင့်လိုက်ရလည်းဆိုတာကိုတောင် မင်း ပြန်မစစ်ထားဘူးပဲ။ ဖုန်းတောင် မကိုင်ဘူး။" ဒီကိစ္စကို ပြန်အစဖော်လာတော့ ရုန်ချင်းကလည်း ချက်ချင်း ဖြောင့်မှန်စွာဖြင့် ဆူပူလာတော့တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now