[ 5 8 ]

7.5K 1.5K 42
                                    

[Unicode]

စား‌သောက်ကုန်တစ်ချို့ကို အင်အားနည်းနည်းလေး ဖြုန်းကာ ဝယ်ယူပြီးတဲ့နောက် လင်းကျီက အေပရွန်ကို ဝတ်ဆင်ကာ ဟင်းစချက်ဖို့ ပြင်တော့တယ်။

သူ ကြက်တစ်ကောင်ကို စသတ်လိုက်တယ်။ ထို့နောက် ကြက်ကို အပိုင်းပိုင်း ခုတ်ထစ်တယ်။ ပြီးတဲ့အခါ အိုးထဲ ဆီထည့်လိုက်တယ်။

ရုန်ချင်းကတော့ ထောင့်‌ဘေးမှာ ပုန်းနေပြီး လင်းကျီကို အားပေးနေခဲ့တယ်။ သူ့ခြေထောက်နှစ်ချောင်းကို မီးဖိုချောင်တံခါးဝနားမှာ ကျောက်ချထားပြီး သေသေရှင်ရှင် လုံးဝ ရှေ့ကို တစ်လှမ်းမျှ တိုးမလာခဲ့ပေ။

မင်းတို့ လာနောက်နေတာလား?! အထဲမှာ ကြက်က အရှင်ကြီး! ပြီးတော့ သုံးကောင်တောင်လေ! ကြက်တွေရဲ့ တိုက်ခိုက်ရေးစကေး ဘယ်လောက်မြင့်လဲဆိုတာ မင်းတို့ သိလား? သာမန်အသားတုံးမှာ 05 ကြက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားလောက်ပဲ ပါတာ!

တစ်ချက်ကြည့်လိုက်! သေချာလေး ကြည့်နော်! ဒယ်ဒီက ဘောစိကြီးတစ်ယောက်ဆိုပေမဲ့ ငါ့ရဲ့တိုက်ခိုက်ရေးစကေးက သာမန်အသားတုံးနဲ့ တူတူလောက်ပဲ ရှိတာကွ!

05က သိသိသာသာကိုပဲ 30နဲ့ အကွာကြီးလေ!

ငါက သူတို့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး, မင်းတို့က ငါ့ကို အနှောင့်အယှက်ပေးတဲ့ လူမျိုး ဖြစ်စေချင်တာလား? ငါ အဲ့လို လုံးဝ မလုပ်နိုင်ဘူး!

သူ့စိတ်ထဲ ဆင်‌ခြေကောင်းကောင်းရှာထားတာကြောင့် ရုန်ချင်းတစ်ယောက် နောင်တတရား မရှိဘဲ တံခါးဝနားမှာပဲ ကပ်တွယ်နေပြီး လင်းကျီရဲ့ တစ်ကိုယ်တော် ကြက်သုတ်သင်ပွဲကို အားပေးကြည့်ရှုနေလေရဲ့။

အကြမ်းစားပဲ!

သိပ်ရက်စက်တာပဲကွာ!

ဒါ တိုက်ခိုက်ရေးစကေး 30ကျော်သွားတဲ့ ယောက်ျားတစ်ယောက်ပဲ!

Screenပေါ်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး commentတိုက်ပွဲ စတင်ဆင်နွှဲပါဝောာ့တယ်။

[ဒါ နည်းနည်းတော့ လွန်သွားပြီ မဟုတ်လား? လင်းကျီတစ်ယောက်တည်းပဲ ဘာကိစ္စ အကုန်လုံး လုပ်နေရတာလဲ? သူ့ခမျာ တစ်နေ့လုံးလည်း reality showကြောင့် ပင်ပင်ပန်းပန်း ပြေးလွှားပြီးပြီ။ သူ သေချာပေါက် အတော်လေး ပင်ပန်းနေမှာကို အခုတော့ ကြည့်ပါအုံး သူတစ်ယောက်တည်းက လူတိုင်း စား‌သောက်နိုင်ဖို့ ချက်ပြုတ်နေရသေးတယ်? ဒီလိုသာဆို သူတို့တွေ အပြင်ကနေပဲ မှာစားတာကမှ ပိုကောင်းအုံးမယ်]

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now