[ 1 1 0 ]

3.2K 741 27
                                    

[Unicode]

သက်တော်စောင့် A ကြောင့် ပြောစရာစကားမရှိ‌အောင် ခဏတာ ဆွံ့အသွားပြီးတဲ့နောက် ရုန်ချင်းတစ်ယောက် ကြာပန်းဖြူကောင်ရဲ့ အရေးကိစ္စအပေါ် စိတ်ဝင်စားနေမှုတွေ ချက်ချင်း ပျောက်ဆုံးသွားတော့တယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီကြာပန်းဖြူကောင် သူ့ပြဿနာသူ ရှာသွားတာပဲလေ။ သူ့ကို စောင့်ကြည့်နေစရာ မလိုတော့ဘူး။

ဒီအကြောင်း တွေးနေရင်း သူ့ဆီ ဖုန်းတစ်ကော ဝင်လာတယ်။ အချိန်အကြာကြီး အဆက်အသွယ် မရှိ‌ခဲ့တဲ့ ကုန်းစွင့်ဇီပိုင်ဆီကပဲ။ သူက မျိုးဆက်ငယ်လေးတစ်ချို့ကို ခေါ်ပြီး ရုန်ချင်းဆီ လာလည်ချင်တယ်တဲ့။

.....

မေ့တော့မလို့ ငါက လူတိုင်း လာနှုတ်ဆက်ချင်နေတဲ့ ဘောစိကြီးလေ။

ရုန်ချင်း ဗလာသက်သက် ငေးကြောင်နေမိတယ်။

ကုန်းစွင့်ဇီပိုင်က သူ့ရှေ့မှာ ရပ်နေကြတဲ့ ကလေးတစ်သိုက်ကို မျက်မှောင်ကြုပ်ရင်း ကြည့်လိုက်တယ်။

ရှုပ်လိုက်တာ။ အရင်နှစ်တွေတုန်းကကျ သူတို့ကို သူ သွားလည်ဖို့ ခေါ်လို့မရခဲ့ဘူး။ ဒီနှစ်မှ ဘာတွေဖြစ်နေကြတာလဲ?

ဘာပဲဖြစ်ဖြစ်ပါလေ သူတို့လေးတွေရဲ့ စိတ်အားထက်သန်မှုကို သူ မငြင်းပယ်နိုင်တော့ ဖုန်းတစ်ဖက်က ရုန်ချင်းကို ဆက်မေးလိုက်တယ်။

[ဒါဆို? မင်း တွေ့ဖို့ အဆင်ပြေလား?]

ရုန်ချင်း တစ်ခဏလောက် ဖြည်းဖြည်းချင်း ပြန်တွေးမိတယ်။

အို့ တကယ်တော့ အခုချိန်က ‌အတော်လေးကောင်းတယ်။ ကုန်းစွင့်မိသားစု အရင်တစ်ခါ လာလည်တုန်းကလည်း ဒီအချိန်နားလောက်ပါပဲ။ ဘာလို့ဆို ကုန်းစွင့်မိသားစုနဲ့ မူမိသားစုက ‌တော်တော်လေး တူကြတယ်လေ။ နှစ်ကူးတွင်းဆို သူတို့မိသားစုထဲ လျှောက်ပတ် လည်နေရတာကလည်း ရက်နည်းနည်း ယူအုံးမှာ။ ဒါကြောင့်မို့ အရေးပါတဲ့ ဘော့စ်ကြီးတွေအတွက် သူတို့တွေ အမြဲ တစ်ရက်ကြိုပြီး လည်ပတ်ကြတယ်။

ကောင်းပြီလေ။ ဒီလိုဆိုမှတော့ သူလည်း ဘာတတ်နိုင်အုံးမှာလဲ?

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now