Description

60.4K 2.5K 74
                                    

[Unicode]

ရုန်ချင်းတစ်ယောက် စာအုပ်တစ်အုပ်ထဲက big bossတစ်ယောက်ကိုယ်ထဲ ကူးပြောင်းလာခဲ့တယ်။ မဟားတရား ချမ်းသာကြွယ်ဝပြီး အင်မတန့်အင်မတန် ကြည့်ကောင်းလှတဲ့ ရုပ်ရည်သွင်ပြင်...

ဒီလို big boss ကာရိုက်တာမျိုးက မူလဝတ္ထုထဲမှာ ၆ယောက်တောင် ရှိနေတယ်။ အားလုံးက မူလဝတ္ထုရဲ့ အဓိကဇာတ်ကောင် ရှောင်းဇီချီပေါ်မှာသာ ဘယ်ပြန်ညာပြန် ဖက်တွယ်ထားကြလေရဲ့။

ဒီကိစ္စမျိုးက အဆင့်မြင့် ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ တန်ဖိုး‌တွေနဲ့ ဘယ်လိုလုပ် ညီညွတ်မျှတ‌နိုင်ပါ့မလဲ?

ရုန်ချင်းက သူ့ရဲ့ဓားကို ချက်ချင်း သွေးပြီး အခြားသောbossတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ပြင်တော့တယ်။ အချစ်က အဖိုးတန်ပေမဲ့ ပိုက်ဆံရှာခြင်းက ပိုလို့ချိုမြိန်ကြည်နူးဖွယ်ကောင်းတယ်ဆိုတဲ့အကြောင်း ရုန်ချင်းက ထိုသူတို့ကိုနားလည်စေချင်တယ်!

ဒီကိစ္စကိုအကောင်အထည်ဖော်နေစဉ်မှာ မူလဝတ္ထုထဲက ဝံပုလွေပေါက်စ ဗီလိန်လေးတစ်ယောက်ကို မတော်တဆကောက်ရလိုက်လေတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့ချိုမြိန်.....အသေပျော်မြူးဖွယ်ကောင်းတဲ့ဘဝသစ်လေးကိုစတင်ခဲ့လေတယ်..........

-------

•Novel - Transmigrated Into a Big Boss to Snatch Away the Cannon Fodder //
穿成霸总拐走炮灰

Type- Web Novel

Author- I Had A Dream Once // 昔我有梦

Eng Translator- Infinite

Status In COO- 155chapters and 19extras

• ဒန့် ဒန့် ဒန့် ! ဒီဝတ္ထုလေးက နည်းနည်းလေးမြင်ရရှားတဲ့ showbiz typeမျိုးလေးပါ။ ဘာလို့မြင်ရရှားလည်းဆိုတော့ shouက ဒီတစ်ခါ gongကို ပြန်အမ်းမှာပါ။

• MC(ရုန်ချင်း)ရဲ့ ကာရိုက်တာလေးက တမူထူးခြားတယ်, မောက်မာထောင်လွှားတယ်, အရှက်မရှိဘူး, ပွင့်လင်းသွက်လက်လွန်းတယ်, tsundere typeပါ။ အတွေးထဲမှာ စစ်ပွဲဖြစ်ပြီး ယောက်ယက်ခတ်နေရင်တောင် အပြင်ပန်းမှာ အေးစက်တည်ငြိမ်‌ပြနေတုန်းပါပဲ lol ပြီးတော့ သူက MLလေးကို အမ်းမယ့် daddy bossy shouလေးပါ။ နောက်တစ်မျိုးပြောရရင် ဒေါင်းပျိုလေးပေါ့ ဟီးဟီး

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Où les histoires vivent. Découvrez maintenant