[ 3 5 ]

9.3K 1.7K 118
                                    

[Unicode]

လင်းကျီရဲ့ လက်ချောင်းသွယ်များက ရှပ်ကော်လံကို ဖိကာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ကြယ်သီးတစ်လုံးပြီးတစ်လုံး တပ်ရင်း ရက်ရက်စက်စက် ဖုံးပစ်လိုက်တယ်။  သူ့လက်ချောင်းများက အောက်သို့ လျှောဆင်းသွားတယ်။ အဲ့နောက် ကောင်းကောင်းကြီးကို ကွက်တိကျနေသော ရှပ်အင်္ကျီက အလွန်တရာ သွယ်လျလှတဲ့ ခါးကိုလည်း ဖုံးကာသွားပြီ။ သူ့ရဲ့ကြံ့ခိုင်ရှည်လျားတဲ့ ခြေတံများကလည်း ဘောင်းဘီတစ်စုံအောက် ဖုံးကွယ်သွားပြီလေ။ လတ်လတ်လောလော ပေါလစ်တင်ထားသော သားရေဘွတ်ဖိနပ်ကလည်း သူနဲ့ ကွက်တိကျနေခဲ့တယ်။

ရုန်ချင်းက လက်တစ်ဖက်နဲ့ သူ့နှာခေါင်းကို တင်းတင်းကြပ်ကြပ် အုပ်ထားရင်း အကြည့်များက အထက်သို့ ဖြည်းဖြည်းချင်းစီ ရွေ့သွားခဲ့တယ်။

Vest ကို ထပ်ဝတ်ပြီးတဲ့နောက် လင်းကျီက သူ့ရှပ်ကော်လံမှာ ရှုပ်ထွေးသော လည်စည်းတစ်ခုကို ဝတ်ဆင်လိုက်တယ်။ ထိုလည်စည်းက လှပတဲ့ တစ်လုံးတစ်ခဲ peonyပန်းပွင့်နဲ့ တူတယ်။

လည်စည်းအပေါ်မှာ စူးရှတဲ့ အောက်မေးရိုးက ယောကျ်ားဆန်ခြင်းများနဲ့ ပြည့်လျှံနေတော့တယ်။ ထိုမေးရိုးပိုင်ရှင်က နှုတ်ခမ်းကို အနည်းငယ် စေ့ထားပြီး နှုတ်ခမ်းထောင့်မှာလည်း ရှားပါးလျိူ့ဝှက်သော အပြုံးတစ်ပွင့် ဆင်မြန်းထားသေးတယ်။ သေသေချာချာ ကြည့်ကြည့်ရင်တော့ ရှက်ရိပ်သန်းနေတာကိုလည်း မြင်နိုင်ပါလိမ့်မယ်။

နောက်ဆုံးမှာတော့ လင်းကျီက ခါး အနည်းငယ်ကုန်းကာ အထူးကောင်းမွန်လှသော သားရေကြာပွတ်ရှည်ကို လှမ်းယူလိုက်တယ်။ သူ တစ်ဖက်လှည့်လာပြီး သူ့မျက်နှာတစ်ခုလုံးကို ပြသလာတော့တယ်။ သူ့မျက်လုံး‌ထောင့်မှာ ဆီးနှင်းခဲတွေ ချိတ်ဆွဲထားသလို ဖြစ်နေပြီး အေးစက်စက်လေသံနဲ့ မေးလိုက်တယ် :: "ခင်ဗျား နောက်ဆုံးတော့.....စိတ်ကျေနပ်သွားပြီလား?"

အားးးးးး!

စိတ်ကျေနပ်တယ်! ငါ သောက်ရမ်းကျေနပ်နေပြီလို့!

အားဝေ့ သေသွားပြီ! အားဝေ့ရေ ကျေးဇူးပြုပြီး အုတ်ဂူထဲ သွားလဲလျောင်းလိုက်ပါတော့! အားဝေ့က ရှင်သန်ဖို့ မထိုက်တန်ဘူး!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Όπου ζουν οι ιστορίες. Ανακάλυψε τώρα