[ 2 1 ]

8.9K 1.7K 20
                                    

[Unicode]

[ နင်တို့တွေ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုအတွက် ဘာလို့များ တိုက်ခိုက်နေရတာလည်း မသိပါဘူး။ သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်ညီတယ်လို့ နင်တို့ မထင်ကြဘူးလား? သူတို့သာ CP ဆို ဇာတ်လမ်းတွဲ ကြည့်ရမှာ အရမ်းကို စိတ်ဝင်စားစရာကောင်းနေမှာပဲလို့ ငါထင်တယ်။ သူတို့မှာ တကယ်ပဲ CP အငွေ့အသက်တွေ ရှိတယ်ဟ! ]

လင်းကျီတစ်ယောက် မျက်ခုံးအနည်းငယ် ကြုပ်သွားရင်း သူ့စိတ်ထဲ ဝေခွဲမရမှုတွေ ပေါက်ဖွားလာတော့တယ်။ ဘယ်သူက ဒါမျိုးကြီး မန့်လိုက်တာလဲ? သူ ဒီအကောင့်ကို water army တွေရဲ့ အခြားအရံအကောင့်တွေနဲ့ သေသေချာချာ နှိုင်းယှဉ်ကြည့်ပေမဲ့လည်း သူ ဘယ်တုန်းကမှ ဒီအကောင့်ကို မမြင်ဖူးတာ သေချာသွားခဲ့တယ်။ ဒီလိုသာဆို ဒီအကောင့်က ဒီလို comment မျိူးကို ဝင်မန့်ရတာလဲ?

ရှောင်းဇီချီ တစ်ခုခုလုပ်ဖို့ ကြံစည်နေတာများလား?

လင်းကျီ စဉ်းစားနေတုန်းရှိသေး ဖုန်းက ရုတ်တရက် ထမြည်လာခဲ့တယ်။ ဖုန်းပေါ်က နာမည်မှာ ပြထားတာက သူ့ကို အချိန်အကြာကြီး မဆက်သွယ်ခဲ့တဲ့ သူ့အေးဂျမ့်ပါပဲ။ အေးဂျမ့်က သူ့ကို ဘာကိစ္စဖုန်းဆက်တာလဲ? သူက ငါ့ကို ဥပေက္ခာပြုလိုက်ပြီ မဟုတ်ဘူးလား?

လင်းကျီ အနည်းငယ် ထူးဆန်းနေသလို ခံစားနေရတယ်။

" မန်နေဂျာ, ခင်ဗျား တစ်ခုခု ပြောစရာရှိလို့လား? " လင်းကျီက အေးဂျမ့် သူ့ကို ရုတ်တရက်ကြီး ဆက်သွယ်ရအောင် လတ်တလော ဘာဖြစ်ခဲ့လည်းဆိုပြီး စဉ်းစားနေသေးတယ်။

နောက်ခဏကြာတော့ တစ်ဖက်လူထံမှ အသံထွက်လာတော့တယ် " လင်းကျီ ရှောင်းဇီချီက မင်းကို သိစေချင်လို့ ငါ့ကို ပြောခိုင်းလိုက်တယ်။ မင်းတို့နှစ်ယောက်က ရိုက်ကွင်းတစ်ခုတည်းမှာ တူတူသရုပ်ဆောင်နေကြတာမလား? သူက ပြောတယ် ၊ မင်းတို့နှစ်ယောက်လုံးရဲ့ ရေပန်းစားမှု တိုးတက်လာအောင် မင်းနဲ့ စုံတွဲ‌တွေလို ကောလဟာလ ထွက်‌အောင် ဖန်တီးဖို့ သူက လိုလားပါတယ်တဲ့ "

အေးဂျမ့်က လင်းကျီကို ဒါမှမဟုတ် တစ်ခုခုကို ညှာတာထောက်ထားတဲ့ အခွင့်အရေးပေးနေသလို လေသံနဲ့ ပြောနေတာပဲ ဖြစ်တယ်။ လင်းကျီတစ်ယောက် သူ ပြောတာလည်း ကြားပြီးရော ဒေါသတောင် မထွက်နိုင်တော့ဘူး။ သူ့နှလုံးသားက သေဆုံးသွားတာ ကြာလှပြီ။ သူ ရယ်စရာကောင်းတယ်လို့တောင် တွေး‌မိနေသေးတာ။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now