[ 8 7 ]

5.6K 1K 33
                                    

[Unicode]

ရှောင်းဇီချီလည်း ကြောင်အသွားတယ်။

ဘယ်သူလဲ? ဘာတွေ ဖြစ်နေတာလဲ?

အချီခံလိုက်ရတဲ့ ကျောင်းသားလေးလည်း အတော်လေး ထိတ်လန့်အံ့ဩသွားတယ်။

ဘယ်...ဘယ်လို? သူ ဒီလောက်တောင် ပေါ့လို့လား? သူက အနည်းဆုံး ပေါင်၁၃၀ကျော်ရှိတဲ့ အမျိုးသားတစ်ယောက်လေ!

"မတ်မတ်ရပ်" အနောက်ကလူမှ အသံထပ်ထွက်လာတယ်။ ကျောင်းသားလေးလည်း အလိုလို ခပ်မတ်မတ် ဖြစ်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်တယ်။

ဘယ်သူများလဲ! ဒီလောက် အားကောင်းသန်မာတဲ့ ဟာ့ခုလိစ့်ကြီးက ဘယ်သူများပါလိမ့်!

သူ တရားခံကို မြင်လိုက်ရတဲ့ အချိန်မှာတော့ နောက်တစ်ခေါက် ထိတ်လန့်အံ့ဩသွားပြန်တယ်။

ဒီလူက တအားပိန်တာပဲ။ သူတို့နှစ်ယောက်‌ဆို အလေးချိန်တူတူလောက်ပဲ ရှိမှာမလား? အဲ့ဒါကိုတောင် သူ ဘယ်လိုလုပ် ငါ့ကို ကောက်ချီနိုင်ရတာလဲ?

"ခင်ဗျား ဘယ်သူလဲ?" သူ အလိုလို ထုတ်မေးမိလိုက်တယ်။

ရှောင်းဇီချီ ဒါကို မြင်တဲ့အခါ သူ့နှလုံးက ဒုန်းခနဲ တစ်ချက်မြည်သွားတယ်။

မဖြစ်ဘူး! ဒီအမည်မသိတဲ့လူကြောင့် ချူးခယ့်ရဲ့ အာရုံစိုက်မှုတွေ သူ ဆုံးရှုံးသွားလို့ မဖြစ်ဘူး!

သူ အလောတကြီး ရှေ့တက်လာတယ် :: "ဟုတ်တယ်။ ခင်ဗျား ဘယ်သူလဲ? ခင်ဗျား ကျောင်းထဲ ဘယ်လိုလုပ် ဝင်လာတာလဲ? ခင်ဗျား ဒီကျောင်းက ကျောင်းသားမဟုတ်ဘူးမလား?"

ချူးခယ့် နိုးထစမ်း! ဒီလူက ဘယ်နေရာကမှန်းမသိ ရောက်လာတာ! အတော်လေး မသင်္ကာစရာ ကောင်းတာရော!

ချူးခယ့်က တကယ်လည်း တဒင်္ဂလောက် တုန့်ဆိုင်းနေတာ။ မှန်တယ်။ သူ့ရှေ့က လူက သေချာပေါက် ဒီကျောင်းက မဟုတ်ဘူး။ သူ ဒီလူအပေါ်မှာ ဘာထင်မြင်ချက်မှ ရှိမနေဘူး။

သက်တော်စောင့် A ကတော့ သူ ရပ်နေတဲ့နေရာမှာပဲ မတ်မတ်ရပ်နေပြီး အလွန်အမင်း အေးစက်တည်ကြည်သော မျက်နှာထားဖြင့် "ငါ တစ်ယောက်ယောက်ကို လာရှာတာ၊ ဒါကြောင့် ဝင်ပေါက်မှာ လက်မှတ်ထိုးခဲ့ပြီးသား။"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now