[ 8 1 ]

6.9K 1.3K 66
                                    

[Unicode]

တစ်ယောက်ယောက်က အလစ်...အလစ်သုတ်မယ်?

ရုန်ချင်း စဉ်းစားတယ်၊ အဲ့နောက် သူ နက်နက်နဲနဲ ထပ်စဉ်းစားပြန်တယ်။

အိုက်ယား! တစ်ယောက်ယောက်‌ဆိုတာ ငါ့ပြောနေတာမလား?

သူ တစ်ခဏလောက် တွေးတောနေပြီးမှ တုန့်ဆိုင်းပေမဲ့ ကျေနပ်ပီတိဂွမ်းဆီထိနေတဲ့ လေသံဖြင့် "ဒါဆို...ငါ မင်းအတွက် ဖုန်းအသစ်တစ်လုံး ပြန်ဝယ်ပေးမယ်လေ?"

သူ....တအားပျော်နေလို့ ! ကြည့်လေ! အခြားဘယ်သူကမှ ဝံပုလွေပေါက်လေးနဲ့ အောင်အောင်မြင်မြင် အချိန်းအချက် မလုပ်နိုင်ဘူး! ဟီးဟီးဟီးဟီးဟီး

လင်းကျီ...ကတော့ အနည်းငယ် ကျင့်သားရလာပါပြီ။ အပြုံးပန်းများ ပွင့်လန်းနေတဲ့ ရုန်ချင်းကို လှမ်းကြည့်ရင်း သူ့နှုတ်ခမ်းထောင့်လေးက ကော့တက်လာကာ စိတ်ထဲမှာ ရယ်ချင်လာမိတယ် :: "အဲ့အတွက်တော့ မလို‌ပါဘူး။ အနက်ရောင် အလှလေးနဲ့တင် အံ့ဩမှင်သက်ဖို့ ကောင်းနေပါပြီ။"

ရုန်ချင်းက လျှာတောက်ပြီး ခေါင်းတခါခါ လုပ်တယ်။

ရှုံးတယ်! ရှုံးတာပေါ့ ! မင်းမှာ စီးပွားရေးအမြင် တစ်စက်လေးမှ မရှိဘူး! ဒီလိုအချိန်မျိုးမှာ မင်း ပိုတောင်းသင့်တာမလား? မင်း အလကားရတာတွေကို ဘာကိစ္စ မယူချင်ရတာလဲ?

"မင်း မလိုချင်ရင်လည်း ပြီးတာပဲလေ။ စားကြစို့ ဆက်စားကြမယ်!" ရုန်ချင်းက ကြက်ခြေထောက်တစ်ချောင်းကို ကောက်ကိုင်ပြီး ပျော်ပျော်ရွှင်ရွှင် စစားတော့တယ်။

လင်းကျီပေးတဲ့ အကြောင်းရင်းက သိပ်ကိုကျေနပ်အားရဖို့ကောင်းတယ်! မဆိုးဘူး! သူ ဝံပုလွေပေါက်လေးကို ခွင့်လွှတ်လိုက်ပါမယ်လေ!

"ဒါဆို ကျွန်တော့်ရဲ့ ခရစ်စမတ်လက်ဆောင်ကို ရနိုင်သေးလား?" လင်းကျီက ရုန်ချင်းရဲ့ လုံးလုံးလျားလျား ကျေနပ်အားရနေတဲ့ မျက်နှာလေးကို မြင်တော့ ရုန်ချင်းပန်းကန်ထဲ ဟင်းထည့်ပေးရင်း မေးလိုက်တယ်။

"ဒါပေါ့ ! စားပြီးတာနဲ့ မင်းကို လက်ဆောင်ဖွင့်ဖို့ ခေါ်သွားမယ်!" ဒီအကြောင်း ပြောနေရင်း ရုန်ချင်းက ချက်ချင်း ပျော်ရွှင်မြူးထူးစွာ ပြုံးပြလာပြီး "ပြီးတော့ ခရစ်စမတ်သစ်ပင်ရောပဲ! ငါတို့တွေ ဓာတ်ပုံတစ်ပုံလောက် တူတူရိုက်ရမယ်! ကံကောင်းချက်က အခု နှင်းတွေလည်း ကျနေတယ်။ သေချာပေါက် တအားကြည့်ကောင်းနေတော့မှာပဲ!"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now