[ 6 5 ]

7.7K 1.5K 101
                                    

[Unicode]

ရုန်ချင်းတစ်‌ယောက် လုံးဝပြောစရာစကား မဲ့သွားပါပြီ။ သူ ထိုစာအုပ်လေးကို ကိုင်ထားပြီး အတော်ကြာတဲ့ထိ ငေးငိုင်သွားတော့တယ်။

သူ ညစ်ညမ်းသွားပြီ။

ရုန်ချင်း မျက်နှာသေနဲ့ တွေးနေတယ်။

ဒါတွေအားလုံး လက်ထောက်ဟယ်ရဲ့ အမှားတွေချည်းပဲ! ငါလေးက အရမ်းဖြူစင်တာပါ! လက်ထောက်ဟယ်က ငါလေးရဲ့ ဖြူစင်အပြစ်ကင်းတဲ့ နှလုံးသားကို အရောင်ဆိုးပစ်လိုက်တာ!

စိတ်ထဲမှာ ‌ကျိန်ဆဲနေရင်း ရုန်ချင်းက တစ်ခဏလောက် တွန့်ဆုတ်နေရှာတယ်။ ထို့နောက် ထိုစာအုပ်လေးကို သူ့ရဲ့ စတိုင်ဘောင်းဘီအိတ်ကပ်ထဲ ခပ်တည်တည် ထိုးထည့်လိုက်တယ်။

သူက လုံးလုံး ညစ်ညမ်းနေတာမဟုတ်ပါဘူး! သူက ဒီမဖြူစင်တဲ့ အရာကို အခြားလူတွေမြင်သွားမှာကို စိုးရိမ်မိရုံပါပဲ! မကောင်းဘူးလေ သိတယ်မလား!

အင်း ဟုတ်တယ်။ ဒီအတိုင်းဖြစ်သင့်တယ်။

သူ့ကိုယ်သူ အယုံသွင်းလို့ပြီးတဲ့အခါ ရုန်ချင်းတစ်ယောက် ချက်ချင်း စိတ်အေးသွားတော့တယ်။ သူ့ရဲ့စိတ်အခြေအနေက ဒီနေ့မှာ တအားကိုမှ ကောင်းမွန်နေတာဆိုတော့ လင်းကျီဆီ အင်တင်တင် သွားလည်ပါတော့တယ်။

တွေးရင်းတွေးရင်းနဲ့ ရုန်ချင်းက ကြမ်းပြင်ပေါ်က <<အရင်လက်ဦးပါ>> ဆိုတဲ့ စာရွက်လေးကို တက်နင်းပြီး အခန်းထဲမှ တည်တည်ငြိမ်ငြိမ် ထွက်လာခဲ့တယ်။ လမ်းမှာ ရုန်ချင်းက နောက်ဆုံးစာမျက်နှာကို တိတ်တိတ်လေး လှန်ကြည့်လိုက်တယ်။

"ဖာ့!" သူ စာအုပ်လေးကို မျက်နှာသေနဲ့ ခပ်ကြမ်းကြမ်း ပြန်ပိတ်လိုက်တယ်။

<<အထက်ပုဂ္ဂိုလ်က အရှေ့မှာပါဝင်တဲ့ တစ်ဆယ့်ရှစ်မျိုးသော စကေးများနဲ့ အကျွမ်းတဝင် ဖြစ်စေဖို့ ကိုယ်တိုင်ကြီးကြပ်စစ်ဆေးပေးပါ>> အဲ့စကားက သောက်ကျိုးနည်း ဘာကိုဆိုလိုချင်တာလဲ?!

ဖွီ !

မင်းမှာ ဒီလိုစာအုပ်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ! လက်ထောက်ဟယ်! တအားညစ်ညမ်းလိုက်တာ!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now