[ 1 2 ]

9.4K 1.7K 83
                                    

[Unicode]

လင်းကျီတစ်ယောက် ဖုန်းကို ထူးဆန်းလွန်းတဲ့ အရာတစ်ခုလို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလေရဲ့။

မဆီလျော်လိုက်တာ!

အရှက်မဲ့ချက်!

လုံးဝ, လုံးဝကြီးကို.....

တစ်ခုခုပဲ!

သူ့နားရွက်တွေ ရေနွေးလို ပူလောင်လာတော့တယ်။ သူ့မျက်နှာတစ်ခုလုံးလည်း အချိန်အတော်ကြာ နီရဲတွတ်နေခဲ့တယ်။

သူ ခုနက မြင်လိုက်ရတဲ့ မြင်ကွင်းကို ဆက်တိုက် တွေးမိနေခြင်းမှ သူ့ကိုယ်သူ အတင်းဖိအားပေး ရပ်တန့်လိုက်တယ်။ ဒါပေမဲ့ သတိ သေးသေးလေးတစ်ချက် လွတ်သွားတာနဲ့ ချောချောမွေ့မွေ့ အသားအရေနဲ့ လှပတဲ့ လက်သွယ်သွယ်လေးက သူ့မျက်စိရှေ့ ချက်ချင်း ပြန်ဝင်ရောက်လာတော့တယ်။

ပြီးတော့ ထိုလက်သွယ်လေးရဲ့ သေလောက်အောင် စွဲမက်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေရယ် အောက်ဖက်က ခပ်တင်းတင်း အချိုးအဆစ်ကျနေတဲ့ ရေကူးဘောင်းဘီရယ်...

မေ့ဖျောက်ဖို့ အခက်ဆုံးက ရုန်ချင်းရဲ့ အတောမသတ်နိုင်တဲ့ ရယ်သံပဲ။

လင်းကျီတစ်ယောက် သူ့ကိုယ်သူ ဘာဖြစ်နေမှန်း နားမလည်နိုင်တော့ပေ။ သူ ရုန်ချင်းရဲ့ ရယ်သံကို ပြန်တွေးမိလေလေ သူ့မျက်နှာအပူချိန်ကို လျှော့ချဖို့ ပိုမိုခက်ခဲလာလေလေပဲ။

--------

အဲ့တာအားလုံး ရုန်ချင်းအပြစ်ပဲ!

သူ ဘာလို့ လွယ်လွယ်လေး အထင်လွဲစေမယ့် အဲ့လို ကိစ္စမျိုးကို လုပ်ရတာလဲ?

ရှက်ဖွယ်အလိလိပဲ!

ခပ်ကြမ်းကြမ်း ထရပ်ကာ လင်းကျီတစ်ယောက် ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။

သူ့မျက်နှာ အပူချိန်လျှော့စေဖို့ ရေပြန်ချိုးရတော့မယ်!

ဝံပုလွေပေါက်လေး ဘေးကင်းလုံခြုံကြောင်း အတည်ပြုပြီးတာကြောင့် ရုန်ချင်း ဟယ်ချန်ဆီ စာတစ်စောင် ပို့လိုက်တယ်။

[ သူ အဆင်ပြေတယ်။ မင်း ဘာရှာတွေ့လဲ? ]

တစ်ဖက်မှ ဟယ်ချန်က ချက်ချင်း ဖုန်းဆက်ပြီး တင်ပြခဲ့တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now