[ 4 0 ]

9.3K 1.8K 123
                                    

[Unicode]

အိပ်ရာထက်မှာ နည်းနည်းကြာကြာ လဲလျောင်းနေရင်း ရုန်ချင်းတစ်ယောက် ရုတ်ချည်း ထခုန်လိုက်မိတယ်။

မကောင်းတော့ဘူး , သူ လုံးဝ မအိပ်ပျော်တော့ဘူး !

သူ ထထိုင်လိုက်ပြီး အချိန်တစ်ခုကြာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိတယ်။

သူ ဘာကိစ္စ အဲ့လိုအိပ်မက်မျိုးကြီး မက်ရတာလဲ?

လူတွေပြောတာတော့ မင်း ဒီရက်ပိုင်းတွေးနေတာတွေကို အိပ်မက်ထဲ ထည့်မက်တတ်တယ်တဲ့။ သူ့ရဲ့မသိစိတ်က တစ်ခုခု မှားနေကြောင်း သူ့ကို ပြောပြချင်နေတာများလား?

သောက်ရမ်းကြောက်စရာကောင်းတဲ့ အတွေးကြီးပဲ!

ရုန်ချင်းတစ်ယောက် သူ့ကွန်ပျူတာကို အလျင်အမြန် ဖွင့်လိုက်တယ်။ သူ တစ်စက္ကန့်လောက် တွေးတောပြီးမှ search barထဲ စာကြောင်းတစ်ကြောင်းကို သေသေချာချာ ရိုက်လိုက်တော့တယ်။

ရက်စက်ကြမ်းကြုတ်တဲ့ top တစ်ဦးကို ဘယ်လိုပျိုးထောင်ရမလဲ?

Enter ခေါက်လိုက်ပြီ။

ရုန်ချင်းတစ်ယောက် ကွန်ပျုတာကို တောက်ပသော မျက်ဝန်းများနဲ့ စိုက်ကြည့်နေခဲ့တယ်။

' မင်းရဲ့ကြွက်သားတွေကို ပြန့်ကားလာအောင်လုပ်! မင်း ပိုပြီးအရိုင်းဆန်လာလိမ့်မယ်! အားမာန်တက်ကြွသော XX ! ပိုမိုကြမ်းကြုတ်ထက်သန်တဲ့ လူတစ်ယောက် ဖြစ်လာမယ်! ငါ့မိန်းမက စိတ်မကျေမနပ် ဖြစ်နေတယ်။ XX ပေါ့စတစ်က ငါ့ကို ကြောက်မက်ဖွယ် XXအဖြစ် ပြောင်းလဲသွားအောင် ကူညီပေးလိမ့်မယ်! ငါ့မိန်းမက နောက်ထပ် မကျေမနပ် မပြောတော့ဘူးကွ!

.........

ငလူးပဲ။

ရုန်ချင်း web pageကို မျက်နှာသေနဲ့ ပိတ်လိုက်တယ်။

ဂါး သောက်သုံးမကျလိုက်တဲ့ အင်တာနက်ခေတ်ပဲ! အောက်ပုဂ္ဂိုလ်လေးတစ်ယောက်ရဲ့ လိုအပ်ချက်တွေက အသုံးမလိုဘူးတဲ့လား? ဂေးအသိုင်းအဝိုင်းထဲမှာ မရေမတွက်နိုင်တဲ့ ညီမလေးတွေ အများကြီး ရှိတယ်ကွ! အဲ့ဒါကိုဝောာင် ငါတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပို့စ်တစ်ခုတောင် မတင်ကြဘူး !

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now