[ 9 3 ]

4.8K 1K 55
                                    

[Unicode]

ဒီဒယ်ဒီ မျက်လုံးလေး သုတ်ပြီး ထပ်ကြည့်ပါအုံးမယ်။

ရုန်ချင်း သူ့မျက်လုံးသူ သုတ်ပြီးတာနဲ့ message ကို ပြန်ဖတ်ကြည့်လိုက်တယ်။

.....ငါယိုးး?

ဘယ်...ဘယ်လိုဖြစ်လို့ တစ်ထပ်တည်း တူနေရသေးတာတုန်း?

သူ စာလုံးတွေကို ကြည့်ပြီး အသက်ပြင်းပြင်း ရှုထုတ်လိုက်တယ်။

ကမ္ဘာပေါ်မှာ ဒီလိုကိစ္စမျိုး ဘာလို့ရှိနေရတာလဲ? မဖြစ်နိုင်တာ ၊ လူချမ်းသာ အသိုင်းအဝိုင်းက တကယ် ပရမ်းပတာဟ! ဒါ ဘယ်လိုကိစ္စမျိုးလဲ? သောက်ရမ်း ကသိကအောက်နိုင်စရာကြီး! ‌သောက်ရမ်းလည်း ဗရုတ်ကျတယ်!

အဲ့ဒီCEOကောင်းအိုကြီးက အရွယ်လွန်သွားတာတောင် သန်မာတုန်းလားဟ? သူ့နည်းလမ်းတွေက ဒီလောက် လန့်စရာကောင်းရလား? ဒီအဘိုးကြီး အဲ့လောက် 'စွမ်းဆောင်နိုင်မယ်' လို့ သူ အရင်တုန်းကဆို သေချာပေါက် ပြောနိုင်မှာတောင် မဟုတ်ဘူး!

မဟုတ်သေးပါဘူး ခဏလေး အဓိကအချက်က CEOလေးကောင်း ဒါကို ဘယ်လိုသည်းခံတုန်း? လူသိရှင်ကြား ဦးထုပ်စိမ်းဆောင်းပေးခံလိုက်ရတာ မဟုတ်ဘူးလား? ဘု ရား ရေ

Gp Chatထဲက အခြားသူတွေလည်း ကောင်းကျားရွှမ်ရဲ့ လက်ခံနိုင်ဖွယ် မရှိတဲ့ စကားတွေကြောင့် အတော်လေး အံ့အားသင့်သွားရတယ်။

[နှလုံးသားမဲ့တဲ့ ပိုက်ဆံထုပ်စက်များ တပ်စု]

သနားစရာ စုန့်မင်းသားလေး :: [.....? CEOလေးကောင်း ခင်ဗျား နောက်နေတာမလား?]

မြူးထူးပျော်ရွှင်နေသော ဘောစိမူ :: [နောက်တာပဲ နေမှာ။ ဒီလိုမျိုး ဖြစ်နိုင်စရာလား? လူအိုကြီးက သူ့သားသူ ဦးထုပ်စိမ်း ပြန်ဆောင်းပေးနေတာလား? ပုံမှန်လူတစ်ယောက်က ဒီလိုလုပ်ရပ်မျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?]

ကောင်းကျားရွှမ်တစ်ယောက် messageတွေကို ကြည့်ပြီး ဒီလူတွေ ဘာလို့ဒီလောက် အံ့ဩကြမှန်း လုံးဝ နားလည်နေတယ်။ သူ့အဖေ လူအိုကြီးရဲ့ လက်ထောက်ကိုသာ သူ့ဘက်တော်သားအဖြစ် မပြောင်းနိုင်ခဲ့ရင် သူလည်း လူအိုကြီး ဒီလောက်ထိ လုပ်ရက်နိုင်မယ်လို့ ထင်ထားမိမှာ မဟုတ်ဘူး။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now