[ 7 6 ]

7K 1.4K 47
                                    

[Unicode]

အွန်လိုင်းပေါ်မှာ နှစ်ရက်လောက် ပွဲဖြစ်နေခဲ့တယ်။ ရုန်ကော်ပိုရေးရှင်းရဲ့ ရှေ့နေအဖွဲ့ကလည်း အခြေအနေများကို နှစ်ရက်ကြာ ထိန်းသိမ်းပြီးမှပဲ အရာအားလုံး အေးအေးချမ်းချမ်း ပြန်ဖြစ်သွားတော့တယ်။

ဒါပေမဲ့ ဒီကိစ္စအပြီးမှာတော့ လင်းကျီနဲ့ရုန်ချင်းကြား ဆက်ဆံရေးက မဖြူစင်ဘူးလို့ ပြောရဲတဲ့သူ မရှိသလောက် ရှားသွားတယ်။ လင်းကျီဖန်တွေကလည်း သူတို့အကြိုက်ဆုံး စကားစုလေးတစ်စုကို ထပ်တိုးခဲ့တယ် :: 'ရှေ့နေအဖွဲ့ သတိပြုမယ်'

နှစ်ပတ်လည်party ပြီးနောက်

ရုန်ချင်းတစ်‌‌ယောက် ရူးနှမ်းနှမ်း ဖြစ်သွားပြီ။ ပြောရရင် အထက်တန်းလွှာအများစုက နှစ်ကုန်မရောက်ခင်ထိ သူတို့အသိုင်းအဝိုင်းက ဘယ်လောက်တောင် ကျယ်ပြန့်နက်ရှ်ိုင်းနေမှန်း သိတောင်မသိကြပေ။

ရုန်ချင်းလည်း ထူးမခြားနားပါပဲ။

သောက်ကျိုးနည်း ! သောက်ကျိုးနည်းပဲဟေ့! ဒီလိုမြို့သေးသေးလေးမှာ အထက်တန်းလွှာမိသားစုက ဘာကိစ္စ ဒီလောက်များပြားနေရတာလဲ အားးးး!

ရုန်ချင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ရူးတော့မယ်လို့တောင် ထင်နေပြီ။ ရုန်ကော်ပိုရေးရှင်းရဲ့ နှစ်ပတ်လည်partyပြီးတာနဲ့ သူ အထက်တန်းလွှာ အသိုင်းအဝိုင်းဆီမှ ဖိတ်စာများ ဟိုကရလိုက် သည်ကရလိုက် စတင်ရရှိလာတယ်။

ဒီနေ့ လီမိသားစုရဲ့ အကြီးဆုံးသမီးက စေ့စပ်တယ်၊ ဟော့ နောက်တစ်နေ့ကျ ဝမ်မိသားစုရဲ့ သားမွေးနေ့ ၊ နောက်တစ်နေ့ရဲ့နောက်တစ်နေ့ကျ လူအိုကြီးတန်ရဲ့ အသက်၈၀ပြည့်မွေးနေ့ ။

အခုလိုအချိန်မှာ စွယ်စုံရ လက်ထောက်ဟယ်ကတော့ သူ့ပဲချိုလေးနဲ့ ဘယ်နေရာထိ ခရီးဆန့်နေမလည်းဆိုတာ ဘယ်သူသိမှာလဲ? လက်ထောက်အဖွဲ့ထဲမှာလည်း သူ့တာဝန်ကို ယူပေးနိုင်စွမ်းရှိမယ့်သူက နတ္တိ။

ဒီတော့ ရုန်ချင်းတစ်ယောက် ကိုယ့်ဘာသာကိုယ်ပဲ ဖိတ်စာတွေကို တစ်ခုချင်းစီ ‌ဖောက်ကြည့်၊ ဟိုးအရင်နှစ်တွေတုန်းက မူ‌လရုန်ချင်းရဲ့ မှတ်ဉာဏ်‌တွေနဲ့ ယခုနှစ်အခြေအနေတွေကိုပါ တွက်ဆကြည့် ၊ ပြီးမှ ဒီဟာကတော့ သူ သေချာပေါက် တက်ရောက်ရမယ်၊ ဟိုတစ်ခုကတော့ မျက်နှာသွားပြပြီး ပြန်လာရင်ရတယ်...

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now