[ 6 2 ]

7.7K 1.5K 244
                                    

[Unicode]

ဝမ်းနည်းစရာပဲ။

တကယ်ပဲ အတော်လေး ဝမ်းနည်းဖွယ်ပဲ။

တစ်ယောက်သော အမျိုးသားသာလျှင် water parkရှေ့မှာ ဒီလိုလုပ်ရပ်မျိုးကို အတည်ကြီး လုပ်နိုင်တာ! တစ်ယောက်က စိတ်ဆင်းညိုဖွယ် အော်သံမျိုးတွေ အော်နေတာကို မင်း အခြားဘယ်လိုများ ဖော်ပြနိုင်အုံးမှာလဲ?

ရုန်ချင်းက သက်ပြင်းလေးတချချနဲ့ ဒီဖြစ်စဉ်တစ်ရပ်လုံးကို သူ့ဖုန်းလေးနဲ့ recordယူထားဖို့ကိုတော့ မေ့မနေခဲ့ပါဘူး။ သူက water parkမှ တာဝန်ရှိသူတွေကို တစ်ချက်ဖုန်းဆက်ပြီး ဒီပြဿနာဖြစ်နေတဲ့ ဧရိယာပတ်ပတ်လည်ကို ထိန်းသိမ်းခိုင်းလိုက်တယ်။

အမှန်ပြောရရင် လူကြားထဲ ရိုက်နှက်တာက အရမ်းကြီး ဆီလျော်နေတာတော့ မဟုတ်ပေမဲ့ old generation က ဝတ္တရား မကျေပွန်တဲ့ young generationကို အပြစ်ပေးနေတာဆိုတော့ ရုန်ချင်းကတော့ လက်တစ်ဖက်ငှားပြီး ကူညီပေးလည်း မမှားပါဘူးလို့ ယူဆလိုက်ပါတယ်။

ရုန်ချင်းနောက်မှာ ပုန်းနေတဲ့ စုန့်ရှန်းကတော့ တံထွေးကို အနိုင်နိုင်မြိုချပြီး တုန်ယင်နေပါတော့တယ် :: "ရုန်....ရုန်ချင်း ကျွန်တော်တို့....ကျွန်တော်တို့တွေ တားသင့်တယ်လို့ ထင်တယ်ရော?" သူ့ခမျာ ကြောက်ရွံ့လွန်းလို့ ကုန်းစွင့်ဇီပိုင်ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ သူ့မျက်ခွံဟာလည်း အပြိုင်ခုန်ပေါက်နေလေရဲ့။

"ဘာကို တားရမှာလဲ?" ရုန်ချင်းက သူ့နောက်သို့ ရက်ရက်စက်စက် လှည့်ကြည့်လိုက်တယ် :: "ဦးလေးတစ်ဦးက သူ့တူရင်းကို ဆုံးမနေတာလေ။ ငါတို့လို အပြင်လူတွေက ဝင်နှောင့်ယှက်ရဲမှာတဲ့လား? ပြီးတော့ မင်းလည်း သူ့ကို ရှုရှုလို့ ခေါ်လိုက်သေးတယ်မဟုတ်လား? young generationတစ်ယောက်ဖြစ်တဲ့ မင်းကရော သူ့ကို ရပ်တန့်သွားအောင် တားနိုင်မှာလား?"

ဘာကိစ္စ တားပေးရမှာလဲ? အဲ့ဒီ ကုန်းစွင့်ပိုင် အမှိုက်ကောင်! ဒီရုန်ချင်းက reality showကို မကြည့်ဘူးလို့များ မင်းတို့တွေ ထင်နေတာလား? အဲ့ဒီမှာ ဒယ်ဒီနဲ့ အဲ့ကောင်စုတ်လေးကို ယှဉ်ပြောထားတဲ့ လူတွေအများကြီးပဲ! သူတို့ကများ ဒယ်ဒီက ဟိုကောင်စုတ်လေးထက် အဆင့်အတန်းနိမ့်တယ်လို့တောင် ပြောရဲကြတယ်!

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now