[ 7 0 ]

8.4K 1.6K 104
                                    

[Unicode]

[ ငါလေး ကော်ရှင်မတ် ထောင်ပြလိုက်ပါပြီ???]

[အားးး! အရွေးခံရမယ့်ထဲ ထည့်ပေးပါလို့! ငါ အနက်ရောင်အလှလေး လူထုပုံရိပ်ဖြစ်နေတာကို မြင်ချင်တယ်! ငါလေး အနက်ရောင်အလှလေးကို တကယ်ချစ်တာပါ! ဆိုင်ကယ်ချစ်သူများ အခုဆို မျက်ရည်ဘူးသီးလုံးလောက် ကျနေပါပြီ!]

[အာဏာရှင်ဒယ်ဒီကတော့ အာဏာရှင်ဒယ်ဒီ ပီသပါပေတယ်။ ဒီစကားတွေကို ပြန်တွေးကြည့်စမ်း။ ဒယ်ဒီပြောလိုက်တာ ဘာတဲ့ ဈေးနှုန်းက သိပ်နည်းနေလို့တဲ့! ဝူးးး ဝူးးး ဝူးးး နတ်ဘုရားအဆင့် ဘောစိကြီးပါလား? ဘာပဲဖြစ်ဖြစ် ငါ ကြိုက်တယ်အေ!]

[အခြားသူများရဲ့ ဘောစိကြီးတွေကတော့ ငါလေးကို နည်းနည်းမှ စိတ်မပျက်စေဘူး၊ CEOကျန်းရေ သင်ယူစမ်းပါအုံးဗျ!]

[အာ၊ အခု ငါက CEOရုန်ရဲ့ မျက်နှာအမူအရာ တစ်ခုခု မူမမှန်သလို ဖြစ်သွားတာကို မြင်လိုက်တဲ့ တစ်ယောက်တည်းသောသူ ဖြစ်နေတာလား? ဧကန္တ အနက်ရောင်အလှလေးက သူ့အချစ်‌တော်ဆိုင်ကယ်လေးများလား?]

Screen ပေါ်က commentများကတော့ ပလူပျံစွာ ဆွေးနွေးနေတုန်းပါပဲ။

ထိုအခိုက်မှာပဲ ပဲချိုလေးကို အောက်ချပြီးနေပြီ။ ပဲချိုလေးက ဟယ်ချန်ဆီ စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ် မြောင်သံပေးနေလေရဲ့။ ထို့နောက် စားပွဲခုံပေါ် သူ့ရဲ့ ခြေဖဝါးနုနုလေးများနဲ့ တစ်ချက်ခုန်ကာ ဟယ်ချန်ရင်ခွင်ထဲ ပြန်ပစ်ဝင်လိုက်တယ်။

ဟယ်ချန်တစ်ယောက် ပဲချိုလေး သူ့ကို ဒီလောက်တောင် ကပ်တွယ်နေမယ်လို့ မထင်မှတ်ထားပေ။ သူ နားရွက်နှစ်ဖက် တက်ချိတ်လောက်တဲ့ထိ ချက်ချင်း ပြုံးဖြီးသွားတော့တယ်။

ရုန်ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းများအားလုံး ကျယ်ကျယ်လောင်လောင် သက်ပြင်းချကာ ပိုလို့တောင် မနာလိုဖြစ်လာတော့တယ်။

"ပဲချိုလေး! ပဲချိုလေး ဒီကိုကြည့်ပါအုံး! ဒီမှာ ငါးခြောက်လေးကို ကိုင်ထားတာနော်!"

"ပဲချိုလေးရေ ဒီကို တစ်ချက်လောက် အကြည့်လေး စွန့်ကျဲပါအုံး! ဒီကို ကြည့်ပါအုံးလို့ ကိုယ့်ရဲ့ပေါင်ပေ့လေးရေ~ ဝူးးး ကိုယ့်ဘဝရဲ့ ချိုမြိန်တဲ့ မီးအိမ်ရှင်လေးရေ"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Onde histórias criam vida. Descubra agora