[ 1 1 9 ]

1.3K 285 11
                                    

[Unicode]

ဒီကမ္ဘာပေါ်မှာ ရုန်ချင်းလောက် နတ်ဆိုးဆန်တဲ့ကောင် ရှိနိုင်တော့မှာ မဟုတ်ဘူး။

ကောင်းကျားရွှမ်တစ်ယောက် ကားထဲ ထုံထုံထိုင်းထိုင်း ထိုင်နေရင်း သူ့စိတ်ဝိညာဉ်ထဲက လေးလံထိုင်းမှိုင်းမှုကို ခံစားမိနေတယ်။ ရုန်ချင်းက တံခါးအပြင်ဘက်မှာ နာမည်‌ကြီးစုံတွဲတစ်တွဲနဲ့ ဖော်‌ဖော်ရွေရွေ သာသာယာယာ စကားပြောနေဆဲ ရှိသေးတာကို သူ မြင်နေရတယ်။ ကြောက်ရွံ့လေးစားမိသလို အာရုံခံစားမှုမျိုးက သူ့နှလုံးသားထက် ဆန်တက်လာလေရဲ့။

ဩဇာကြီးချက်ကတော့။

တကယ် အရမ်း ဩဇာကြီးတယ်။

ဆယ်ရက်ရှိနေပြီ။

ရုန်ချင်းတစ်ယောက် တကယ်ကြီး အဲ့‌မြေခွေးအိုကြီးတွေနဲ့ အပြန်အလှန် တုန့်ပြန်ပြောနိုင်တဲ့ စိတ်ခွန်အားတွေ ရှိနေနိုင်သေးတယ်ပေါ့လေ!

ကောင်းကျားရွှမ်အကြည့်က အသက်မဲ့နေလေတယ်။

သူတော့ လုံးဝ ဆက်မလုပ်နိုင်တော့ဘူး။ ချုံးချုံးကျ လုံးပါးပါးသွားပြီ။

ရုန်ကော်ပိုရေးရှင်းက ဒီလိုအမြင့်တစ်‌နေရာမှာ ရောက်နေတဲ့အချိန် ကောင်းကော်ပိုရေးရှင်းက ရုန်ကော်ပိုရေးရှင်းရဲ့ လက်သည်းခွံတောင် မယှဉ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။

သူ ၊ ကောင်းကျားရွှမ်ကရော ရုန်ချင်းနဲ့ ယှဉ်ကြည့်ဖို့တောင် ထိုက်တန်ရဲ့လား?

'သူ သော့တွေ လုပ်ဖို့ ထိုက်တန်ရဲ့လား? သော့ဘယ်နှစ်ချောင်းလောက် သူ ပြင်နိုင်မလဲ?' သူက ထိုက်တန်မနေဘူး!

သင့်လျော်တဲ့ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားတဲ့ ရုန်ချင်းက ကားတံခါးကို ဖွင့်ကာ အထဲသို့ ဝင်လာတဲ့အခါ ကောင်းကျားရွှမ်ရဲ့ အံအားသင့်နေတဲ့ မျက်နှာအမူအရာကို မြင်လိုက်ရတော့တယ်။ သူ တစ်ချက်ကြည့်ပြီး သူ့ဖုန်းကို တိတ်တဆိတ် ထုတ်ယူလိုက်တယ်။

ချပ်

ကောင်းကျားရွှမ်တစ်ယောက် တဖြည်းဖြည်း ခေါင်းလှည့်လာပြီး ရုန်ချင်းကို ငါးမျက်လုံးသေတစ်စုံဖြင့် စိုက်ကြည့်လာတယ်။ ရုန်ချင်း သူ့ဖုန်းကို တည်တည်ငြိမ်ငြိမ် ပြန်သိမ်းလိုက်တယ်။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now