[ 3 7 ]

8.8K 1.7K 75
                                    

[Unicode]

ရုန်ချင်းတစ်ယောက် ဆယ်သန်းပေးလိုက်တယ်လို့ ‌ပြောတာက စုန့်ရှန်းကို တကယ်ညာနေတာမဟုတ်ပေ။ လင်းကျီရဲ့ အေးဂျမ့်အသစ်က email ပို့လာပြီးနောက် သူ(မ)က သူ့ကို ဆက်သွယ်လာခဲ့တယ်။ လင်းကျီ လူရွေးပွဲ အောင်ရင် ဇာတ်လမ်းတွဲအသစ်မှာ ဆယ်သန်း ရင်းနှီးမြှုပ်နှံပါမယ်ဆိုတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်သရွေ့ လင်းကျီလည်း ခေါင်းဆောင်မင်းသား ‌နေရာရနိုင်ဖို့ အခွင့်အရေး ရနိုင်မယ်တဲ့လေ။

ပြီးတော့ အကြောင်းကိစ္စတစ်ခုကြောင့် ရုန်ချင်းက ဒီဆယ်သန်းကို သေချာပေါက် ပေးမှာ။

လင်းကျီရဲ့ လူရွေးပွဲ.....အောင်သွားခဲ့ပြီ။

<< အသံတိတ် အစီရင်ခံစာ >> ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသား ရွေးပွဲက စတင်လိုက်ရုံရှိသေး ချက်ချင်း ပြီးဆုံးသွားခဲ့တယ်။ ဒါရိုက်တာရှန်းက လင်းကျီရဲ့ သရုပ်ဆောင်မှုကို ကြည့်ပြီးတာနဲ့ သူ ချက်ချင်း ထရပ်လိုက်တယ်။

"မင်းနာမည် ဘယ်လိုခေါ်လဲ? ဇာတ်ကောင်က မင်းအပိုင်ပဲ! " သူ့စကားသံ ပြီးတာနဲ့ လက်ထောက်ဒါရိုက်တာနဲ့ ပရိုဂျူဆာက သူ့အင်္ကျီလက်ကို အလန့်တကြား ဆွဲလာရတယ်။

မင်း ဘယ်လိုလုပ် ဒီလိုမျိုး ရွေးချယ်နိုင်ရတာလဲ?  ဒီကိစ္စကို အခြားသူတွေနဲ့ပါ အရင်ဆွေးနွေးသင့်တယ်မဟုတ်လား?

ဒါရိုက်တာရှန်းက သူတို့ကို လုံးလုံးလျစ်လျူရှုကာ နှုတ်ခမ်းမွေးကြီးတွေ သူ့မျက်နှာပေါ် လှုပ်ယမ်းသွားတဲ့ထိ အလွန်ရွှင်ပျစွာ ရယ်မောနေတော့တယ်။

သူ လိုချင်တဲ့ မင်းသားက သူ့ရှေ့တည့်တည့်ရောက်နေပြီကို အခြားသူတွေရဲ့ သရုပ်ဆောင်မှုကို ဘာကိစ္စ စိတ်ရှည်ရှည် ကြည့်ပေးရမှာလဲ? ဒီလင်းကျီက သူ့နှလုံးသားထဲမှာ ရှိနေတဲ့ ခေါင်းဆောင်မင်းသားကို လက်တွေ့ဘဝဆီ ခေါ်ဆောင်လာပေးခဲ့တာ!

သူ့ရဲ့သရုပ်ဆောင်ချက်က ထူးချွန်ပြောင်မြောက်လွန်းတယ်!

ကောင်းနင်းလည်း လင်းကျီနဲ့တူတူ လိုက်လာခဲ့တာ။ သူ(မ) ဒါရိုက်တာရှန်းရဲ့ စကားကိုလည်း ကြားရော အံ့အားသင့်ပျော်ရွှင်မှုတွေ သူ(မ)မျက်နှာထက် ဖြတ်ပြေးသွားတော့တယ်။ သူ(မ)က လင်းကျီပခုံးကို အပြုံးတစ်ပွင့်နဲ့ ပုတ်ပေးလိုက်ပြီး "မင်း ဘာတွေ စောင့်နေတာလဲ? ကိုယ့်ကိုကိုယ် အတိုချုံးမိတ်ဆက်ပြီး ဒါရိုက်တာရဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်း ပြောတော့လေ။ "

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now