[ 7 9 ]

6.7K 1.3K 560
                                    

[Unicode]

"မင်း ပြောနေတာတွေကို ငါ မသိဘူး"

မှိန်ပြပြ အလင်းရောင်အောက်မှာ အမျိုးသားရဲ့ ထက်ရှပြတ်သားသော မေးရိုးကြောင်းကိုသာ ခပ်ဖျော့ဖျော့ မြင်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ ထူးထူးဆန်းဆန်း တည်ကြည်ခိုင်မာတဲ့အသံက ပတ်ပတ်လည်ကို ပဲ့တင်ထပ်သွားစေတယ်။

သူ အခု ဆိုဖာပေါ်မှာ မှီထိုင်နေပေမဲ့ သူ့ခန္ဓာကိုယ်က လုံးဝ ပြေလျော့မနေပေ။ သူ့ဆံပင်အကုန်လုံးကို အနောက်သို့ လှန်ဖီးထားကာ ဆံစတစ်စတောင် အပြင်ထွက်မနေပေ။ သူ့ရဲ့ရှပ်အင်္ကျီကြယ်သီးတွေကအစ လည်ပင်းထိအပြည့် အကုန်တပ်ထားတယ်။ သူ့ရဲ့ကျောပြင်ကလည်း ခိုင်မာဖြောင့်တန်းနေတယ်။

"မင်း သေချာတယ်‌ဆိုရင်"  သူ ခဏရပ်သွားပြီး မေးကိုအနည်းငယ် မော့ကာ စူးရှရှလင်းယုန်မျက်ဝန်းတစ်စုံကို ဖော်ပြရင်း "မင်း ပြောခဲ့တာတွေကို တာဝန်ယူနိုင်မယ်ဆို အထက်လူကြီးတွေဆီ ငါ့အကြောင်း တစ်ခါတည်း တင်ပြလိုက်, ငါ အပြစ်ခံရမှာ သေချာတယ်ဆို ငါ့ရဲ့အချက်အလက်တွေကို ထုတ်ပြလိုက်‌ပေါ့"

သူ့လက်ချောင်းထိပ်က စားပွဲမျက်နှာပြင်ကို ခပ်ဖွဖွ တောက်နေရင်း ခပ်ဟဟ ရယ်မောလိုက်တယ် :: "မင်းပြောသလို ငါက...စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ကောင်တစ်ကောင်‌မှန်း သေချာနေရင်ပေါ့"

တိတ်ဆိတ်မှု

သူ့ရှေ့မှာ ထိုင်နေတဲ့ လူရဲ့နဖူးပြင်မှာ စတင်ချွေးစို့လာတယ်။ ထိုလူက 'ငါ့မှာ သက်သေတွေရှိတယ်' လို့ ပြောချင်ပေမဲ့ အခန်းတွင်းလေထုက ပိုမိုလေးလံသိပ်သည်းလာတယ်။ သိပ်သည်းမှုက လေထဲ ပျံ့လွင့်နေကာ သူ့လည်ပြွန်မှာ လာရောက်ကပ်တွယ်ပြီး အာစေးမိသွားသလိုမျိုး လုံးဝစကားမပြောနိုင်တော့ပေ။

နောက်ဆုံးတော့ ထိုလူက သူ့ရှေ့ရှိ အမျိုးသားကို ပြင်းပြင်းထန်ထန်သာ စိုက်ကြည့်နိုင်ပြီး မတ်တပ်ထရပ်ကာ ထွက်သွားဖို့ ရွေးချယ်လိုက်တယ်။

သူ တစ်ရာရာခိုင်နှုန်း သက်သေအပြည့်အစုံကို ယူလာပြီး ဒီလိုအရှိန်အဝါနဲ့ လူမျိုးရဲ့ မျက်နှာတည့်တည့်ကို မပစ်ပေါက်‌နိုင်သေးသရွေ့ ဒီလူကို ရှင်းပစ်ဖို့ နည်းလမ်းမရှိဘူး။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now