[ 2 2 ]

8.8K 1.7K 51
                                    

[Unicode]

Water park ကနေ ရရှိလာမယ့် အနာဂတ်ဝင်ငွေတွေကို တစ်ခါလောက် စိတ်ကူးကြည့်မိရုံနဲ့တင် ရုန်ချင်းတစ်ယောက် သူ့တစ်ကိုယ်လုံး နတ်ပြည်တက်သွားသလို ခံစားလိုက်ရတော့တယ်။ ဒီကမ္ဘာမှာ ပိုက်ဆံအများကြီး ရှာနိုင်တဲ့ ပျော်ရွှင်မှုထက် ဘယ်အရာကများ ပိုကောင်းနိုင်သေးလို့လဲ?

ဒါပေါ့!

ပိုက်ဆံအမြောက်အမြား တိုးပွားလာခြင်း!

ဒီခံစားချက်က သိပ်ကို ကျေနပ်အားရစရာ‌ ကောင်းလွန်းတယ်!

အသက်ရှုလိုက်တာနဲ့ ငွေဝင်လာသလိုတောင် ခံစားနေရတယ်။

ငွေရနံ့လေး ~~~ သောက်ရမ်းချိုမြိန်တာပဲ!

ရုန်ချင်းတစ်ယောက် သူ့လက်ကို ဟိတ်ဟန်ပါပါ ဝေ့ယမ်းရင်း နောက်ဆုံးဖွင့်ပွဲနေ့ကို သတ်မှတ်လိုက်တော့တယ်။ သူ ထပ်တွေးကြည့်ပြီး လူအိုကြီးစုန့်ဆီ ဖိတ်စာတစ်စောင် ပို့ပေးလိုက်တယ်။

ငါ လူအိုကြီးစုန့်ကို ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ခိုင်းလိုက်မယ်!

ဒါက လူအိုကြီးစုန့် သူ့ကို ဒီ water park ကို အလကား ပေးလိုက်တဲ့ ကြင်နာမှုအတွက် အစားပြန်ပေးတာပဲ! ပြီးတော့ ဒီ water park ကြီးက ရုန်ချင်းကို အနာဂတ်မှာ ဘယ်လောက်တောင် ပိုက်ဆံရှာပေးမလဲဆိုတာ လူအိုကြီးစုန့် လာကြည့်ပါစေ!

ငါက လူကောင်းတစ်ယောက်ပဲ!

ရုန်ချင်းတစ်ယောက် သူ့ကိုယ်သူ စိတ်ထဲမှာ ဂုဏ်ယူနေမိတယ်။ အချိန်တစ်ခုကြာ ချီးမွမ်းပြီးတဲ့နောက် သူ အဲ့ခံစားချက် ရုတ်တရက် ပျောက်ကွယ်သွားတော့တယ်။ သူ ခံစားနေရတာက..... တစ်ယောက်တည်း ကိုယ့်ဘာသာ ချီးမွမ်းနေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ! နှုတ်ခမ်းကို ပြွတ်ခနဲ လုပ်ရင်း ရုန်ချင်းတစ်ယောက် ဖုန်းကို ထုတ်ကာ သူ့ message တွေကို ကြည့်လိုက်တယ်။

ကဲ ကြည့်ရအောင် ဘယ်သူကများ သူ့ကို လွယ်လွယ်ကူကူ စိတ်‌‌ကျေနပ်ပျော်ရွှင်သွားအောင် ချီးကျူးနိုင်မလဲ?

လူအိုကြီးစုန့်တော့ သေချာပေါက် မဟုတ်ဘူး။ အဲ့လူအိုကြီးက ငါ့ကို ကျိန်းသေပေါက် ချီးမွမ်းမှာ မဟုတ်ဘူး။

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now