[ 7 8 ]

6.4K 1.4K 106
                                    

[Unicode]

သူတို့နှစ်ယောက် 'သားစုတ်' 'အစုတ်ပလုတ်မောင်လေး' ဆိုပြီး ကြိုက်သလို ဆဲရေးနိုင်ပေမဲ့လည်း တစ်ခုမှ အရာမရောက်ပါဘူး။ သူတို့ခမျာ အတော်ကြာကြာ ဆဲပြီး နောက်ဆုံးမှာတော့ စိတ်ပျက်အားလျော့လာကြတော့တယ်။

အမျိုးသမီးကြီးတစ်ဖြစ်လဲ မားမားလင်းက သူ(မ)ရဲ့သမီးကို လှည့်ကြည့်ပြီး ညည်းတွားတော့တယ် :: "အဲ့ဒီကလေးစုတ်လေးက ဘာလဲ။ သူ့မားမားနဲ့ အစ်မကို message လေး ပို့ရမယ်ဆိုတာ မသိတာလား? ဒီနေ့က ခရစ်စမတ်နေ့လေ။"

လင်းဝမ်လည်း စိတ်ဓာတ်ကျနေတယ် :: "သမီးရဲ့ အစုတ်ပလုတ်မောင်လေးက ဘာတွေများ လုပ်နေပါလိမ့်? သမီးတို့ကို အဆက်အသွယ်မလုပ်တာတောင် တော်တော်ကြာပြီနော်"

"အိုင်း ညည်းမောင် မင်းသားဖြစ်လာပြီးတည်းက ချစ်ဖို့မကောင်းတော့တာပဲ။ သေချာပေါက် အရင်တုန်းကဆို 'မားမား' 'မားမား' နဲ့ ချစ်ဖို့ကောင်းအောင် အမြဲခေါ်နေတတ်တာ" မားမားလင်းက စိတ်ပျက်လက်ပျက် ညည်းတွားတော့တယ်။

ဒီလိုမဖြစ်သင့်ဘူးလေ!

လင်းကျီ ငယ်ငယ်လေးတုန်းက တအားချစ်ဖို့ကောင်းလွန်းလို့ အမှတ်တရဆိုပြီး ရုပ်ရှင်တစ်ခုမှာ သရုပ်ဆောင်ဖို့ ခွင့်ပြုလိုက်တာကို ပြန်တွေးမိတော့ သူ(မ) အဲ့တုန်းက အလိုမကြီးခဲ့သင့်တာလို့ ပြစ်တင်မိတယ်။

အဆုံးမှာတော့ သူ(မ)ရဲ့ ချစ်တုံးလေးကို ဆုံးရှုံးလိုက်တဲ့အပြင် သားလိမ္မာလေးကိုပါ အဆစ်ပေးလိုက်ရတယ်လေ!

ခရစ်စမတ်နေ့မှာတောင် သူ(မ) ဆုတောင်းစကားတစ်ခွန်းလေးတောင် မရသေးဘူး!

ဟူး!

ဒီလိုဖြစ်လာမယ်လို့ သူ(မ) ကြိုသိခဲ့လို့ကတော့ လင်းကျီသေးသေးလေးကို အိမ်မှာပဲ သူ(မ)ကိုယ်တိုင် ဓာတ်ပုံရိုက်ပေးခဲ့မှာ! ရုပ်ရှင်ထဲက ရိုက်ချက်တွေကို မယှဉ်နိုင်ပေမဲ့လည်း ချစ်ဖို့ကောင်းနေအုံးမှာပဲလေ!

လင်းဝမ်ကလည်း ဝမ်းနည်းအားလျော့စွာ ညည်းတွားတော့တယ် :: "မဖြစ်တော့ပါဘူး။ မားနောက်သာ ဆက်လိုက်နေရင် သမီးရဲ့ အနာဂတ်မှာတော့ တောက်ပဖို့ လမ်းမမြင်တော့ဘူး။ ပါးလည်း တူတူပဲ။ နှစ်ယောက်လုံး အလကားပဲ။ ရှောင်ကျီက သမီးတို့ကို လုံးဝပြန်မခေါ်တော့ဘူး။ အဲ့တာ ပါးနဲ့မားကြောင့်ပဲ ရှောင်ကျီ ရုပ်ရှင်လောကထဲ ဝင်သွားရင် သားအဖြစ်ကနေ စွန့်လွှတ်မယ်‌ဆိုပြီး ခေါင်းမာမာ ခြိမ်းခြောက်ခဲ့လို့ !"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now