391

601 92 0
                                    

Chapter 391: ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းရှီယန် အော်ဟစ်လိုက်သံနှင့် မရှေးမနှောင်းမှာပင် ကောင်းကင်ထက်တွင် စီးဆင်းနေသော နဂါးငွေ့တန်းမြစ်ကြီးနှစ်စင်းတွင် ပြောင်းလည်းမှုများ စတင်ဖြစ်ပေါ်လာသည်။မြစ်ကြီးနှစ်စင်းအထက်ရှိ လင်းလက်နေသောနေရာမှ အလွန်လှပသော အလင်းတန်းများ ထုတ်လွှတ်လာသည်။မျက်စိကျိန်းမတတ် အလင်းရောင်များနှင့်အတူ ကြမ်းတမ်းသော စွမ်းအင်ဖြာထွက်မှုများက ထို အလင်းရှိရာနေရာမှ ဖြန့်ကျက်လာသည်။မြစ်ကြီးနှစ်စင်းထံမှ ရေခိုးရေငွေ့များသည် တဖြည်းဖြည်း ပေါ်သို့ တက်သွားကြပြီး ငွေရောင်အလင်းနှင့် အဆက်မပြတ် ထိတွေ့နေသောအခါတွင် တဖြည်းဖြည်း ရေစက်ရေပေါက်များအဖြစ်ဖွဲ့တည်လာသည်။"ဝေါ..."နဂါးငွေ့တန်းမြစ်ကြီးနှစ်စင်းထံမှ ရေခိုးရေငွေ့များသည် အထက်တွင် ငွေ့ရည်ဖွဲ့ကာ မိုးစက်မိုးပေါက်များအဖြစ် ရွာကျလာကြသည်။ကောင်းကင်ထက်မှ ကျဆင်းလာသော ငွေရောင် ရေစက်ရေပေါက်များသည် မြို့လယ်ခေါင်ရှိ ခြောက်ခမ်းနေသော ရေကန်ထဲသို့ ကျဆင်းစုဝေးကြသည်။မူလက ခြောက်သွေ့နေသော ရေကန်ငယ်သည် ငွေရောင်မိုးရေစက်များကြောင့် တဖြည်းဖြည်း စိုစွတ်လာသည်။ပြီးနောက် အချိန်တိုအတွင်းမှာပင် စင်တီမီတာ အနည်းငယ်မျှ ထုထည်ရှိသော ရေများကို စုဝေးမိလာပြီဖြစ်သည်။ရေကန်သည် ငွေရောင် တလက်လက်တောက်ပနေသည်။ရေကန်ထဲမှ ဖြာထွက်လာသောငွေရောင်စက်ဝန်းက ရေကန်ပတ်ဝန်းကျင်သို့ ဖုံးလွှမ်းသွားသည်။ငွေရောင်မိုးစက်မိုးပေါက်များသည် ကန်ပတ်ဝန်းကျင်ရှိ သားရဲများ ကိုယ်ပေါ်သို့ ကျရောက်သောလျှင် သားရဲများက နာနာကျည်းကျည်း ငိုငြီးသံများ ပြုကြသည်။ငွေရောင်မိုးစက်မိုးမှုန်များ ထိမှန်ခံရသော သားရဲများသည် ခနချင်းပင် အရည်ပျော်ကျသွားကြလေသည်။သို့သော် ထိုနေရာတစ်ဝိုက်တွင် စုဝေးနေကြသော လူသားသိုင်းသမားများကတော့ မိုးစက်မိုးပေါက်များအောက် ကျရောက်သွားကြသော်လည်း ဘာမှမဖြစ်ကြပါ။ကောင်းကင်မှ ကျဆင်းလာသော ငွေရောင်မိုးစက်များသည် သားရဲများကိုသာ ချိန်ရွယ်ဟန်တူသည်။လူသားသိုင်းသမားများအတွက် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပါ။ထို အပြောင်းအလဲကတော့ သိုင်းသမားအားလုံးကို အလွန်ဝမ်းသာပျော်ရွှင်သွားစေသည်။ပတ်ဝန်းကျင်ရှိ သိုင်းသမားများသည်လည်း ငွေရောင်အ၀ိုင်းအ၀န်းထဲသို့ အပြေးအလွှားဝင်ရောက်လာကြလေသည်။အချို့ သားရဲများသည် ရေကန်ငယ်အနီးသို့ တိုးကပ်လာကြသော်လည်း ငွေရောင်အ၀ိုင်းအ၀န်း၏ အပြင်ဘက်မှာသာနေကာ သိုင်းသမားများကို မုန်းတီးစွာ စိုက်ကြည့်နေကြသည်။သူတို့က ငွေရောင်အလင်းများသည် သူတို့အတွက်ဖြစ်ကြောင်း နားလည်ကြဟန်ရသည်။ထို့ကြောင့်လည်း မိုးရေစက်များနှင့် လွတ်ကင်းသည့်နေရာတွင်ပင် တရစ်ဝဲ၀ဲရှိနေကြပြီး ဒေါသတကြီး မာန်ဖီဟိန်းဟောက်နေကြရုံသာ တတ်နိုင်လေသည်။သိုင်းသမား အားလုံးလိုလိုပင် ရှေးဟောင်းမြို့တော်၏ အဘယ်ဗဟိုသို့ ပြေးနေကြခြင်းဖြစ်ရာ ထို မူမမှန်သော အပြောင်းအလဲကို သတိပြုမိကြသည်။ထိုအခါ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ရေကန်ဆီသို့ ပြေးကြပြန်သည်။ရှေးဟောင်းမြို့တော်၏ အခြားမည်သည့်နေရာတွင်မျှ လုံခြုံမှုမရှိကြောင်း အားလုံးသိနေကြသည်မဟုတ်လော...။ရေကန်ငယ်ဧရိယာသည်သာ သားရဲတို့၏ တိုက်ခိုက်မှုကို တန်ပြန်ပေးနိုင်သည်။ရှီယန့် ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော ကြယ်တာရာအလင်းအစက်အမှုန်များ ထွက်ပေါ်လာသည်။သူသည်လည်း လမ်းတစ်ဖက်ရှိ အံ့သြဖွယ်ရာ အပြောင်းအလဲကို မြင်တွေ့နေရသည်။သူက အခြားသူများဘက်လှည့်ကာ"အဲ့ဒီနေရာကို သွားကြမယ်"အိုင်ရာ၊ကျိယီနှင့် အခြားလူများသည် မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားစွာ လှမ်းမျှော်ကြည့်ကြသည်။သူတို့က ကျောက်တုံးရဲတိုက်ကြီးထဲမှ အလောတကြီး ပြေးထွက်လာကြသည်။အိုင်ရာနှင့် ကျိယီသည် ကောင်းကင်အဆင့်များဖြစ်ကြသောကြောင့် လေထဲသို့ ပျံတက်လိုက်ရင်း ရှီယန့်ကို လှမ်းပြောသည်။"မြန်မြန်လုပ်...ပတ်ဝန်းကျင်မှာ သားရဲတွေ အများကြီး ၀ိုင်းလာရင် သူတို့ကို ဖြတ်ကျော်ဖို့ လွယ်မှာမဟုတ်တော့ဘူး""အိုင်ရာ...ကျိယီ...နင်တို့က လောင်လီနဲ့ လောင်လွန်ကို ခေါ်သွား...စီနီယာ ချီရှောင်း...စီနီယာက ဇူရှီနဲ့ ဇူခွားကို ခေါ်လာခဲ့...အဲ့ဒီနေရာကို အမြန်ဆုံးရောက်မှဖြစ်မယ်...ကျုပ်က နောက်မှာနေပြီး အားလုံးကို လမ်းကြောင်းရှင်းပေးမယ်"ရှီယန်က အော်ဟစ်လိုက်သည်။ချီရှောင်းက ဘာမှ မပြောပဲ ဇူခွားနှင့် ဇူရှီတို့ကို လက်တစ်ဖက်တစ်ချက်စီတွင် ဆွဲလိုက်သည်။သူတို့က ရှီယန့်ဘေးသို့ လျှင်မြန်စွာ ပျံသန်းရောက်ရှိလာသည်။"ရှီယန်..နင်လုပ်နိုင်ပါ့မလား"ဇူရှီက စိတ်ပူနေသည်။ ချီရှောင်းက သူမကို သယ်ဆောင်ထားသည့်ကြားမှ လက်တစ်ဖက်ကို ရှီယန့်ထံ ဆန့်တန်းရင်း စိတ်မချနိုင်စွာပြောသည်။"နင်က နီဗားနား တတိယအဆင့်ဆိုပေမဲ့ နင်ကာကွယ်ပေးရမယ့် သားရဲတွေက အများကြီးပဲ...နင် သတိမထားရင် ဒုက္ခရောက်သွားလိမ့်မယ်""နင် လုပ်နိုင်ရဲ့လား"အိုင်ရာကလည်း သူ့ကို တူညီသောအရာကိုသာ မေးသည်။သူမ၏ မျက်နှာက..ဘာပဲဖြစ်ဖြစ် ဇူရှီလို ခံစားချက်ပြင်းပြသော အနေအထားတွင်မရှိပါ။သူမဒါကို မေးရခြင်းအကြောင်းအရင်းက ရိုးရှင်းပါသည်။တကယ်လို့ ရှီယန်သာ သူပြောသလို မလုပ်နိုင်ခဲ့ဘူးဆိုလျှင် အခက်အခဲက သူမခေါင်းပေါ်သို့ ပုံကျလာမည်ဖြစ်သောကြောင့်တည်း။အိုင်ရာနှင့် ကျိယီသည် လောင်လီနှင့် လောင်လွန်တို့ကို ခေါ်မသွားချင်ကြပါ။လူတစ်ယောက်ကို သယ်ဆောင်ပျံသန်းခြင်းက သားရဲများနှင့် ရင်ဆိုင်ရသောအချိန်တွင် ကသီလင်တဖြစ်နိုင်ပါသည်။သူတို့၏ ခွန်အားများကို ဖြုန်းတီးရာရောက်သည်။ သူတို့၏ အမြန်နှုန်းကို လျော့ကျစေသည်။"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့"ရှီယန်က ငေါက်ငမ်းလိုက်သည်။သူက အိုင်ရာ၏ သဘောထားကို နားလည်သည်။"ငါတို့ သံလိုက်မြူအမှောင်ထုက မထွက်မချင်း ပူးပေါင်းဆောင်ရွက်ရမှာပဲ...လောင်ညီအစ်ကိုက ကောင်းကင်အဆင့်မဟုတ်လို့ မပျံသန်းနိုင်ဘူး...နင် သူတို့ကို ထားခဲ့မယ်ဆိုရင် ငါက နင့်ကို စွန့်ပစ်ရလိမ့်မယ်...ငါသေချာကြည့်ပြီးပြီ...အဲ့ဒီ ရေကန်က သိပ်မကြီးဘူး...ငါတို့ အရမ်းနောက်ကျနေရင် တခြားလူတွေနဲ့ ပြည့်သွားလိမ့်မယ်...ငါတို့နောက်ကျနေရင် ရောက်နှင့်ပြီးသားလူတွေနဲ့ တိုက်ခိုက်နေရလိမ့်မယ်...ငါတို့အတွက် နေရာမရနိုင်တော့ဘူးဆိုရင် ငါတို့ဘာမှ တတ်နိုင်တော့မှာမဟုတ်ဘူး"အိုင်ရာနှင့် ကျိယီတို့၏ အမူအယာများက ပြောင်းလဲသွားကြသည်။သူတို့က ရှီယန့်စကားကို သဘောတူလိုက်ကြပြီး နောက်ထပ် အရစ်ရှည်မနေကြတော့ပါ။ညီအစ်ကိုနှစ်ယောက်ကို ဆွဲခေါ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားကြလေသည်။"သွားတော့..."ရှီယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း ဆွဲငင်အားနယ်ပယ်များကို ရွေ့လျားစေလိုက်သည်။ဆွဲငင်အားနယ်ပယ်သုံးခုသည် အရူးအမူး လည်ပတ်နေသော အသားကြိတ်စက်ကြီးများကဲ့သို့ တရွှီးရွှီးမြည်သံများဖြင့် ရောက်ရှိလာသည်။.ဆွဲငင်အားနယ်ပယ်သုံးခုက သုံးနေရာ ခွဲထွက်သွားသည်။ချီရှောင်းတို့ ကျိယီတို့အုပ်စုအနီး ၀ိုင်းဝန်းနေကြသော သားရဲများကို ရှဲသွားစေသည်။ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ သွားရန် တည့်မတ်သော လမ်းကြောင်းတစ်ခုကို ရှင်းလင်းပေးလိုက်လေသည်။ချီရှောင်းတို့လည်း တုံ့ဆိုင်းမနေပဲ အရှိန်မြှင့်တင်လိုက်ကြသည်။ဖြစ်ပေါ်လာသော လမ်းကြောင်းအတိုင်း မြို့လည်ခေါင်သို့ ပျံသန်းသွားကြသည်။ရှီယန်က သူတို့နောက်တွင် နေရစ်ခဲ့သည်။သူ့မျက်လုံးများက အေးစက်ကာ စူးရှနေကြသည်။သူက ဆွဲငင်အားနယ်ပယ်သုံးခုကို စိတ်ဖြင့်နိုင်နိုင်နင်းနင်း ထိန်းချုပ်ရင်း ချီရှောင်းတို့ အိုင်ရာတို့အုပ်စုကို လမ်းရှင်းပေးနေသည်။ဆွဲငင်အားနယ်ပယ်သုံးခုသည် သူတို့အုပ်စုကို အရှေ့ဘက်နှင့် ဘေးနှစ်ဖက်မှဝန်းရံကာ သားရဲများ နီးကပ်လာမည့်အန္တရာယ်မှ ကာကွယ်ပေးထားသည်။ဆွဲငင်အားနယ်ပယ်သုံးခုကြောင့် ချီရှောင်းတို့က မျက်နှာချင်းဆိုင်နှင့် ၀ဲယာမှ အနှောက်အယှက်များကို လျစ်လျူရှုထားနိုင်သည်။နောက်ကျောဘက်တွင်လည်း ရှီယန် ပါလာသောကြောင့် သူတို့က ရှေ့သို့သာ စိတ်ချလက်ချပြေးသွားနိုင်လေသည်။ရှီယန်က နောက်ဆုံးတွင် ကျန်ရစ်ခဲ့သည်။ဆွဲငင်အားနယ်ပယ်သုံးခုကို ထိန်းချုပ်ရင်း သားရဲများ၏ ၀န်းရံမှုအောက်မှ ထိုလူများ လွတ်သွားသည်အထိ စောင့်ကြည့်နေသည်။ပြီးမှ သူ့စိတ်ဖြင့် တစ်ချက် ထိန်းချုပ်ကာ ဆွဲငင်အားနယ်ပယ်သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။မီတာတစ်ရာခန့် မြင့်မားသော ရဲတိုက်ကြီးနှင့် ရွယ်တူ ဧရာမ မီးခိုးရောင် လေဆင်နှာမောင်းကြီး အဖြစ် ပေါင်းစည်းသွားပြီဖြစ်သည်။သန်မာသော သားရဲကြီး ဆယ်ကောင်ခန့်သည် ဇူခွားတို့ အိုင်ရာတို့ ပျံသန်းထွက်ခွာသွားသည်ကို ခွင့်ပြုလိုက်ရပြီးနောက် ရှီယန့်ကို ဒေါသတကြီး စိုက်ကြည့်လာကြသည်။သူက သားရဲကြီးများ၏ တစ်ခုတည်းသော ပစ်မှတ် ဖြစ်သွားပြီဖြစ်သည်။သို့သော်လည်း ရှီယန်က တည်ငြိမ်နေဆဲပင်ဖြစ်သည်။သူက ကြယ်တာရာ အလင်းတစ်ချက်နှင့်အတူ ဧရာမ လေဆင်နှာမောင်းကြီးထဲ ခုန်ဝင်သွားလိုက်လေသည်။ပြီးနောက် ဆွဲငင်အားနယ်ပယ်ကို ဆက်လက်ထိန်းချုပ်ရင်း မြို့လည်ခေါင်ဆီသို့ ဆက်လက် ဦးတည်လိုက်ည်။ရှိယန်က ဆွဲငင်အားနယ်ပယ်ထဲတွင် ရှိနေသောအခါ သားရဲကြီးများက အနားသို့ မကပ်ရဲကြတော့ပါ။သို့သော်လည်း လက်လျှော့လိုဟန်မရပဲ ခပ်လှမ်းလှမ်းမှ လိုက်ပါလာကြဆဲဖြစ်သည်။မီးခိုးရောင် လေဆင်နှာမောင်းကြီးသည် ရှီယန်၏ ထိန်းချုပ်မှုအောက်တွင် ချီရှောင်းတို့ အိုင်ရာတို့ သွားရာ လမ်းအတိုင်း လိုက်ပါသွားသည်။သို့သော်လည်း သားရဲအချို့က အသက်ကိုပင် ဂရုမစိုက်ပဲ ဆွဲငင်အားနယ်ပယ်ထဲသို့ တိုးဝင်ကာ ရှီယန့်ကို သတ်ဖြတ်လိုကြသည်။ထိုအကောင်များ အနားကပ်လာသည်နှင့် ရှီယန်က သေခြင်းရှင်ခြင်း နိမိတ်တော်ကို ဖော်ထုတ်ကာ ရိုက်ထုတ်ရသည်။သေခြင်းရှင်ခြင်းနိမိတ်တော်၏ ပေါက်ကွဲအားက သားရဲကြီးများကို မူးဝေယိမ်းယိုင်ကာ အနားမကပ်နိုင်ပဲ ဖြစ်သွားစေသည်။ဆွဲငင်အားနယ်ပယ်ကို ဖန်တီးသူဖြစ်သောကြောင့် သူကသဘာဝအတိုင်း အတွင်းရှိ စွမ်းအင်များ၏ သက်ရောက်ခြင်းကို မခံရပေ။သို့သော်လည်း အတွင်းဘက်ရှိ ရွှေပိုးမျှင်များကိုတော့ စုစည်းကာ ထောင့်တစ်ထောင့်တွင် စုစည်းထားရသည်။ရွှေပိုးမျှင်များသည် အလွန်တရာ ထက်ရှလှသောကြောင့် ရှီယန်က သူ့ ခန္ဓာကိုယ်ဖြင့် မရင်းရဲပါ။သူက ဆွဲငင်အားနယ်ပယ်ကို ထိန်းချုပ်ရင်း အခြေအနေများ ရှုပ်ထွေးနေသည့် ရှေးဟောင်းမြို့ကြီး၏ အလယ်ဗဟိုသို့ တဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ချီရှောင်းတို့ အိုင်ရာတို့က လေထဲတွင် ပျံသန်းနေကြဆဲဖြစ်သည်။သူတို့က သားရဲများ၏ တိုက်ခိုက်မှုကို ရှောင်ရှားရုံသာ ရှောင်ရှားပြီး ရှေ့ဆက်တိုးသွားကြသည်။သူတို့က အချို့သားရဲများကို မရှောင်ရှားနိုင်သည့်အခါ ပူးပေါင်းခွန်အားဖြင့် တွန်းထုတ်ကြသည်။သူတို့က သားရဲများကို သတ်ဖြတ်ရန် အဓိကထားခြင်းမဟုတ်ပဲ ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ရန်သာ အာရုံစိုက်ထားကြခြင်းကြောင့်ဖြစ်သည်။သူတို့၏ လုပ်ဆောင်မှုက မှန်ကန်ပါသည်။သားရဲများက ကျောက်တောင်ကြီးလေးလုံးဆီမှ ဆင်းသက်လာကြခြင်းဖြစ်သောကြောင့် အများစုက မြို့၏ အစွန်အဖျားဘက်ဆီတွင် လှည့်လည်နေကြဆဲဖြစ်သည်။လက်ရှိအချိန်တွင် မြို့လယ်ခေါင်သည် သားရဲ အနည်းဆုံးနေရာဖြစ်ပါသည်။မြို့လယ်ခေါင်သို့ ရောက်နှင့်ပြီးသော သိုင်းသမားများကလည်း သားရဲများကို သတ်ဖြတ်ကြလေရာ အရေအတွက်က ပိုမို နည်းပါးသွားသည်။ထို့ကြောင့် ရှေးဟောင်းမြို့၏ အလယ်ဗဟိုနှင့် နီးကပ်လာလေလေ သားရဲများနှင့် ထိပ်တိုက်တွေ့ခြင်း နည်းပါးလာသည်။ထို့ကြောင့် ထိုနေရာက သဘာဝအလျောက် လုံခြုံမှုပေးနိုင်သော ဧရိယာဖြစ်လာသည်။လက်ရှိအချိန်တွင် မြို့လယ်ခေါင်မဟုတ်သည့် ပြင်ပနေရာများသည် ပိုမိုခက်ခဲလာသည်။အခြေအနေကို သဘောမပေါက်သော သိုင်းသမားများသည် ပိုမိုများပြားလာသော သားရဲများနှင့် ရင်ဆိုင်ရင်း ကျဆုံးကုန်ကြသည်။ဆွဲငင်အားနယ်ပယ်က သာမန်အမြန်နှုန်းဖြင့်သာရွေ့လျားနေသည်။လမ်းတစ်လျှောက်တွင် ရှီယန်က အဆက်မပြတ် လှုပ်ရှားလာခဲ့သည်။လောလောလတ်သေဆုံးသွားသော သိုင်းသမားတို့၏ အလောင်းများကို ဆွဲငင်အားနယ်ပယ်ထဲ ဆွဲသွင်းလာခဲ့သည်။ထို သိုင်းသမားတို့ထံမှ စုပ်ယူရရှိလာသော အော်ရာများကလည်း နည်းပါးသော ပမာဏမဟုတ်ပါ။သူ နောက်ချန်တာဝန်ယူခဲ့ခြင်းကလည်း ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ လူသေကောင်များထံမှ အော်ရာများ စုပ်ယူချင်သောကြောင့်ဖြစ်သည်။ဆွဲငင်အားနယ်ပယ်ကြောင့် သူက သားရဲများ၏ ၀န်းရံခံရခြင်းကို မှုစရာမလိုသေးပါ။ထိုယုံကြည်မှုနှင့် လက်ရှိ ဗရမ်းပတာ အခြေအနေသည် သူ့အတွက် လက်မလွှတ်နိုင်သော အခွင့်ကောင်းပင်ဖြစ်နေပါသည်။ဒါဇင်နှင့်ချီသော လူသေအလောင်းများသည် ရွှေကြိုးမျှင်များ ထားရှိရာ ထောင့်တွင် စုပုံနေသည်။၎င်းတို့ထံမှ အော်ရာများက ရှီယန့် မရီဒျန်များထဲသို့ အဆက်မပြတ် တိုးဝင်နေကြသည်။ရှီယန်က ဆွဲငင်အားနယ်ပယ်ကို ထိန်းချုပ် ရွေ့လျားနေရင်း လူသေအလောင်းများ၏ သိုလှောင်လက်စွပ်များထဲမှ မိစ္ဆာအမြုတေများကို သိမ်းဆည်းလိုက်သည်။သားရဲအသေကောင်များထံမှလည်း မိစ္ဆာအမြုတေများကို ရိပ်သိမ်းနိုင်ခဲ့သေးသည်။ဒီတစ်ခေါက် သူ၏ ရိပ်သိမ်းနိုင်မှုက အမှန်တကယ်ပင် မနည်းပါးလှချေ။ယခု မြို့လယ်ခေါင်ရှိ ငွေရောင် ရေကန်ငယ်တွင် အခြေအနေအချို့ ပြောင်းလည်းစပြုလာသည်။ရေကန်ငယ်သည် ဆယ်မီတာမျှသာ ကျယ်ဝန်းသောကြောင့် သိုင်းသမားအနည်းငယ်အတွက်သာ နေရာပေးနိုင်ပါသည်။ရေကန်ထဲ ရောက်နှင့်ပြီးသော သိုင်းသမားများသည်လည်း ထိုနေရာ၏ လုံခြုံမှုကို အရသာတွေ့သွားပြီဖြစ်သောကြောင့် ပြန်လည်ထွက်ခွာလိုစိတ်မရှိတော့ပါ။သို့သော်လည်း အခက်အခဲမျိုးစုံ ဖြတ်ကျော်ကာ မြို့လယ်ခေါင်သို့ ထပ်မံရောက်ရှိလာကြသူများကလည်း ရေကန်ထဲသို့ ၀င်ရောက်လိုကြသည်။အသစ်ရောက်ရှိလာကြသူများသည် ရေကန်ထဲသို့ မ၀င်ရောက်နိုင်တော့လျှင် သူတို့ကသေချာပေါက် အပြင်ဘက်တွင် နေကြရမည်ဖြစ်သည်။ယခုအချိန်တွင် ရာနှင့်ချီသော သားရဲများသည်လည်း မြို့လယ်ခေါင်ကို ဦးတည်စပြုပြီဖြစ်သည်။၎င်းတို့က ရေကန်ပြင်ပတွင် ရှိနေသော သိုင်းသမားများကို သေချာပေါက် သတ်ဖြတ်မည်ဖြစ်သည်။ထို့ကြောင့် ရေကန်ထဲတွင် နေရာရရန်အတွက် လူသားအချင်းချင်း တိုက်ပွဲကြီး စတင်လာလေပြီ။ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေက မဖြစ်မနေ လူသတ်ပွဲကြီးဆီသို့ ခေါ်ဆောင်သွားပြီဖြစ်သည်။နောက်ထပ် ထူးဆန်းသော အခြေအနေတစ်ခုကလည်း သိုင်းသမားများသည် ရေကန်၏ ငွေရောင်အလင်းစက်ဝန်းအတွင်းတွင် ပျံသန်းလို့ မရကြတော့ပါ။ထို့ကြောင့် ကောင်းကင်အဆင့် သိုင်းသမားများသည်လည်း မိုးပျံကာ လုံလုံခြုံခြုံ နေခွင့်မရှိပဲ လမ်းလျှောက်နေကြရသည်။ရေကန်တွင် နေပြီး သားရဲကြီးများ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုသူများသည် တိုက်ပွဲကို ရှောင်လွှဲလို့ မရတော့ပါ။လူလူချင်း စတင်တိုက်ခိုက်ကြသောအချိန်တွင်တော့ သားရဲများနှင့် တိုက်ပွဲထက် ပိုမို ရက်စက်ကြမ်းကြုတ်ကြပါလေတော့သည်။မီတာ ရာပေါင်းအနည်းငယ်အကွာတွင် ဆွဲငင်အားနယ်ပယ်ထဲ ရပ်နေရင်း ရှီယန် စောင့်ကြည့်နေသည်။လျှို့ဝှက် လက်နက်များ မှော်ရတနာများ ၀ုန်းဒိုင်းကျဲနေကြသည်။လင်းလက်တောက်ပသော အလင်းတန်းများလဲ နေရာအနှံ့အပြား ဖုံးလွှမ်းသွားကြသည်။ခနအတွင်းမှာပင် နာကျည်းစွာ အော်ဟစ်လိုက်သံများ ထွက်ပေါ်လာပြီဖြစ်သည်။ထိုစဉ်မှာပင် သွေးနွယ်ရှင်လက်စွပ်ထဲမှ ဆက်သွယ်မှုနှစ်ခုကို ရှီယန် ရရှိလိုက်သည်။"ငါတို့ကို ထုတ်ပေးပါ"အေးစိမ့်ရေခဲမီးလျှံနှင့် မြေကမ္ဘာမီးလျှံ...။ထိုကောင်းကင်မီးလျှံနှစ်ခုသည် သွေးနွယ်ရှင်လက်စွပ်ထဲတွင် စိတ်လှုပ်ရှားစွာ ယိမ်းထိုးနေကြသည်။----- ----- ------ ----- ------ ----- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Όπου ζουν οι ιστορίες. Ανακάλυψε τώρα