282

969 118 0
                                    

God of Slaughter (chapter - 282)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈၂) ဆုံးဖြတ်ချက်

"စင်းယန်..မရိုင်းရဘူး..."
ရှာရူစင်းက လေသံမာမာဖြင့် ငေါက်လိုက်သည်။
သူ့မျက်နှာက မကျေမနပ်ဖြစ်သွားမှန်း သိသာလေသည်။ သူက မျက်မှောင်ကြုတ်ကာ အသံနိမ့်နိမ့်ဖြင့်
"ညည်းက ပြန်လည်ဝင်စားခြင်း သိုင်းဝိညာဉ် အသုံးပြုလိုက်တာနဲ့ ကောင်းကင်အဆင့် တစ်ခါတည်း ၀င်ရောက်သွားမှာလေ...ဂူယုနဲ့ ဖန်းဟိုင်မပြောနဲ့ ငါကိုယ်တိုင်တောင် နင့်ကို ပြိုင်ဖက်အဖြစ် မစဉ်းစားရဲဘူး..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဂူယုနှင့် ဖန်းဟိုင်သည်လည်း အနည်းငယ် ရှက်အမ်းအမ်းဖြစ်သွားကြပြီးနောက် အောင့်သက်သက် ပြုံးလိုက်ကြသည်။

ဂူယုနှင့် ဖန်းဟိုင်သည် ရှာမိသားစု၏ ဆန်းကြယ်သော ပြန်လည်ဝင်စားခြင်းသိုင်းဝိညာဉ်အကြောင်း မသိ မရှိပါ။
ပြန်လည်ဝင်စားခြင်းသိုင်းဝိညာဉ် အသက်ဝင်လာသည်နှင့် ရှာစင်းယန်၏ ခွန်အားသည် မူလထက် အဆပေါင်းများစွာ တိုးမြင့်သွားပေလိမ့်မည်။
ရိုးရိုး အင်အားသက်သက် တိုးမြင့်သွားခြင်းမဟုတ်သေး...ဒါက အဆင့်ကြီးနှစ်ဆင့်သုံးဆင့် ခုန်ပျံတိုးမြင့်သွားတာဖြစ်သည်။

ဂူယုရော ဖန်းဟိုင်ပါ သူတို့၏ စွမ်းရည်အပေါ် ယုံကြည်မှုရှိကြပါသည်။
သို့သော်လည်း သူတို့က ထို သီးသန့်ဆန်လှသော ပြန်လည်ဝင်စားခြင်းသိုင်းဝိညာဉ်ကြီးကို ချေဖျက်နိုင်မည်ဟုတော့ ယုံကြည်မှု မမြင့်မားကြပါ။
ထို့ကြောင့် သူတို့က မည်သူမျှ သူရဲကောင်းလုပ်ပြီး စိန်ခေါ်ချက်ကို လက်မခံဝံ့ကြချေ။

ကျောက်ယုက ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေသည်။
သူက မျက်မှောင်ကြုတ်ရင်း ဂူယုနှင့် ဖန်းဟိုင်တို့ကိုကြည့်နေသည်။
သူက ဂူမိသားစုနှင့် နတ်ရေကန်ကျွန်းမှ အခြားသိုင်းသမားများကိုလဲ အလွတ်မပေးပဲ သေချာ စောင့်ကြည့်နေပါသည်။

ရှာရှမ်းချွမ်ကတော့ ခုထိ ပေါ်မလာသေး။
သူက ဒီကအခြေအနေကို ဂရုစိုက် ကြည့်ရှုထားရန် ကျောက်ယုကို တာဝန်ပေးထားခြင်းဖြစ်သည်။
ကြီးမားသော အပြောင်းအလဲတစ်ခုခု မပေါ်ပေါက်ခဲ့လျှင် သူက ထွက်လာမည်မဟုတ်။
ဂူမိသားစု၊ နတ်ရေကန်ကျွန်းတို့နှင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများကို အတတ်နိုင်ဆုံး ရှောင်လွှဲလိုခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now