306

626 92 0
                                    

Chapter 306: Good fortune came unexpectedlyကံကောင်းခြင်း

ပြူတင်းတံခါးတွင် မေးထောက်ကာ ရှီယန်တစ်ယောက် ပြာလဲ့လဲ့ရေကန်ဆီသို့ ငေးလျှက်ရှိသည်။

ထူထပ်သော ရေခိုးရေငွေ့များကြားတွင် လှပသော ပုံရိပ်လေးများက မပီဝိုးတ၀ါးဖြင့် အသည်းယားစရာကောင်းလောက်အောင် ပေါ်လိုက် ပျောက်လိုက်ရှိသည်။

ရုပ်ချောချော လူငယ်သိုင်းသမားအချို့သည်လည်း တန်ဖိုးကြီး အ၀တ်အစားများ ၀တ်ဆင်ကာ သူ့လိုပင် ပြူတင်းတံခါးများမှ မျှော်ငေးနေကြသည်။

အချင်းချင်း နောက်ပြောင် ရယ်မောကြရင်း အားလုံးပင် စိတ်လက်ပေါ့ပါးနေကြဟန်တူသည်။

ပျော်ပွဲရုံထဲတွင် နတ်မင်းသုံးပါးဂိုဏ်းမှ အစေခံများ ၀င်လိုက်ထွက်လိုက် ရှိနေကြသည်။

နတ်မင်းသုံးပါးဂိုဏ်းမှ ဧည့်ခံကျွေးမွေးသော သစ်သီးဝလံများကို စားပွဲများတွင် လိုက်လံ တည်ခင်းပေးလျှက်ရှိကြသည်။

နေ၀န်းကျွန်းကို ကြုံတောင့်ကြုံခဲ ဖွင့်လှစ်ထားပြီး ပြင်ပကမ္ဘာကို ဖိတ်ခေါ်ထားသည်။

နာမည်ကျော် အင်အားစုများ၊ မိသားစုကြီးများမှ ခေါင်းဆောင်များ၊ သူတို့၏ နောက်လိုက်များ မိသားစုဝင်များသည် နတ်မင်းသုံးပါးဂိုဏ်း၏ ဧည့်သည်တော်များပင်မဟုတ်လော။

ထို့ကြောင့် မြင့်မြတ်ရောင်စဉ်တောင်ခြေရှိ စားသောက်ဆိုင်များသည်လည်း အခမဲ့ ဟင်းလျာများ သစ်သီးဝလံများဖြင့် ဧည့်ခံကြသည်။

သို့သော်လည်း

နတ်မင်းသုံးပါးဂိုဏ်းက အဖိုးတန် စားသောက်ဖွယ်ရာများ ရှားပါး အရက်များကိုတော့ အခမဲ့မပေးပါ။

သင့်တွင် လုံလောက်သော ငွေကြေးရှိလျှင်တော့ ၀ယ်ယူသုံးဆောင်နိုင်ပါသည်။

ရှီယန်က နတ်မင်းသုံးပါးဂိုဏ်း၏ တန်ဖိုးကြီး စားသောက်ဖွယ်ရာများ စာရင်းကို တစ်ချက် လှန်လှောကြည့်ရှုသည်။

သို့သော်လည်း သူက ထိုအရာများကို စားသောက်ရန် သိပ်စိတ်မပါပဲဖြစ်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now