299

623 93 2
                                    

Chapter 299: မတွေ့တာကြာပြီ

နေ၀န်းကျွန်း၏ အနောက်တောင်ဘက်တွင် 

အနီရောင်ဖျော့ဖျော့ အုတ်ချပ်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံကြီးတစ်ခုရှိသည်။

ထို အဆောက်အအုံကြီးသည် သိုင်းကျင့်စဉ် လွဲမှားဖောက်ပြန်ကာ သေဆုံးသွားခဲ့သော အကြီးအကဲဟောင်းတစ်ယောက်၏ နေအိမ်ဖြစ်ခဲ့သည်။

ထို့ကြောင့် ယခုအချိန်တွင် ပိုင်ရှင်မဲ့ဖြစ်နေလေသည်။

ထို ကြီးကျယ်ခမ်းနားသော အိမ်ကြီးသည် မီတာတစ်ရာပတ်လည်မျှ ကျယ်ဝန်းပြီး သဘာဝ တောတောင်ရေမြေ အတုများ ဖန်တီးထားသော ဥယျဉ်ကြီးတစ်ခုလဲ ပါရှိသည်။

ခြံဝင်းကျယ်ကြီးထဲတွင်လဲ ပုံစံအရွယ်အစား အမျိုးမျိုးသော အိမ်ငယ်လေး ဆယ်လုံးမျှလဲ ရှိကြသည်။

အတွေ့အကြုံရင့်ကျက်သော အစေခံများက မပြတ် စောင့်ရှောက်လျှက်ရှိရာ ထိုနေရာသည် မြူမှုံတစ်မှုံမျှပင် မတင်သကဲ့သို့ သပ်ရပ်သန့်ရှင်းလျှက်ရှိသည်။

နတ်မင်းသုံးပါးဂိုဏ်းတွင် 

အကြောင်းကိစ္စအမျိုးမျိုးဖြင့် ရောက်ရှိလာကြသော ဧည့်သည်များအတွက် အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားသော တည်းခိုစရာနေရာများရှိသည်။

ယခု အိမ်တော်သည် နတ်မင်းသုံးပါးဂိုဏ်း၏ အထူးဧည့်သည်တော်များသာ တည်းခိုရသော နေအိမ်ဖြစ်သည်။

သာမာန်ဧည့်သည်များ စေတမန်များ ဒီနေရာတွင် တည်းခိုးဖို့ အဆင့်မမှီပါ။

ရှီယန်နှင့် အခြား ခေါင်းဆောင်သုံးဦးဖြစ်သော ယီတျန်းမို၊ ခါ့ဘာ၊ ယာမန်းတို့ ထိုနေရာသို့ ရောက်ရှိလာသောအခါ ဟိုဒီကြည့်ရင်း အံ့အားသင့်သွားကြသည်။

သစ်သားတိုင်လုံးကြီးများ၊ ခန့်ငြားသော အိမ်တွင်း အပြင်အဆင်များနှင့် ပရိဘောဂများ ခေတ်မှီ အသုံးအဆောင်ပစ္စည်းများကိုကြည့်ကာ နတ်မင်းသုံးပါးဂိုဏ်း၏ ကြွယ်ဝချမ်းသာမှုကို ကြိတ်၍ အသိအမှတ် ပြုကြရသည်။

သပ်သပ်ရပ်ရပ်နှင့် ကြည့်ကောင်းချောမောသော အစေခံမလေးများမှာလဲ ဆယ့်လေးငါးနှစ်အရွယ်လေးများသာဖြစ်ကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now