အပိုင်း ၂၀၅

1.6K 177 0
                                    

God of Slaughter (chapter – 205)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၅) ယန်မိသားစု၏ စမ်းသပ်မှု

ယန်မိသားစု…
စောက်နက်ကာ အေးစက်သော ရေများ ဖြည့်သွင်းထားသော ရေကန်တစ်ခု၏ဘေး…

ယန်မူနှင့် ရှီယန်တို့သည် ကန်ထောင့်တွင် တိတ်တိတ်လေး ရပ်နေကြသည်။
ရေကန်နက်ထဲရှိ နုနုနယ်နယ် ပုံရိပ်လေးတစ်ခုကို ကြည့်နေကြခြင်းဖြစ်သည်။

ဒါက ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးငယ်လေးပင်ဖြစ်ပါသည်။
သူမ၏ ၀ိုင်းစက်သော မျက်လုံးလေးများက ပုံမှန်ထက် ပိုစွာ အသက်ဝင်နေကြသည်။
သေးငယ်ဖြောင့်စင်းသော နှာတံလေးနှင့် ကြည့်ရတာ ချစ်စရာ အသည်းယားစရာကောင်းလှသည်။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ကလေးက ရေကန်ထဲတွင် နစ်မြုပ်နေသည်။
သူမက မျက်မှောင်ကြုံ့လို့နေပြီး ခြေလက်များကို လှုပ်ခတ်လျှက်ရှိသည်။

ကြည်လင်သော ရေကန်ထဲတွင် သူမ၏ ခြေလက်များကို ကြိတ်ဆုံအရွယ် သတ္ထုတုံးကြီးများဖြင့် တွဲချည်ထားရာ
သူမ လှုပ်ရှားလိုက်တိုင်း လှိုင်းလုံးကြီးများ တ၀ုန်းဝုန်းထလျှက်ရှိသည်။

ရှီယန့် မျက်နှာက အံ့သြမှုများ ပြည့်နှက်နေသည်။
သူက ထိုကလေးမလေး၏ ခြေကျင်းဝတ်များ လက်ကောက်ဝတ်များကို သေချာကြည့်နေမိသည်။
ခြေလက်များကို လက်ထိပ်ခတ်ထားပြီး ထို ကြိတ်ဆုံအရွယ် သတ္ထုတုံးကြီးများဖြင့် ချိတ်ဆက်ထားမှန်း သတိပြုမိလိုက်သည်။

ထိုကလေးမလေးက ရေပေါ်ပေါ်လာလိုက် ရေထဲ နစ်သွားလိုက်ဖြင့် ရှိနေသည်။
သူမက ရေပေါ်တွင် ပေါ်နေစေရန် ရုန်းကန်လိုက် ခနနေတော့ သူမ၏ ကိုယ်လုံးသေးသေးလေးက နစ်မြုပ်သွားလိုက်ဖြစ်နေသည်။

“ယန်မန်းက ကောင်းကင်ဖီးနစ် ကျင့်စဉ်ကို လေ့ကျင့်နေတာလေ…အဲ့ဒါက စိတ်ဝိညာဉ်အဆင့် သိုင်းပညာတစ်မျိုးပဲ…သူမရဲ့ ခြေလက်တွေကို ချိတ်ဆွဲထားတာက ဂျင်လေးထောင် လေးလံတဲ့ သတ္ထုတုံးတွေပဲ။
(၁ ဂျင်=၀.၅ kg)

တစ်ချိန်ထဲမှာပဲ ရေကန်ထဲမှာ ရေပေါ်ပေါ်နေအောင် လေ့ကျင့်ရတယ်”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang