281

965 116 0
                                    

God of Slaughter (chapter – 281)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈၁) ကမ္ဘာမြေအသံကို နားထောင်ခြင်း
နှင်းနဂါးကျွန်း…
နှင်းခြုံလွှာကြီးက တောင်ကြီးတစ်ခုလုံးကို အထပ်လိုက် အထပ်လိုက် ခြုံလွှမ်းထားသည်။

နှင်းပွင့်များက မြေပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။
နှင်းတောကြီးအလယ်တွင် ရှီယန်သည် ကျောက်တိုင်တစ်တိုင်နှယ်ခြေဗလာဖြင့် ငြိမ်သက်စွာ ရပ်လျှက်ရှိသည်။
သူ့မျက်လုံးများက တင်းကြပ်စွာ ပိတ်ထားပြီး မြေကြီး၏ အသံကို နားထောင်နေခြင်းဖြစ်သည်။

ကမ္ဘာမြေအဆင့်၏ ကျင့်ကြံမှု လမ်းစဉ်က နည်းနည်းတော့ ပိုခက်၏။
ကီစုစည်မှုများ သန့်စင်စုဆောင်းခြင်းသာ လုပ်ဆောင်နေလို့မရ။

အရှိန်အဟုန်ဖြင့် ကျင့်ကြံမှုနေ့ရက်များတွင် သူ့ရင်ဘတ်ရှိ ကြာပန်း တက်တူး အကူအညီဖြင့် သူက အာရုံစူးစိုက်ထားရန်သာလိုအပ်သည်။
သူ့ကီစုစည်းမှုအမြန်နှုန်းက သာမာန်လူများထက် များစွာ အရှိန်မြှင့်ပြီးသားဖြစ်သည်။

သူ့ ကိုယ်တွင်းရှိ ကီစုစည်းမှု သန့်စင်ခြင်းအဆင့်သည် နောက်တစ်ဆင့်တက်ရမည့် ရေချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူက ကမ္ဘာမြေ တတိယအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာလိုတော့ကြောင်း ခံစားမိနေသည်။

သူက အခြေအနေကို ပြောပြကာ ယီတျန်းမိုနှင့် တိရှန်းတို့ထံ အကြံဥာဏ်တောင်းခံခဲ့သည်။
ထိုအခါ ကမ္ဘာမြေ တတိယအဆင့်သို့ ချိုးဖြတ်တက်ရောက်ရန်အတွက် သူက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ရန် လိုအပ်နေသေးကြောင်း သိရှိခဲ့သည်။

သူ့ ခြေထောက်အောက်ရှိ ကမ္ဘာမြေကြီးသည် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့ပြီးဖြစ်သော ဧရာမ ဖြစ်တည်မှုကြီးပင်ဖြစ်လေသည်။
ကမ္ဘာမြေ၏ နက်ရှိုင်းသော နယ်ပယ်ထဲတွင် အံ့သြဖွယ်ရာများ ဆန်းကြယ်လေးနက်မှုများ ဖြင့် ပြည့်နှက်နေသည်။ ထိုအသံများကို သူက ကြားမြင်သိရှိလာအောင် ခံစားဖို့ လိုအပ်နေခြင်းဖြစ်သည်။
ထိုအချင်းအရာက သာမာန်လူများ ထိတွေ့ခံစားနိုင်ခြင်းမရှိပေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now