400

1.2K 108 7
                                    

Chapter 400: အထိန်းအကွပ်မဲ့ရွေးချယ်မှု...အမြဲပင် ရွေးချယ်စရာ ရှိပါသည်။သို့သော်လည်း ထို ရွေးချယ်စရာနှစ်ခုစလုံးသည် ရှီယန်လိုချင်သောအရာမဟုတ်ပါ။သူ ဘယ်ဟာကိုရွေးရွေး လက်ရှိအခြေအနေနှင့် မကိုက်ညီပါ။အကောင်းဆုံး ရွေးချယ်မှုကတော့ ပျက်သုဉ်းခြင်းခံစားချက်များ သက်ရောက်မခံရခြင်းပင်ဖြစ်သည်။သို့သော်လည်း ဒီတစ်ကြိမ် သူ၏ ပျက်သုဉ်းခြင်း ခံစားချက်များ ပွင့်ထွက်လာသည်နှင့် သူ၏ မကောင်းဆိုးဝါးဘက်ခြမ်းသည် အဆုံးအစမဲ့ ထွက်ပေါ်လာမည်မှန်း ရှီယန် သိနေသည်။သူ ဘယ်လောက်ပင် ကြံ့ကြံ့ခံပါစေ သူ့စိတ်ကိုလွှမ်းမိုးလာသော ပျက်သုဉ်းခြင်းခံစားချက်များကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပါ။သူ့ မရီဒျန်များဆီမှ ပမာဏ များပြားလှသော ပျက်သုဉ်းခြင်းစွမ်းအင်များ တိုးထွက်လာကြသည်။ပျက်သုဉ်းခြင်းစွမ်းအင်များသည် သူ့သွေးများနှင့် ရောနှောပေါင်းစည်းကာ သူ့ သွေးကြောများ ကြွက်သားမျှင်များ သူ့အရိုးများအထိ စီးဆင်းလည်ပတ်သည်။ဒေါသမုန်တိုင်း တတိယအဆင့်သည် ထိန်းချုပ်ရန်ခက်ခဲလာသောအခါ သူ့ အသိစိတ်ပင်လယ်သို့ပင် သက်ရောက်လာဟန်တူသည်။ဘာမှရွေးချယ်စရာမရှိတော့သောအခါ ဒီအတိုင်းပင် သူ့စိတ်က တဖြည်းဖြည်း လွတ်လာသည်။ သူ့အသက်ရှူသံများက ပြင်းထန်လေးလံလာသည်။သူ့မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။အားကောင်းသော ရူးသွပ်မှုများ ထွက်ပေါ်လာသည်။"ဘုန်း..."သူက နောက်ထပ် လှေကားထစ်ပေါ်သို့ တက်နင်းသောအခါ ရုန့်ရင်းကြမ်းတမ်းသော ခွန်အားကြီးက သူ့ခြေထောက်အောက်ရှိ လူသေအလောင်းလှေကားထစ်ပေါ်သို့ သက်ရောက်သည်။သူ့ခြေထောက်အောက်မှ အလောင်းကောင်သည် အပိုင်းပိုင်းအထစ်ထစ် ပျက်စီးသွားပြီး အသားတုံးများအဖြစ် ရေကန်အောက်သို့ ပြုတ်ကျသွားလေတော့သည်။"ဘုန်း...ဘုန်း...ဘုန်း..."သူ့ခြေထောက် ချရာ အလောင်းကောင်လှေကားထစ်တိုင်းသည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်ကာ ပြုတ်ကျသည်။ထို့ကြောင့် သူ့နေရာမှစပြီး အောက်ခြေရှိ လှေကားထစ်များအားလုံး ပျက်စီးကုန်ပြီဖြစ်သည်။အလောင်းကောင်များက ထက်ပိုင်းကျိုးကုန်သောအခါ မည်သည့် တွယ်ဆက်မှုမျှ ရှိတော့ဟန်မတူပဲ အောက်သို့ တိုက်ရိုက်ပြုတ်ကျကုန်သည်။ရှီယန့်အောက်မှ လိုက်တက်လာသော သိုင်းသမားများ ဘ၀ပျက်ကုန်ကြပြီဖြစ်သည်။ဆိုးဆိုးဝါးဝါး အော်ဟစ်သံများပေါ်ထွက်လာပြီး အလောင်းကောင်ထက်ပိုင်းပြတ်များနှင့်အတူ သူတို့အားလုံး ရေကန်ထဲသို့ ပြန်လည်ပြုတ်ကျသွားသည်။ကျိယီနှင့် လူအချို့သည် အလောင်းကောင်လှေကားထစ်များကို တက်နေကြဆဲဖြစ်သည်။အောက်ဘက်မှ အော်သံများကြောင့် ငုံ့ကြည်မိသောအခါ ထိတ်လန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းကို မြင်ကြရသည်။ရှီယန်က သူ့အောက်မှ လှေခါးထစ်များကို လုံးဝ ဖျက်ဆီးလိုက်ပြီး အောက်ဘက်ရှိသိုင်းသမားများကို အဆက်အသွယ်ဖြတ်တောက်လိုက်ပြီဖြစ်သည်။ရေကန်ထဲပြန်ကျသွားသောသိုင်းသမားများသည် အန္တရာယ်လေးမျိုးကို သေချာပေါက် ရင်ဆိုင်ရတော့မည်ဖြစ်သည်။သူတို့က ဘာမှ မတတ်နိုင်ပဲ အောက်သို့ ပြန်လည်ပြုတ်ကျသွားကြရင်း ရှီယန့်ကို မုန်းတီးနာကျည်းစွာ လှမ်းကြည့်နေကြသည်။သို့သော်လည်း ရှီယန်ကတော့ အောက်ဘက်ကို တစ်ချက်ပင် ငုံ့မကြည့်ပါ။သူ့မျက်လုံးများက သွေးနီရောင် ရဲတောက်နေပြီး သိုင်းသမားတို့၏ နာနာကျည်းကျည်းအော်ဟစ်သံများကို လျစ်လျူရှုထားသည်။သူက အလောင်းကောင်လှေကားထစ်များပေါ်သို့သာ ဆက်၍တက်သွားသည်။ထို နာကျင်စွာ အော်ဟစ်နေသံများသည် လျှင်လျှင်မြန်မြန်ပဲ တိတ်ဆိတ်လို့သွားပါသည်။ထို အောက်တွင် ကျန်ရစ်ခဲ့သော သိုင်းသမားများသည် စွမ်းအင်ကျင့်ကြံမှုအဆင့် နိမ့်ကျသူများသာဖြစ်ကြသည်။သူတို့က အလောင်းကောင်လှေကားရှိရာသို့ လာရောက်နိုင်ရန်အတွက် အန္တရာယ်လေးမျိုးကို အစွမ်းကုန် ခုခံကျော်ဖြတ်ခဲ့ကြရသည်။သူတို့အားလုံးပင် အားပြတ်နေကြပြီးဖြစ်သည်။ယခု နောက်တစ်ဖန် ရေကန်ထဲ ပြန်ကျသွားကြသောအခါ စောင့်ကြိုနေသော သဘာဝဘေးအန္တရာယ်လေးမျိုးက အချိန်တိုအတွင်း ၀ါးမြိုသွားပြီဖြစ်သည်။သူတို့၏ သေဆုံးခြင်းသည် အလောင်းပင် မကျန်ရစ်ခဲ့ကြတော့ပါ။ရှီယန်ကတော့ အောက်တွင် ဖြစ်ပျက်နေသည်များကို သိလည်းမသိ ကြည့်လည်းမကြည့်ပါ။အသက်ကိုသာ လေးလံစွာရှူနေရင်း အလောင်းကောင်လှေကားထစ်များကို ဆက်တက်နေသည်။သူ့မျက်လုံးနှစ်လုံးက သွေးရောင်ဖြင့် ရဲရဲတောက်နေပြီဖြစ်သည်။ကောင်းကင်ထက်ရှိ နဂါးငွေ့တန်း မြစ်ကြီးနှစ်စင်းပေါ်တွင်တော့ ရှေးဟောင်းအလောင်းကောင်များ ခုန်ပေါက်ပျံသန်းနေကြသည်။၎င်းတို့၏ ရင်ဘတ်တွင် မြှုပ်နှံထားသော ၀င်္ကဘာအစီအရင်သည် လျှို့ဝှက်ဆန်းကြယ်လှပြီး တစ်ကောင်ချင်းစီ၏ ရင်ဘတ်ထဲတွင် ၀င်းလက်တောက်ပသော မှော်ရတနာများကို မြင်တွေ့နိုင်သည်။ ထိုမှော်ရတနာများက ၄င်းတို့ လှုပ်ရှားတိုက်ခိုက်ရန် စွမ်းအင်အရင်းအမြစ်များအဖြစ် ထောက်ပံ့ပေးထားခြင်းဖြစ်သည်။မှော်ရတနာများနှင့် ရှေးဟောင်း အလောင်းကောင်များ...၄င်းတို့သည် အပေါ်တက်လာသော သိုင်းသမားများကို အရူးအမူးတိုက်ခိုက်နေကြလေသည်။ကျောက်ဖန်းနှင့် လီယွီတို့အုပ်စုသည်လည်း ထို မှော်ရတနာနှင့်အလောင်းကောင်များကို ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီဖြစ်သည်။အခြားသိုင်းသမားများသည်လည်း တိုက်ကွက်အမျိုးမျိုးထုတ်ဖော်ကာ မှော်ရတနာများကို ရယူနိုင်ရေး အားကြိုးမာန်တက် တိုက်ခိုက်လျှက်ရှိသည်။အလောင်းကောင်တစ်ကောင် ပျက်စီးသွားလျှင် ၄င်း၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသော မှော်ရတနာက ပြုတ်ထွက်လာသည်။ထိုအခါ ထိုမှော်ရတနာအတွက် အနီးအနားမှ သိုင်းသမားများအချင်းချင်း သတ်ဖြတ်ကုန်ကြပြန်သည်။ဇူရှီသည် ဘေးထွက်ရပ်နေခြင်းဖြစ်သည်။သူမက ထိုတိုက်ပွဲတွင် ၀င်မပါရဲပါ။သူမက မှော်ရတနာများအတွက် အချင်းချင်း ရူးသွပ်စွာ သတ်ဖြတ်နေကြသော သိုင်းသမားများကိုသာ ရင်သပ်ရှုမော ငေးကြည့်နေသည်။အပေါ်သို့ ရောက်ရှိလာပြီး တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် ဒီတိုက်ပွဲ၏ ရက်စက်သော သဘောသဘာဝကို ချက်ခြင်း နားလည်သွားနိုင်ပါသည်။ဇူခွားသည်လည်း ဇူရှီနှင့်အတူ ရပ်နေ၏။သူက ဇူရှီ့ကို လှုပ်ရှားမှု မပြုလုပ်ရန်နှင့် အခြားသိုင်းသမားများ၏ အာရုံကို ဆွဲဆောင်ခြင်းမပြုရန် တဖွဖွပြောနေသည်။ဇူရှီက နားလည်သဘောပေါက်သလို နာလည်းနာခံပါသည်။သူမက ရပ်ကြည့်ရုံသာ ကြည့်နေပြီး လုံးဝ ၀င်မပါချေ။သူမသည် ကိုယ့်ကိုယ်ကို လုံခြုံမှုရှိအောင် နေတတ်ပါသည်။သူမရပ်နေသောနေရာသည်လည်း တကယ်တော့ အလွန် လုံခြုံသောနေရာဖြစ်သည်။အပေါ်ရောက်လာကြသော သိုင်းသမားများအားလုံးသည် မှော်ရတနာများအတွက်သာ ရောက်ရှိလာကြခြင်းဖြစ်သည်။သူမက မှော်ရတနာများအပေါ် သွားမရှုပ်လျှင် ဘယ်သူကမှ သူမကို စိတ်မ၀င်စားကြပါ။အပေါ်ရောက်သည်နှင့် ချီရှောင်းနှင့် လောင်ညီအစ်ကိုနှစ်ယောက်သည်လည်း ဇူခွားတို့ဘေးသို့ ရောက်ရှိလာကြသည်။သို့သော်လည်း ဇူရှီနှင့် မတူသည်က လောင်ညီအစ်ကိုတို့၏ မျက်နှာတွင် ထို မှော်ရတနာများအပေါ် လိုချင်တပ်မက်မှုကို အတိုင်းသားမြင်နေရခြင်းဖြစ်သည်။သူတို့က ရှေးဟောင်းအလောင်းကောင်များပေါ်မှ မှော်ရတနာများကို အာသာငမ်းငမ်းဖြင့်ကြည့်နေကြသည်။"ခင်ဗျားရော လိုချင်တယ်မဟုတ်လား"လောင်လီက ချီရှောင်းအနားသို့ ကပ်ကာ မေးလိုက်သည်။ သူ့မျက်နှာက ၀မ်းသာပျော်ရွှင်မှုများပြည့်နှက်နေသည်။"ကျုပ်တို့ လှုပ်ရှားကြမလား"ချီရှောင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲကို ကြည့်နေရင်း သူက အသာခေါင်းယမ်းပြလိုက်သည်။"ခနလောက်စောင့်ကြတာပေါ့...ရှီယန် ခနနေ အပေါ်ရောက်လာတော့မှာ...အဲ့ဒီအခါကျမှ ဆုံးဖြတ်ကြတာပေါ့"ညီအစ်ကိုနှစ်ယောက်စလုံး အထွန့်မတက်ပဲ ခေါင်းညိတ်လိုက်ကြသည်။နဂါးငွေ့တန်းမြစ်ကြီး၏ ရေက ထူးဆန်းလှသည်။လူအုပ်ကြီး၏ နံဘေးတွင် စီးဆင်းနေသော်လည်း ဘယ်သူမှ သတိမထားမိကြချေ။လူအများက ထိုအရာကို ပုံရိပ်ယောင်ဟုသာထင်မှတ်နေကြဟန်တူသည်။သူတို့အပေါ်လည်း မည်သည့်သက်ရောက်မှုမှ မရှိသောကြောင့် ဂရုလည်းမစိုက်ကြချေ။သူတို့ခြေထောက်အောက်တွင်ရှိနေသောအရာမှာ ပါးလွှာသောကျောက်သားအလွှာချပ်များဖြစ်သည်။ထိုအရာက ကုန်းမြေတစ်ခုကဲ့သို့ဆက်စပ်နေပြီး အဖြူရောင်အလင်းများ ထွက်ပေါ်နေသည်။တကယ်တော့ အားလုံးက လှေငယ်များပေါ်တွင် ပေါ်လောပေါ်နေကြပေါ်နေကြခြင်းနှင့် အလားသဏ္ဍန်တူသည်။အပေါ်ရောက်လာသော သိုင်းသမားအများစုက ကောင်းကင်အဆင့်များဖြစ်ကြသည်။အယောက်နှစ်ဆယ်ခန့်ရှိလိမ့်မည်ဖြစ်ပြီး ကောင်းကင်အဆင့်သိုင်းသမားအများစုသည် တိုက်ပွဲတွင် ၀င်ပါလျှက်ရှိကြသည်။ထို့ကြောင့် အခြေအနေက အလွန် အန္တရာယ်များလှသည်။တစ်စုံတစ်ယောက်သည် အနည်းငယ်မျှ သတိလွတ်လိုက်သည်နှင့် သေဘေးက မဆိုင်းမတွ ရောက်ရှိလာနိုင်သည်။ချီရှောင်းသည် ကောင်းကင် ဒုတိယအဆင့် စွမ်းအင်ကျင့်ကြံမှု အခြေရှိသော်လည်း ဤနေရာတွင်တော့ သူက ဘာမှ ထူးခြားသူမဟုတ်တော့ပါ။ယခုအချိန်တွင် ကောင်းကင်အဆင့် သိုင်းသမားခြောက်ယောက် ရှိနေပါသည်။ကောင်းကင်ဒုတိယအဆင့် သိုင်းသမားက ဆယ်ယောက်ကျန်လူများအားလုံးနီးပါးက ကောင်းကင် ပထမအဆင့်များဖြစ်ကြသည်။လောင်ညီအစ်ကိုနှစ်ယောက်မှလွဲပြီး နီဗားနား တတိယအဆင့် သိုင်းသမား နှစ်ယောက်သာရှိသည်။ဇူရှီသည် တစ်ယောက်တည်းသော အန္တရာယ်အဆင့်သိုင်းသမားလေးဖြစ်သည်။ကျိယီက အပေါ်သို့ အလျှင်အမြန် ရောက်ရှိလာသည်။လက်ရှိအခြေအနေကို လျှင်မြန်စွာ အကဲခတ်လိုက်ပြီးနောက် ချီရှောင်းတို့ထံပြေးလာသည်။သူမ၏ မျက်နှာက ပျက်ယွင်းနေပြီးလေသံတိုးတိုးဖြင့်"ရှီယန် တစ်ခုခုဖြစ်နေပြီ""ဘာ..."ချီရှောင်း၊လောင်လီနှင့် ဇူရှီတို့က တစ်ပြိုင်နက်ထဲ မေးလိုက်မိကြသည်။"ဘာဖြစ်တာလဲ""ကျမလည်း သိပ်မသေချာဘူး"ကျိယီက ချီရှောင်းကို ကြည့်ကာ ရှင်းပြသည်။သူမ၏ မျက်နှာအမူအယာက အလွန်ထူးဆန်းနေသည်။"သူက မကောင်းဆိုးဝါး ပူးကပ်ခံနေရတာနဲ့တူတယ်""မကောင်းဆိုးဝါး ပူးကပ်တယ်..."လူအားလုံးပင် မျက်နှာအမူအယာများပြောင်းလဲသွားကြသည်။"သူ့ဆီကနေ သိပ်ကို အားကောင်းတဲ့ စွမ်းအင်လှိုင်းတွေထုတ်လွှင့်နေတယ်...ဒါပေမဲ့ သူက အသိစိတ်မဲ့နေပြီ...သူက သိပ်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်...သူ့ဆီက လူသတ်ချင်တဲ့ အရှိန်အ၀ါက ဘယ်သူ့ကိုမဆို သတ်ဖြတ်ပစ်တော့မယ့်ပုံပဲ...သူဘာဖြစ်လို့ အဲ့လိုဖြစ်သွားလဲတော့မသိဘူး ဒါပေမဲ ကျမ သူ့အပေါ်မှာ ရှိနေတုန်းက သူက ကျမကိုတောင် သတ်ဖြတ်ချင်နေတာကို ခံစားလို့ရတယ်...အဲ့ဒါက တကယ် ကြောက်စရာကောင်းလွန်းတယ်"သူမ၏ စကားများကို ကြားသောအခါ ချီရှောင်းနှင့် ကျန်လူများအားလုံး ထိတ်လန့်ခြောက်ခြားသွားကြသည်။သူတို့က ပြိုင်တူပင် အလောင်းကောင်လှေကားထိပ်ဆီသို့ လှမ်းကြည့်လိုက်မိကြသည်။အလွန်အမင်း အားကောင်းသော မကောင်းဆိုးဝါး အရှိန်အ၀ါတစ်ခုက အရင် ရောက်ရှိလာသည်။ထို မကောင်းဆိုးဝါး အရှိန်အ၀ါသည် သွေးစိမ်းညှီနံ့ကြီးနှင့် ရောနှောနေပြီး သွေးပင်လယ်ထဲ ကျရောက်သွားသည့်အလား ခံစားစေသည်။လူအားလုံးပင် အန္တရာယ်အငွေ့အသက်ကို ရလိုက်ကြသည်။ထို အားကောင်းလှသော မကောင်းဆိုးဝါး အရှိန်အ၀ါနှင့်အတူ ရှီယန်က တဖြည်းဖြည်း တက်ရောက်လာသည်။သူ့မျက်လုံးများက သွေးရောင်များ လွှမ်းခြုံနေပြီဖြစ်သည်။ထိုမျက်လုံးများကို မြင်ရချိန်တွင် ချီရှောင်း ဇူခွား ကျိယီနှင့် လောင်ညီအစ်ကိုနှစ်ယောက်တို့ ခန္ဓာကိုယ်များ တောင့်တင်းသွားကြပြီး ခေါင်းထဲတွင်လည်း အချက်ပေးခေါင်းလောင်းသံများ ဆူညံသွားသည်။သူတို့၏ အသိစိတ်ပင်လယ်သည်ပင် သက်ရောက်ခြင်းခံရဟန်တူပြီး ရက်စက်ကြမ်းကြုတ်သော ဖျက်ဆီးလိုသည့် စိတ်ဆန္ဒများ ထွက်ပေါ်လာကြသည်။ရှီယန်၏ နီရဲသော မျက်လုံးအစုံမှ ကြမ်းကြုတ်သော ရူးသွပ်သော သွေးဆာရက်စက်သော အရှိန်အ၀ါများ တရှိန်ရှိန် တောက်လောင်နေကြသည်။ရှီယန်သည် လုံးဝ ပုံမှန်မဟုတ်တောပါ။သူက ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင် ငရဲ၏ ကြမ်းပြင်မှ တက်လာပြီး သက်ရှိများအားလုံးကို တစစီ ဆွဲဖြဲတော့မည့် အသွင်ဖြစ်ပေါ်နေသည်။ယခု ရှီယန်ကို ရင်ဆိုင်ရသည်မှာ သံလိုက်မြူအမှောင်ထုထဲမှ အကြမ်းတမ်းဆုံး သားရဲကြီးနှင့် ရင်ဆိုင်ရသည်ထက်ပင် ကြောက်စရာကောင်းမည်ထင်ရသည်။"အခြေအနေမကောင်းဘူး"ချီရှောင်း၏ မျက်နှာက ပျက်ယွင်းသွားသည်။ သူက ထိတ်လန့်စွာဖြင့်"ရှီယန် မောင်းဆိုးဝါး ပူးကပ်နေပြီထင်တယ်...ဒီလို အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲ ငါလဲမသိဘူး""သွားပြီး စစ်ဆေးကြည့်ကြရအောင်"ဇူရှီက အနည်းငယ် ခြောက်ခြားနေသော်လည်း အလိုအလျောက်ပင် ရှီယန့်ထံ ခြေလှမ်းပြင်မိသည်။သူမက ရှီယန့်ကို ဘာဖြစ်နေသလဲ မေးလိုလှသည်။"ရှီကလေး...မသွားနဲ့..."ချီရှောင်းက သူမ၏ လက်ကို ဆွဲထားလိုက်သည်။"ရှီယန် ဒီလိုအခြေအနေဖြစ်နေမှတော့ သူ့မှာ အသိစိတ်ရှိတော့မှာမဟုတ်ဘူး...အခုနေ နင်အနားကပ်သွားရင် သူ့ရဲ့ ပထမဆုံးပစ်မှတ်ဖြစ်သွားလိမ့်မယ်""ဒါပေမဲ့ သူ ဒီအတိုင်း ဆက်သွားနေရင် ဒုက္ခရောက်သွားမျာပေါ့"ဇူရှီက အနည်းငယ် ရုန်းကန်သော်လည်း ချီရှောင်းက မြဲမြံစွာ ဆုပ်ကိုင်ထားသည်။သူမက ဘာမှမတတ်နိုင်ပဲ အော်ဟစ်လိုက်လေသည်။"ရှီယန်...နင်ဘာဖြစ်နေတာလဲ...ငါတို့ ဘာကူညီပေးရမလဲ"ကျိယီနှင့် ဇူခွားတို့သည်လည်း ရှီယန့်ကို စူးစိုက်ကြည့်နေကြသည်။သူ့ထံမှ အဖြေရမလား မျှော်လင့်နေကြသည်။"အူး........"ရှီယန်က ရုတ်တရက် ခေါင်းမော့ကာ မြည်တမ်းလိုက်လေသည်။သူ့ထံမှ ထွက်ပေါ်လာသော အူသံသည် လူသားတစ်ယောက်နှင့် လုံးဝ မသက်ဆိုင်ပါချေ။မကုန်ဆုံးနိုင်သော မကောင်းဆိုးဝါးအရှိန်အ၀ါက တိုက်ပွဲကွင်းပြင်တစ်ခုလုံး လွှမ်းခြုံသွားသည်။သိုင်းသမားများအားလုံး၏ အသိစိတ်ပင်လယ်များက ကြမ်းတမ်းစွာ တုန်ခါသွားရသည်။လောင်ညီအစ်ကိုနှစ်ယောက်၏ ခန္ဒာကိုယ်များသည်လည်း တုန်ခါနေပြီး ဇူခွားလည်း အတူတူပင်ဖြစ်သည်။သူ၏ မျက်ဝန်းများမှ သွေးစီးကြောင်းနှစ်ကြောင်း စီးကျလာပြီး မျက်နှာက အလွန်တုန်လှုပ်ခြောက်ခြားဟန်များ ထွက်ပေါ်လာသည်။အခြား နီဗားနားအဆင့်သိုင်းသမားနှစ်ယောက်သည်လည်း လောင်ညီအစ်ကိုလိုပဲ ခံစားရသည်။မျက်လုံးများမှ သွေးစီးကြောင်းများ စီးကျလာပြီး ခေါင်းများကို ဆုပ်ကိုင်ကာ အလျှင်အမြန် ထိုင်ချလိုက်ကြရသည်။သူတို့က ရပ်တည်ရန်ပင် မတတ်နိုင်ကြပါ။ရှီယန်သည် ကျယ်လောင်စွာ မြည်ကြွေးလိုက်ပြီးနောက် ရုန့်ရင်းကြမ်းတမ်းသော အရှိန်အ၀ါများ ဖြာထွက်လာသည်။ထိုအရှိန်အ၀ါသည် သိုင်းသမားအားလုံးအပေါ် ဆက်လက်လွှမ်းမိုးနေသည်။နီဗားနားအဆင့်အားလုံး၏ အသိစိတ်ပင်လယ်များသည် မခံမရပ်နိုင်လောက်အောင် တုန်ခါကုန်ကြသည်။သူတို့၏ ခေါင်းထဲတွင် မကောင်းဆိုးဝါး အော်ရာများ ရုန်းကြွလာသည်။အကျိုးဆက်က သူတို့ မျက်လုံးအိမ်များမှ သွေးများစီးကျလာခြင်းဖြစ်သည်။ထိုအချိန်တွင် ဇူရှီကတော့ မျက်နှာလေး ဖြူရော်သွားသည်အထိ ခြောက်ခြားနေသော်လည်း အခြား ဘာမှ မခံစားရဟန်တူသည်။သူမသည် အသိစိတ်ပင်လယ် မဖြစ်ပေါ်သေးသောကြောင့် ရှီယန့် မကောင်းဆိုးဝါးအရှိန်အ၀ါ သက်ရောက်ခြင်း မခံရပါ။ထို့ကြောင့် ကျန်လူများ ဒုက္ခများနေချိန်တွင် သူမက ဘာမှ မထိခိုက်ခြင်းဖြစ်သည်။ကျိယီနှင့် ချီရှောင်းတို့၏ မျက်နှာများသည်လည်း ပျက်ယွင်းနေကြပါသည်။သူတို့သည် ကောင်းကင်အဆင့်ဖြစ်သော်လည်း သူတို့ အသိစိတ်ပင်လယ်ကို လွှမ်းခြုံလာသော မကောင်းဆိုးဝါး အသိများကို အလျှင်အမြန် တိုက်ဖျက်နေရသည်။ရှီယန်၏ အူသံတစ်ချက်က တိုက်ပွဲတစ်ခုလုံးကို ရပ်တန့်သွားစေသည်။အားလုံးပင် ရှီယန့်ထံသို့ လှည့်ကြည့်မိကြသည်။"လူရှုပ်လေး...မင်း ဘာဖြစ်ပြန်ပြီလဲ"ကျောက်ဖန်း၏ မျက်နှာက နက်မှောင်နေသည်။သူက ချက်ခြင်းပင် အော်ငေါက်လိုက်သည်။"လူတွေကို လန့်အောင်မလုပ်နဲ့ကွ...မကောင်းဆိုးဝါး ပူးကပ်ခံနေရတာဆိုရင် မြန်မြန်စွမ်းအင်လေ့ကျင့်လိုက်...သေသွားချင်လို့လား...သွား...ဝေးဝေးသွားပြီး စိတ်ငြိမ်အောင်သွားလုပ်ချေ"လီယွီ၏ မျက်လုံးများက အရောင်တစ်မျိုးပြောင်းသွားကြသည်။သူမက ရှီယန့်ကို လှမ်းကြည့်နေရင်း"ကျောက်ဖန်း...နင်ပြောတဲ့နည်းက သူ့အတွက် အလုပ်မဖြစ်ဘူး...အခု သူ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ အနေအထားက ပြင်ပက လာတာမဟုတ်ဘူး...သူ့ရဲ့ စိတ်ဆန္ဒကနေလာတာပဲ...စွမ်းအင်ကျင့်ကြံရုံနဲ့ ပျောက်သွားမှာမဟုတ်ဘူး...သူလေ့ကျင့်ထားတဲ့ အောက်လမ်းပညာတစ်မျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒီလိုဖြစ်နေတာထင်တယ်...ဒီအခြေအနေက ပြန်ကောင်းဖို့ မလွယ်ဘူး""ဟေ...ဟုတ်လား..."ကျောက်ဖန်းက အံ့အားတကြီး အော်ဟစ်လိုက်မိသည်။သူက ရှီယန့်ကို လှမ်းကြည့်ကာ စိတ်ရှုပ်ထွေးသွားလေသည်။
----- ----- ----- -------

You've reached the end of published parts.

⏰ Last updated: Dec 16, 2020 ⏰

Add this story to your Library to get notified about new parts!

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now