380

612 90 0
                                    

Chapter 380: ကျဉ်းထဲကြပ်ထဲ

"ဒီ နက္ခတ်လွင့်ပါးလေထုက ငါတို့ မင့်မြတ်ရာနယ်မြေမှာ သိနိုင်ခက်ခဲဆုံးတစ်ခုပဲ...ဒီလိုမျိုး

ခန္ဓာကိုယ်အပေါ် သက်ရောက်မှုက ဘာမှမဟုတ်သေးဘူး...နက္ခတ်လွင့်ပါးလေထု တိုက်ခတ်လာပြီဆိုရင်

ငါတို့ရဲ့ ၀ိညာဉ်စွမ်းအင်ကို လွင့်ပါးသွားစေတယ် အသိစိတ်ပင်လယ်ကို ထိန်းချုပ်လို့မရတော့ဘူး...၀ိညာဉ်အသိ

လွင့်ပါးသွားပြီဆိုရင် အကြီးအမှူးဝိညာဉ်ဟာ အကာအကွယ်ကင်းမဲ့စွာ

ထွက်ပေါ်လာရတယ်...အဲ့ဒီအချိန်ကျမှ နက္ခတ်လွင့်ပါးလေထုဟာ အကြီးအမှူးဝိညာဉ်ကို တစ်စစီ

ဖိုခွဲပစ်လိုက်တယ်..."

ကျိယီက ဖည်းညင်းစွာ တိုက်ခတ်လာနေပြီဖြစ်သော နက္ခတ်လွင့်ပါးလေထုကို

လှမ်းကြည့်နေရင်း ရှင်းပြနေသည်။

သူမ၏ မျက်နှာပေါ်မှ အကြောက်တရားက ပိုမိုထင်ရှားလို့လာနေလေသည်။

အိုင်ရာ၊ လာင်လီနှင့် လာင်လွန်တို့သည်လည်း ကူကယ်ရာမဲ့စွာဖြင့် ငးကြည့်နေကြလေသည်။

သူတို့သည်လည်း ဘာမှ မတတ်နိုင်ကြတော့ဟန်တူသည်။

"နင်တို့တွေဆီမှာ ၀ိညာဉ်ကာကွယ်ခြင်း မှာ်ရတနာ တစ်မျိုးမျိုး မရှိကြဘူးလား"

ကျိယီက အိုင်ရာနှင့် ရှီယန့်ကိုကြည့်ကာ အလောတကြီးပြောသည်။

"၀ိညာဉ်ကာကွယ်ခြင်းဆိုင်ရာ မှာ်ရတနာကသာ နက္ခတ်လွင့်ပါးလေထုရဲ့ သက်ရောက်မှုကို

ကာကွယ်နိုင်မှာ...မဟုတ်ရင် ငါတို့ ၀ိညာဉ်အသိ လွင့်ပါးသွားပြီး ငါတို့ အကြီးအမှူးဝိညာဉ်တွေ

ပျက်စီးသွားရလိမ့်မယ်"

အကြီးအမှူးဝိညာဉ် ပျက်စီးခြင်းဆိုသည်မှာ ၀ိညာဉ်ပြိုကွဲသွားခြင်းပင်ဖြစ်သည်။

ဒါက ဒီလောကကြီးမှာ အသက်ဆက်မရှင်နိုင်တော့ခြင်းကိုဆိုလိုသည်။

အိုင်ရာ၊လောင်လီနှင့် လာင်လွန်တို့လဲ မျက်မှောင်ကြုတ်နေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Όπου ζουν οι ιστορίες. Ανακάλυψε τώρα