289

631 110 0
                                    

Chapter 289: ရှီယန့်ကိုပြောပေးပါ

လေတိမ်တိုက်ကျွန်းပေါ်တွင် ဖြစ်သည်။

“ဒီအတိုင်း ဆက်သွားနေမယ်ဆို ပိုဆိုးဖို့ပဲရှိတော့တယ်”

ရှာရူစင်း၏ မျက်နှာက သုန်မှုန်လို့နေသည်။

သူက တောင်ကတုံးပေါ်တွင် မတ်တပ်ရပ်လျှက်ရှိပြီး ခေါင်းဆောင် ရှာရှမ်းချွမ်ကို စကားပြောနေခြင်းဖြစ်သည်။

“ဒီ ခြောက်သွေ့တဲ့ ကျွန်းကြီးက သဘာဝ တွင်းထွက်တွေလဲမရှိ၊ ဆေးပင်ဆေးမြစ်လဲမရှိနဲ့…ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအင်တွေဟာလဲ ခမ်းခြောက်နေလိုက်တာများ ကျုပ်တို့ ဒီရောက်ပြီးကတည်းက စွမ်းအင်ကျင့်ကြံမှုမှာ နည်းနည်းလေးမှ တိုးတက်မလာဘူးဗျာ…”

ရှာမိသားစုဝင် ထိပ်တန်းသိုင်းသမား ဆယ်ယောက်ကျော်သည်လည်း ရှာရှမ်းချွမ်အနီးတွင် ရှိနေကြသည်။

အများစုက နီဗားနားအဆင့်များဖြစ်ကြပြီး သူတို့က လဲ တိတ်ဆိတ်စွာဖြင့် ခံစားချက်ကို ဖော်ထုတ်နေကြသည်။

“ရှာမိသားစုဆိုတာ တစ်ခါတုန်းက အရှေ့ပင်လယ်ရဲ့ အင်အားစုကြီးတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုကျတော့ ကျုပ်တို့ဟာ အများကြီး ကျဆင်းသွားခဲ့ပြီပဲ…ရပ်တည်ဖို့တောင် ဘယ်လောက်ခက်ခဲလာသလဲ”

တစ်ယောက်သော သိုင်းသမားက အသံနိမ့်နိမ့်ဖြင့်ပြောသည်။

“ခေါင်းဆောင်…ရှာမိသားစုက အဆိုးဝါးဆုံးနဲ့ အရေးအကြီးဆုံး အချိန်ကိုရောက်နေပြီ…မြန်မြန် အဖြေရှာပါတော့”

“ရှာစင်းယန်ရဲ့ တစ်ဘ၀စာ ပျော်ရွှင်မှုကို ရှာမိသားစုတစ်ခုလုံးရဲ့ ကောင်းစားရေးနဲ့ လဲလှယ်ဖို့ဆိုတာ တော်တော်လေးအကျိုးအကြောင်း ဆီလျော်ပါတယ်ဗျာ…”

ရှာရူစင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်။

“သခင်…ရှာမိသားစုရဲ့ သမီးပျိုတစ်ယောက်အနေနဲ့ သူမဟာ ရှာမိသားစုအတွက်ဆို ကိုယ့်ကိုယ်ကို စတေးသင့်တယ်မဟုတ်လား…တကယ်တော့ ဒါက ရှာစင်းယန်အတွက် တာဝန်တစ်ရပ်လဲဖြစ်တယ်…ကျုပ်မှာသာ ဒီလို အဖိုးတန် သမီးလေးရှိရင် ကျုပ်က တုံ့ဆိုင်းခြင်းမရှိ ကျုပ်သမီးကို ပေးဆပ်မှာပဲ”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now