အပိုင်း ၂၂၀

1.4K 171 0
                                    

God of Slaughter (chapter – 220)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၀) ဒဲ့ကြီးတော့ မလုပ်နဲ့လေ

အရှေ့ပင်လယ်၏ အပြာရောင်ကောင်းကင်ယံထက်ဝယ်…

ပူနွေးသောလေက တသုန်သုန် တိုက်ခတ်လျှက်ရှိသည်။
ကောင်းကင်ပြာအောက်တွင် မိစ္ဆာသားရဲကြီး ငါးကောင် လေဟုန်စီးလျှက်ရှိသည်။
မိစ္ဆာသားရဲများပေါ်တွင်တော့ ယန်မိသားစုသိုင်းသမားများသည် စိတ်ဓါတ်တက်ကြွစွာဖြင့် တ၀ါးဝါး တဟားဟားရှိနေကြသည်။

ပြီးခဲ့သော တိုက်ပွဲ၏ အောင်ပွဲက အလွန် ကြီးကျယ်ခမ်းနားလှသည်မဟုတ်လော။
အရှေ့ပင်လယ်၏ အင်အားကြီး သုံးစုပေါင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော်လည်း သူတို့က အဆင့်တူ သိုင်းသမား အယောက် နှစ်ဆယ်တိတိ သတ်ဖြတ်ချေမှုန်းနိုင်ခဲ့ကြသည်။
ကျန်သော သိုင်းသမားများကိုလဲ ပင်လယ်ထဲသို့ ခွေးပြေးဝက်ပြေးပြေးအောင် မောင်းထုတ်နိုင်ခဲ့ကြသည်လေ။

ဒီတစ်ပွဲတွင် အန္တရာယ်အဆင့် သိုင်းသမားတစ်ယောက်သာဖြစ်သော ရှီယန်က အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားသွားသည်။

ယန်ရွှေ လီဖန်းအာနှင့် အခြားသော အစက ရှီယန့်ကို အထင်မကြီးခဲ့သူများသည် ယခုတော့ သူတို့၏ ရှီယန့်ကို ကြည့်သော မျက်ဝန်းများထဲတွင် တောက်ပသော အရာင်များ ပါဝင်နေပြီဖြစ်သည်။
သူတို့က ရှီယန့်ကို နောက်တစ်ဖန် ပြန်လည် မှတ်သားကြရလေသည်။

အမြဲလိုလို ခပ်တန်းတန်းနေခဲ့သော လီဖန်းအာပင် ပြုံးရယ်လာပြီး သူမ၏ ရှီယန့်အပေါ် စိတ်ဝင်စားမှုကို ပြသနေသည်။

လီဖန်းအာက အရပ်မြင့်မြင့်နှင့် အလွန်လှပသည်။
ပြီးတော့ သူမက အမြဲလိုလို မာနကြီးသော ကောင်မလေးတစ်ယောက်ဖြစ်ခဲ့သည်။

သူမ၏ ထူးချွန်ထင်ရှားသော ခွန်အားကြောင့်လဲ ယန်မူတို့လို ယန်မိသားစုဝင်များနှင့် တန်းတူ အရေးပေးခံခဲ့ရသည်။
ခိုင်ရာပင်လယ်ပြင်တစ်ခွင်တွင် သူမသည်လည်း အလွန် ကျော်ကြားပါသည်။
ယခုတစ်ကြိမ် သူမ၏ အပြုံးသည် ယန်မိသားစုဝင် သိုင်းသမားတော်တော်များများကို တိတ်တခိုး ငေးမောစေလောက်အောင်ပင် ဖမ်းစားထားခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now