258

1K 122 0
                                    

God of Slaughter (chapter – 258)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅၈) တိုးတက်မှု

အကြီးအမှူးဝိညာဉ် အသိစိတ်ပင်လယ်ထဲ ၀င်ရောက်လာသည်နှင့် အထဲရှိ နတ်ဆိုးငါးကောင်မှာ ဆရာရှေ့ရောက်သော ကျောင်းသားလေးများပမာ ငြိမ်သက်သွားကြည်။

အကြီးအမှူးဝိညာဉ်နှင့် အသိစိတ်ပင်လယ်တို့သည် အလိုအလျောက်ပင်ချိတ်ဆက်သွားသည်။
အသိစိတ်ပင်လယ်ထဲမှ အလင်းမျှင်များစွာ အကြီးအမှူးဝိညာဉ်နှင့် ချိတ်ဆက်သလို အကြီးအမှူးဝိညာဉ်ကလဲ ငြိမ်သက်စွာ လက်ခံသည်။

ယခုအချိန်တွင် ရှီယန့် ၀ိညာဉ်အသိနှင့် အကြီးအမှူးဝိညာဉ်သည်လည်း ဆက်သွယ်မှုများ ရှိလာပြီဖြစ်သည်။
ထိုမှတဆင့်
ဝိညာဉ်အသိသည် မျက်စိဖြင့် မမြင်နိုင်သော ရောင်ချည်များအဖြစ် ပြောင်းလဲကာ ရှီယန့် မျက်လုံးများဆီ ၀င်ရောက်သည်။

သူ့မျက်လုံးများသည် ထို အလင်းများကို လက်ခံရရှိဟန်တူသည်။
သူ့ မျက်လုံးထဲတွင် အလင်းရောင်များ လျှင်မြန်စွာ ရွေ့လျားလာသည်။

ရှီယန်က ထရပ်ကာ အခန်းထဲမှ ထွက်လိုက်သည်။
ခန်းမကျယ်ထဲမှနေပြီး အဝေးကို လှမ်းကြည့်သောအခါ သူ့ အမြင်အာရုံသည် ဆယ်ဆမက မြင့်တက်လာကြောင်း သတိပြုလိုက်မိသည်။

ဆယ်မိုင်ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သူ့မျက်လုံးထဲတွင် ရှင်းလင်းပြတ်သားနေသည်။
ဟိုး…မြို့ရိုးပေါ်တွင် ကင်းစောင့်နေသော မိစ္ဆာသံစဉ်ကလန်သားတစ်ယောက်၏ မျက်နှာပေါ်မှ အရေးအကြောင်းများကိုပင် အသေးစိတ် မြင်နေရသည်။

သူ့ ၀ိညာဉ်အသိကလည်း ထို ဧရိယာတစ်ခုလုံး လွှမ်းခြုံးထားပြီး အသက်ဓါတ် ဖြာထွက်မှု တစ်ခုချင်းစီကို တိတိကျကျ ထောက်လှမ်းလို့ရနေသည်။
မြေအောက်ထဲရှိ တီကောင်တစ်ကောင်၏ အသက်ဓါတ်မျှင်မျှင်လေးသည်ပင် သူ့ဝိညာဉ်အသိအောက်တွင် ပုန်းကွယ်မနေနိုင်ခြေ။

ယခုအချိန်တွင် အံ့မခန်း ခံစားချက်များဖြင့် ရှီယန်သည် သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးအလား ခံစားနေမိသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now