Chapter 339: ဟင်းလင်းပြင်ကို ပိုင်းဖြတ်ခြင်း
ရှီယန်က ဒူးကို ကွေးညွှတ်ကာ မာချီကျဲ၏ မီတာတစ်ရာကျောက် ခန္ဓာကိုယ်ကြီးနှင့် ဧရာမ ကန့်သတ်ခြင်းမဲ့ မိစ္ဆာဆေဘာကြီးကိုကြည့်နေသည်။ သူ့မျက်လုံးများက နီရဲသော အလင်းရောင်ဖြင့် တောက်ပလျှက်ရှိသည်။
သူ့မျက်နှာက အေးစက်နေပြီး ရက်စက်ကြမ်းကြုတ်သော အသွင်ရှိသည်။
သူ့ ခန္ဓာကိုယ်မှ အော်ရာသည် ကောင်းကင်နှင့် မြေကြီးကိုပင် ပြောင်းပြန်လှန်ပစ်တော့မည့်အလားပင်။
ကျွန်းလေး၏ ပတ်ပတ်လည်တွင် ကြီးမားလှသော လေဆင်နှာမောင်းကြီးများ ဖြစ်ပေါ်လာသည်။
သူက ခံစားချက်ကင်းမဲ့စွာ ရပ်နေရင်း သွေးနွယ်ရှင်လက်စွပ် သွေးရောင် အလင်းများ ဖြာထွက်နေသည်။
ထူးဆန်းသော ဧရာမ ဓါးနီကြီးသည် မျက်လုံးကြီးများ ဖွင့်ကာ သူ့ ဦးခေါင်းထက်တွင် တည်နေရင်း အဆုံးမဲ့စွမ်းအင်များ စုဝေးလျှက်ရှိသည်။
"ရွှမ်း...ရွှမ်း...ရွှမ်း..."
ဧရာမ မိစ္ဆာနယ်သားကြီးသည် ရှေ့သို့ တိုးလာရင်း မိစ္ဆာဆေဘာဓါးကြီးနှင့် အဆက်မပြတ် ခုတ်ချနေသည်။
ကျယ်ပြန့်လှသော အမိုးခုံးပုံသဏ္ဍန် အလင်းသည် ပစဉ်းတောင်ပံကဲ့သို့ ပါးလွှာပြီး တစ်ချက်ပင် ခံနိုင်ရည်ရှိမည့်ဟန်မတူချေ။
သို့သော်လည်း မိစ္ဆာဆေဘာဓါးကြီး၏ မရပ်မနား ခုတ်ချက်များသည် ထို အမိုးခုံးကို ခုချိန်ထိ မဖျက်ဆီးနိုင်သေးချေ။
မာချီကျဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော မိစ္ဆာအလင်းများ စိမ့်ဖြာထွက်လာပြီး ပျောက်ကွယ်မသွားပဲ ပတ်ဝန်းကျင်တွင် ရစ်ဆိုင်းနေသည်။
ကီလိုဂရမ် သိန်းချီ လေးလံသော ကန့်သတ်ခြင်းမဲ့မိစ္ဆာဆေဘာကြီးသည်လည်း ကြောက်မက်ဖွယ်ရာ မိစ္ဆာအရှိန်အ၀ါများ ထွက်ပေါ်နေဆဲဖြစ်သည်။
ထူထည်းသိပ်သည်းလှသော မှင်နက်ရောင် မိစ္ဆာအော်ရာများက ဘယ်နေရာမှမှန်းမသိ ရောက်ရှိလာနေကြပြီး ဆေဘာဓါးကြီးထဲသို့ တရှိန်ထိုး စီးဝင်နေကြသည်။