343

624 92 0
                                    

Chapter 343: သဘာဝလွန်

နေမင်း၊ လမင်းနှင့် ကြယ်တာရာများသည် အလင်းစက်ကွင်း၏ အပေါ်ဘက် ကောင်းကင်တွင် အရိပ်ထင်လျှက်ရှိသည်။

ဧရာမ ကြေးမှုံကြီးပေါ်တွင် ကောင်းကင်ရှိ နက္ခတာရာများ ပုံရိပ်ပေါ်နေသကဲ့သို့ဖြစ်ပြီး အံ့မခန်း ဆန်းကြယ်ခမ်းနားလှသည်။

ထို ထူးဆန်းသော မြင်ကွင်းက ရှီယန့်ကို တုန်လှုပ်စေသည်။

ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သော နတ်မင်းသုံးပါးဂိုဏ်းသို့သော ဂိုဏ်းကြီးမျိုးတွင် သူတို့ အရိုအသေ အလေးအမြတ် ကိုးကွယ်ရာ တစ်စုံတစ်ရာ ရှိရမည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူ ယန်မိသားစုသို့ ရောက်စဉ်တုန်းကလည်း နတ်ဘုရားတောင်ကြီးများရှိ အသန့်စင်ဆုံးသလင်းတုံးများဖြင့် တည်ဆောက်ထားသော အခန်းများကို အံ့အားသင့် တုန်လှုပ်ခဲ့ရသည်မဟုတ်လော။

ယန်မိသားစု၊ အင်မော်တယ်ကျွန်းရှိ နတ်ဘုရားကျောက်တောင်ကြီးများရှိ သလင်းခန်းများသည် ထိပ်တန်းလက်ရာဖြစ်သော်လည်း လူလုပ်ထားသော လက်ရာမျှသာဖြစ်သည်။

နှိုင်းယှဉ်မည်ဆိုလျှင် ယခုနတ်မင်းသုံးပါးဂိုဏ်း၏ ဘယ်လို အင်အားမျိုးဖြင့် ပြုလုပ်ဖန်တီးထားခဲ့သည်မသိသော အံ့မခန်းလက်ရာမျိုးနှင့် ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတော့ပါ။

ကောင်းကင်ထက်ကို မော့ကြည့်နေရင်း နေမင်း၊ လမင်းနှင့် ကြယ်တာရာများသည် ထူးဆန်းသော အလင်းများ ထုတ်လွှတ်ပေးနေကြောင်း သတိပြုမိသည်။

ထို အလင်းများသည် အချင်းချင်း ယှက်နွယ်ပေါင်းစည်းနေလေရာ နို့နှစ်ရောင် ရေစက်ရေပေါက်များကဲ့သို့ သိပ်သည်းလျှက်ရှိသည်။

"ငါနဲ့လိုက်ခဲ့..."

တန်းယာနန်က ရုတ်တရက် လေထဲသို့ ပျံသန်းတက်သွားပြီးနောက် ရှီယန့်ကို လက်ယပ်ခေါ်နေသည်။

ရှီယန်က ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့်

"ကျုပ်က နီဗားနားအဆင့်ပဲရှိသေးတာ...ဘယ်လိုလုပ်ပျံနိုင်မှာလဲ..."

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now