၂၃၄

1.4K 154 0
                                    

God of Slaughter (chapter – 234)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၃၄) ငါ့ခေါင်းကိုဖြတ်မယ်…?

အဆုံးအစမဲ့ကာ ခြောက်သွေ့လှသော သဲကန္တာရကြီး၏ အထက်တွင် ကောင်းကင်တစ်ခုလုံးက ရဲရဲတောက်နေသည်။
အလွန်တရာပင် ပူလောင်အိုက်စပ်လှပါသည်။

တငွေ့ငွေ့လောင်ကျွမ်းနေသော သဲကန္တာရထဲတွင် သိုင်းသမား ဆယ့်တစ်ယောက်အုပ်စု စီတန်းကာ လျှောက်လှမ်းလာကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူကတော့ ရှီးခွေဖြစ်ပြီး ဟုချင်းမန်ကတော့ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် အနောက်ဘက်ဆုံးတွင် ကျန်ရစ်ခဲ့သည်။

နတ်ဆိုးနယ်မြေထူးမှ သိုင်းသမားများသည် ရှီးခွေနောက်တွင်သာစုပြုံလိုက်ပါလာကြသည်။
သူတို့က ဟုချင်းမန်ကို ဂရုမစိုက်ကြတော့ပါ။
နတ်ဆိုးနယ်မြေထူး၏ အနာဂါတ်ခေါင်းဆောင် ဘယ်သူဆိုတာ သူတို့ ကောင်းကောင်းသိရှိထားသောကြောင့် ရှီးခွေနောက်သို့သာ လိုက်ပါလိုကြသည်။
ဟုချင်းမန်နှင့် ရှီးခွေတို့ကြားက ပဋိပက္ခအပြီးတွင် သူတို့က သိသာစွာပင် ဟုချင်းမန်ကို ပစ်ပယ်ထားလိုက်ကြသည်။

ဟုချင်းမန်၏ ဆွဲဆောင်မှုရှိသော ကိုယ်ကာယလေးသည် အနောက်ဖက်တွင် အထီးကျန်စွာ လျှောက်လှမ်းလာသည်။
သူမ၏ ချောမောလှပသော မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုများကို မြင်တွေ့နိုင်သည်။

“ငါပြောလိုက်မယ်… ဒီတစ်ခေါက် ယန်မျိုးနွယ်တွေနဲ့ တိုက်ခိုက်ကြရင် သူမကို စောင့်ကြည့်ထားကြ…တကယ်လို့ ဟုချင်းမန်ဟာ သူမရဲ့ အစွမ်းအစတွေကို အကုန်ထုတ်မသုံးဘူး…တွန့်ဆုတ်နေဦးမယ်ဆိုရင် သူမကို အလွတ်မပေးနဲ့တော့…သူမက ငါတို့ ဘက်တော်သားမဟုတ်တော့ဘူး…”
မှောင်မည်းနေသော မျက်နှာဖြင့် အုပ်စုကို ဦးဆောင်လာရင်း ရှီးခွေက အသံနှိမ့်ကာ ပြောကြားသည်။

“ဟုတ်ကဲ့ပါ သခင်…”
နတ်ဆိုးနယ်မြေထူးသိုင်ူသမားများက တပြိုင်နက်တည်း ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့က နောက်ဖက်သို့ ငဲ့စောင်းကာ ဟုချင်းမန်အား အဓိပ္ပါယ်ပါသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြလေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now