371

604 94 0
                                    

Chapter 371: ကြမ်းတမ်းသော တိုက်ခိုက်မှု

သူ့စိတ်ကို တစ်ချက်လွှတ်ပေးလိုက်ပြီး ခုနှစ်ရာ့နှစ်ဆယ်သော မရီဒျန်များကို နှိုးဆွလိုက်သည်။

ပျက်သုဉ်းခြင်းစွမ်းအင်များက ပေါက်ကွဲထွက်လာကြသည်။

ဒေါသမုန်တိုင်း ပထမအဆင့်....

ကြောက်မက်ဖွယ်ရာ ပျက်သုဉ်းခြင်းစွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံစားရင်း ရှီယန့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားစိုင်များက အနည်းငယ် ကြုံ့ဝင်သွားကာ ပိုမိုမာကြောလာကြသည်။

ထိုကြွက်သားစိုင်များထံများက အဆမတန်ကြီးမားလှသော ခွန်အားကို တင်ဆောင်ထားကြခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီယန့် ခွန်အားက ဆထက်ထမ်းပိုး တိုးမြင့်သွားလေပြီ။

မှင်နက်ရောင် ရေဘ၀ဲလက်တံများက သူ့ထံ ထပ်မံ တိုးဝင်လာကြသည်။

သူ့ကို ရစ်ပတ်ကာ ကျယ်ဝန်းလှသော ပါးစပ်ပေါက်ကြီးထံ ဆွဲယူသည်။

သို့သော်လည်း ကြုံ့ဝင်သွားသော သူ့ခန္ဓာကိုယ်သည် ရေအောက်ကြမ်းပြင်တွင် ရုတ်တရက် ရပ်တန့်သွားပြီဖြစ်သည်။

ရေဘ၀ဲကြီးက ဘယ်လောက်ပင်အားစိုက်ဆွဲယူသော်လည်း ရှီယန်က နှစ်တစ်သောင်း ရေအောက် ကျောက်ဆောင်ကြီးပမာ တုတ်တုတ်မျှပင် မလှုပ်တော့ပါ။

ရှီယန်၏ အေးစက်သော မျက်လုံးအကြည့်များက ကြမ်းကြုတ်ရက်စက်မှု အရိပ်အယောင်များဖြာထွက်လာပြီး ရေဘ၀ဲကြီး၏ ကြီးမားသော ပါးစပ်ကြီးကို သေချာကြည့်နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ သန်မာလှသော ခွန်အားကို အာရုံပြုရင်း တည်ငြိမ်စွာပင်ရှိနေသည်။

သူက အလျှင်စလို လှုပ်ရှားမှု မပြုပါ။

ရေဘ၀ဲကြီး၏ ပါးစပ်ကြီးကိုသာ စိုက်ကြည့်နေပါသည်။

ကြည့်ရတာ သူက တစ်စုံတစ်ရာကို စဉ်းစားနေသည်နှင့်တူ၏။

သူ့ ဦးခေါင်းအထက် ဆယ်ဇန်မျှ အမြင့်တွင်ရှိနေသော အိုင်ရာနှင့် ကျိယီတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်ဟန်များထွက်ပေါ်လာကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now