283

960 119 0
                                    

God of Slaughter (chapter - 283)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈၃) ကမ္ဘာမြေ အထွတ်အထိပ်အဆင့်

နှင့်ပွင့်များနှင့် ရေခဲများက အဖြူရောင်များ လင်းလက်တောက်ပနေကြပြီး တိုက်ခတ်နေသော လေက အရိုးကွဲမတတ် အေးစိမ့်လှသည်။
အလွန် ရေခဲတုံးထူထူကြီးများ၏ နံဘေးတွင် ခန္ဓာကိုယ် အထက်ပိုင်း ဗလာကျင်းထားသော ရှီယန်သည် အနည်းငယ် တုန်ယင်လျှက်ရှိသည်။

ခြေဗလာဖြင့် နှင်းတောထဲတွင် ခုနှစ်ရက်တိတိရပ်နေခဲ့ပြီး လေးနက်စွာ ကျင့်ကြံခဲ့ပြီးနောက်တွင်တော့ ရှီယန်က အကျိုးရလဒ်ကောင်းများကို ရိပ်သိမ်းနိုင်ခဲ့ပေပြီ။

ရှီယန် ခံစားလာရပြီဖြစ်သော တုန်ခါနှုန်းသည် လိပ်ပြာလေးတစ်ကောင် အတောင်ပံခတ်သည်ထက်ပင် ပါးလျားသေးသည်။
ထို့ကြောင့် သာမာန်လူများအနေဖြင့် သူတို့တစ်သက်လုံး လေ့ကျင့်လျှင်ပင် ခံစားသိရှိနိုင်ရန် လွယ်ကူမည်မဟုတ်ချေ။

ခုနောက်ပိုင်း နှစ်များတွင် ရှီယန်၏ စွမ်းအင်ကျင့်ကြံမှုအဆင့်အတန်းသည်လည်း ခိုင်မာလာခဲ့ပြီဖြစ်သောကြောင့်
ယခုလို အချိန်ယူက မဆုတ်မနစ် ကျင့်ကြံပြီးနောက် ကမ္ဘာမြေ၏ နှလုံးသားကို သူကြားနိုင်ခဲ့ခြင်းဖြစ်သည်။

တစ်သမတ်ထဲ အာရုံစူးစိုက်နေခဲ့ပြီးနောက် အလွန် တိုးညှင်းကာ ခွဲခြားရခက်ခဲသော်လည်း သူအောင်မြင်ခဲ့ပြီဖြစ်သည်။

ထို အလွန်သေးမျှင်သော လှုပ်ရှားမှုလေးကို သူ၏ အသိစိတ်ပင်လယ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
အံ့သြဖွယ်ရာ အသိဥာဏ်များကို ရှီယန် လက်ခံရရှိလာပြီဖြစ်သည်။
ကန္တရအလယ်တွင် ရေငတ်နေရာမှ အိုအေစစ်တစ်ခုကို တွေ့လိုက်ရသလို သူ့ဘ၀တစ်ခုလုံး အသစ်ပြန်ဖြစ်လာသလိုပင်ဖြစ်သည်။
သူ၏ အကြီးအမှူးဝိညာဉ်သည်ပင် သန့်စင်ကာ ထည်ဝါလာသည်။
အကြီးအမှူးဝိညာဉ်သည် ထို အသံလှိုင်းများအတိုင်း လှိုင်းတိုလေးများ ထုတ်လွှတ်ပေးလာသည်။
သူ၏ အသိစိတ်ပင်လယ်တွင်လည်း တူညီသော တုန်ခါနှုန်းများဖြစ်ပေါ်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now