အပိုင်း ၂၀၉

1.6K 179 0
                                    

God of Slaughter (chapter – 209)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၉) အသိစိတ်ပင်လယ်ဖြစ်ပေါ်လာခြင်း

နို ဟုအမည်ရသော တောင်ကြီးအတွင်းရှိ သိမ်မွေ့ခြင်း သလင်းကျောက်အခန်း တစ်ခန်းထဲတွင်

ရှီယန်နှင့် ရှာစင်းယန်တို့နှစ်ယောက် မျက်နှာချင်းဆိုင် တင်ပလ္လင်ခွေ ထိုင်လျှက်ရှိကြသည်။
သူတို့နှစ်ယောက်ကြားတွင် ၀ိညာဉ်ခေါ်ပုလဲက သန့်စင်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ပေးလျှက်ရှိနေသည်။
သန့်စင်သော ၀ိညာဉ်စွမ်းအင်များက သူတို့လက်မောင်းများမှတဆင့် လည်ပင်း ဦးခေါင်းထဲသို့။

ဝိညာဉ်ခေါ်ပုလဲထဲတွင်ရေလိုကြည်လင်သော ၀ိညာဉ်စွမ်းအင်များ ဝေ့၀ဲလျှက်ရှိကြသည်။

အချိန်မျာက လျှင်မြန်စွာ ကုန်ဆုံသွားခဲ့သည်။
နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ရှီယန်က အသက်မှန်မှန်ရှူနေသည်။
သူ၏ နဖူးပြင်တွင် အလင်းရောင်များ စတင်ထွက်ပေါ်နေပြီဖြစ်သည်။

အားကောင်းသော ၀ိညာဉ်စွမ်းအင် ဖြာထွက်မှုများ သူ့နဖူးမှ ဖြစ်ပေါ်နေသည်။
တဖြည်းဖြည်းနှင့် ကျယ်ပြန့်လာနေပြီး ကျောက်တုံးခန်းဆောင်တစ်ခုလုံး လွှမ်းခြုံနေခဲ့သည်။

အရေးကြီးသော အခြေအနေရောက်တိုင်း အေးစိမ့်ရေခဲမီးလျှံ၏ လမ်းညွှန်ချက်နှင့် ကျင့်ကြံရင်း ၀ိညာဉ်ခေါ်ပုလဲမှ ၀ိညာဉ်စွမ်းအင်များကို ရှီယန် စုပ်ယူနေတာ ခြောက်လတိုင်ခဲ့ပြီဖြစ်သည်။
ဖြည့်သွင်းထားသော ၀ိညာဉ်စွမ်းအင်များကြောင့် ရှီယန်က သူ့ကိုယ်သူ ၀ိညာဉ်စွမ်းအင်များ ပြည့်လျှမ်းလာနေသည်ကို ခံစားရသည်။
သူ၏ စိတ်စွမ်းအင်သည် မိုင်တစ်ရာဝန်းကျင်အထိ ဖြန့်ကျက်နိုင်နေပြီဖြစ်သည်။

သူ၏ စိတ်စွမ်းအင်က ၀ိညာဉ်စွမ်းအင်များကြောင့် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ယနေ့အထိ လျော့ကျသွားခြင်းမရှိသေးပေ။

သူ၏ စိတ်စွမ်းအင်က အဆမတန် တိုးပွားလာသောအခါ ရှီယန်က သူ့ စိတ်စွမ်းအင် သိပ်သည်းမှုအပေါ်တွင် မယိမ်းမယိုင် အာရုံစူးစိုက်ထားနိုင်ခဲ့သည်။
သူက ထောင်ပေါင်းများစွာသော စိတ်စွမ်းအင်စီးကြောင်းလေးများကို ပေါင်းစပ်သည်။
သူ့ ဦးနှောက်ဆီတွင် စိတ်စွမ်းအင် အမျှင်တန်းလေးများက ထောင်ပေါင်းများစွာသော စီးကြောင်းလေးများသဖွယ်ဖြစ်နေခဲ့သည်။
သူ့စိတ်၏ စေစားမှုဖြင့် ထောင်ပေါင်းများစွာသော စိတ်စွမ်းအင်စီးကြောင်းလေးများသည် နီးရာစုကာ တစ်ထောင်သော စိတ်စွမ်းအင်စီးကြောင်းများဖြစ်ပေါ်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Tempat cerita menjadi hidup. Temukan sekarang