Chapter 307: ထောင်ခြောက်
"မင်းဆရာလား...."
ရှီယန်က မေးလိုက်သည်။
ယီကျောင်းဖန်က ခေါင်းယမ်းပြီးမှ တဖန် ခေါင်းညိတ်လိုက်ပြန်သည်။
"ငါ့ဆရာအသံကို တုပရဲတာ ဒီလောကမှ ဘယ်သူရှိမှာလဲ"
သိပ်မကြာမီမှာပင် အပြာရောင်ဝတ်စုံနှင့် လှပသော မိန်းကလေးငယ်လေးတစ်ယောက် လှေကားထစ်များအတိုင်း တက်လာသည်။
ထိုမိန်းကလေးသည် ငယ်ရွယ်ပြီး နုနုနယ်နယ်လေးပင်ဖြစ်သော်လည်း သူမ၏ ရင်နှစ်မွှာကတော့ အလွန်ဖွံ့ဖြိုးကြီးထွားလှသည်။
ရှီယန် မြင်ဖူးသမျှ မိန်းကလေးများ၏ ရင်သားထက်ပင် သူမ၏ ရင်သားများက ပိုကြီးနေသည်။
သူမ၏ အသားအရေက ကျောက်စိမ်းလို ချောမွေ့ကာ ကြည်လင်နေပြီး သူမ၏ ခန္ဓာကိုယ်မှ ကျောက်မျက်ရတနာတစ်ခုသဖွယ် သန့်စင်သော အလင်းများ ဖြာထွက်နေသည်။
ထိုကောင်မလေး အပေါ်တက်လာသည်နှင့် ပျော်ပွဲရုံထဲတွင် ရှိရှိသမျှ ယောက်ျားအားလုံးပင် မျက်တောင်မခတ် ငေးစိုက်သွားကြသည်။
ခုန အသံကြီးနှင့် ခြေသံကြမ်းကြမ်းများက သူမထံမှ ထွက်ပေါ်လာသည်လား...။
သူမ၏ မျက်နှာလေးက နုငယ်သန့်စင်လှသည်။
သူမ၏ လှုပ်ရှားမှုများကလဲ ချစ်စဖွယ် ဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။
သူမ၏ ဖွံ့ဖွံ့ထွားထွား ရင်သားများနှင့် ပေါင်းစပ်လိုက်သောအခါ အသက်ရှူမှားလောက်စဖွယ် ညှို့အားပြင်းသော မိန်းမငယ်လေးအဖြစ် မြင်ရပေသည်။
ရှီယန့် မျက်လုံးများက တောက်ပသွားကြပြီး ထိုကောင်မလေးကို မသိမသာ ငမ်းနေလိုက်သည်။
ယီကျောင်းဖန်က ကောင်မလေးကို ကျောပေးထားရင်း ရှီယန့်ကို မျက်ရိပ်ပြသည်။
ကောင်မလေး အာရုံစိုက်မိသွားမှာ သေမလောက် ကြောက်နေဟန်တူသည်။
ရှီယန်က တခွိခွိရယ်လိုက်ရင်း အရက်တစ်ခွက် ငှဲ့လိုက်သည်။
![](https://img.wattpad.com/cover/197627528-288-k993994.jpg)