အပိုင်း ၂၂၁

1.5K 166 0
                                    

God of Slaughter (chapter – 221)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၁) အန္တရာယ် အထွတ်အထိပ်အဆင့်

ရှီယန်က တစ္ဆေသားရိုင်းကြီးပေါ်တွင် ထိုင်နေရင်း သူ့တစ်ကိုယ်လုံးက ပို၍ ပို၍ တုန်ခါလာနေသည်။
သူ့ပါးစပ်ထဲမှ သွေးများ ယိုစီးကျနေရင်း သူ့တစ်ကိုယ်လုံးကို မကောင်းဆိုးဝါး စွမ်းအင်များ ခြုံလွှမ်းထားသည်။

ယန်မူ ယန်ရွှေ ယန်ခနှင့် လီဖန်းအာတို့သည် တော်တော်လေး အံ့သြနေကြတုန်းဖြစ်သည်။
သူတို့က ရှီယန့်ကိုကြည့်ရင်း အတွေးနစ်လျှက်ရှိကြသည်။

“ဒီဘေးထွက်ဆိုးကျိုးက ကြောက်စရာကောင်းလွန်းတယ်…”
ယန်ခက အတန်ကြာစဉ်းစားနေပြီးနောက် ပြောသည်။
“တကယ့်ကိုပဲ…ငါတို့ရဲ့ ယန်မိသားစု အင်မော်တယ်သိုင်းဝိညာဉ်ရှိလို့သာ ဒီလို စွမ်းအင်မျိုးကို တောင့်ခံနိုင်တာ…ညီလေးရဲ့ ကိုယ်ထဲက ပျက်စီးမှု အမြန်နှုန်းကို ငါခံစားလို့ရတယ်…အဆက်မပြတ်ပဲ…ဒါပေမဲ့ သူ့ခန္ဓာကိုယ်ရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်း အမြန်နှုန်းကလဲ မနိမ့်ကျခဲ့ဘူး…”

“ဒီလိုစွမ်းရည်တွေကြောင့် သူက တိုက်ခိုက်ချိန်မှာ အဆမတန် ခွန်အားကြီးလာပြီး ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့ ကမ္ဘာမြေပထမအဆင့်ကိုတောင် တိုက်ခိုက်နိုင်လာတာပဲ…ဒီလိုသိုင်းပညာမျိုးရဲ့ တန်ပြန်ဆိုးကျိုးကလဲ အားပျော့နေမှာမဟုတ်ဘူး…”
ယန်မူက ခေါင်းငြိမ့်သည်။
“ရှာစင်းယန်လိုမျိုးပေါ့…သူက ပြန်လည်ဝင်စားခြင်းသိုင်းဝိညာဉ်ကို ဖော်ထုတ်တဲ့အခါ သူမက ကောင်းကင်အဆင့်ကို ခတ္တ တက်လှမ်းသွားတယ်…ဒါပေမဲ့ ပြန်လည်ဝင်စားခြင်း စွမ်းအင်တွေ ကုန်ဆုံးသွားပြီဆိုတာနဲ့ သူမရဲ့  နဂိုအခြေအနေကို ပြန်ရောက်သွားမှာပဲ…ပြီးရင် နောက်ထပ် လပေါင်းအနည်းငယ်လောက် တိုက်ခိုက်မှုတွေ လုပ်လို့မရတော့ဘူး...ကိုယ့်မှာ ရှိသင့်တဲ့ ခွန်အားထက် ပိုမိုပြီး ပေးစွမ်းတဲ့ သိုင်းပညာတိုင်းမှာ တန်ပြန်ဆိုးကျိုးတွေရှိတယ်…ဒါက သဘာဝတရားရဲ့ ဥပဒေသပဲ…”

“အမှန်ပဲ…အာဟာရဆေးလုံးက သူ့ကို အကူအညီ ဖြစ်စေမလား…”
ယန်ရွှေ့အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။
“ငါ့ဆီမှာ ငါ့ခွဲတမ်း အာဟာရဖြည့်ဆေးလုံးတစ်လုံး အခုထိ ကျန်သေးတယ်…”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now