353

642 92 1
                                    

Chapter 353: အန္တရယ်ကြား

နတ်ဘုရားအဆင့် သိုင်းသမားရင့်မာကြီးနှစ်ယောက်ဖြစ်သော ချင်မင်နှင့် မြေအရှင်သခင်တို့သည် ရှမ်းယွန်က ရှီယန်၏ အဖိုဓါတ်များကို စုပ်ယူမည်ဆို၍ စောင့်နေကြခြင်းဖြစ်သည်။

ရုတ်တရက် ဆိုးဆိုးဝါးဝါး အော်ဟစ်သံနှင့်အတူ ရှန်းယွန်၏ သွေးအလူးလူးခန္ဓာကိုယ်က ကောင်းကင်ထက်သို့ ပျံဝဲတက်လာသည်။

သွေးစက်များက နေရာအနှံ့ ပြန့်ကျဲသွားလေသည်။

ရုတ်တရက် သန်မာလှသော မိစ္ဆာသားရဲကြီးပမာ ခုန်ထွက်လာသော ရှီယန့်ကို မြင်တွေ့လိုက်ကြရပြန်သည်။

သူ့ အမူအယာက ရက်စက်ကြမ်းကြုတ်ကာ ဓါးထိပ်ဖျားကဲ့သို့ ထက်မြစွာဖြင့် ရှန်းယွန်ကိုချိန်ရွယ်လိုက်ခြင်းဖြစ်သည်။

အားကုန်ထုတ်ကာ သူမကို အဆုံးသတ်ပေးတော့မည့်ဟန်တူသည်။

"သေချင်လို့...."

မြေအရှင်သခင်သည် နားကွဲလုမတတ် ဟိန်းဟောက်လိုက်သည်။

သူ့လက်ထဲမှ ယပ်တောင်က လှစ်ကနဲ ပျံသန်းထွက်သွားသည်။

မီးငှက်ဘေးတွင် ၀န်းရံနေကြသော ရာနှင့်ချီသော ငှက်ပုံများ အသက်ဝင်လာကြသည်။

အရောင်အသွေးကွဲပြားခြားနားသော ငှက်မျိုးစုံတို့သည် ယပ်တောင်ထဲမှ ပျံသန်းထွက်လာကြပြီး ကျီကျီတျာတျာ အော်မြည်ကာ ရှီယန့်ထံ ဖြန့်ခွဲဝင်ရောက်လာကြသည်။

ထို ငှက်များက သိပ်ပြီး မကြီးမားပါ။အမွှေးအတောင်များကလဲ ချစ်စဖွယ်ဖြစ်သည်။

သို့သော်လည်း သူတို့၏ အမြန်နှုန်းကတော့ လျှပ်စီးလက်သလိုဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း လေဟာပြင်ကို ဖြတ်သန်းကာ ရှီယန့်ထံ ရောက်ရှိလာပြီဖြစ်သည်။

ရေခဲ၊မီး၊အဆိပ်၊ဆူးချွန်...အမျိုးမျိုးသော တိုက်ခိုက်မှု အားလှိုင်းများက ထိုငှက်လေးများ၏ အာခံတွင်းမှ တိုးထွက်လာသည်။တစ်ခုချင်းစီဆိုလျှင် အားကောင်းသော တိုက်ခိုက်မှုများမဟုတ်သော်လည်း အားလုံးစုပေါင်းကာ ပင့်ကူအိမ်လို ဖြန့်ကျက်တိုးဝင်လာသောအခါ အလွန်အားကောင်းသော ချိတ်ဆက်မှုတစ်ခုဖြစ်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now