341

625 88 0
                                    

Chapter 341: ရဲတင်းလွန်းသော

"မာချီကျဲက တကယ့် ထိတ်ထိတ်ကျဲ မိစ္ဆာသခင်ပဲ...အရှေ့ပင်လယ်က နတ်ဘုရားအဆင့်တွေတောင် သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်"

ရှီယန်က ခုချိန်ထိ သတိရှိသော မျက်လုံးများဖြင့် ရှိနေဆဲဖြစ်သည်။

သူက တန်းယာနန်၏ အမူအယာများ ပြောင်းလဲမှုများကို မျက်ခြေပြတ်မခံပဲ ကြည့်နေရင်း

"ဒါပေမဲ့ ကျုပ်ကိုယ်ထဲက လှည့်ကွက်တစ်ချို့က မာချီကျဲရဲ့ လက်ထဲမှ သေမသွားအောင် ဖန်တီးပေးနိုင်ခဲ့တယ်...အခုချိန်မှာ သာမန် နတ်ဘုရားအဆင့်လောက်က ကျုပ်ကို သတ်ချင်တယ်ဆိုရင်တောင်...ဟားဟားဟား...သူက တန်ဖိုးကြီးကြီးပေးဆပ်ဖို့ လိုလိမ့်မယ်"

သူ့ စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားလျှင် တန်းယာနန် ပိုပြီး မယုံမကြည်ဖြစ်လိမ့်မည်။

ထို့ကြောင့် သူက အတိုချုံး ရှင်းပြလိုက်ခြင်းဖြစ်သည်။

အကြာကြီါ် တိတ်ဆိတ်သွားပြီးနောက် တန်းယာနန်၏ မျက်လုံးများက တောက်ပလာသည်။

သူ့မျက်နှာအမူအယာက တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား ဝေခွဲမရနိုင်သလိုဖြစ်နေသည်။

ဂူရှာအို၊ ယုချင်နှင့် အခြားလူများ ဖြစ်သွားသကဲ့သို့ပင် သူလည်း အတော်ကြာအောင် ငေးငိုင်နေပြီးမှ ထူးဆန်းသော လေသံဖြင့်

"မင်းဆိုလိုတာက...မာချီကျဲကို အကြီးအကျယ် ဒဏ်ရာရသွားအောင် မင်းတိုက်ခိုက်လိုက်တယ်ပေါ့...ဟုတ်လား...တခြား ဘယ်သူ့အကူအညီမှ မပါပဲနဲ့လေ...ဟုတ်လား...ငါနားလည်တာ မမှားပါဘူးနော်"

ရှီယန်က ခေါင်ညိတ်ပြလိုက်ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ပြုံးသည်။

တန်းယာနန်၏ မျက်နှာသည် ပိုပြီး ဘ၀င်မကျနိုင်အောင်ဖြစ်လာသည်။

သူက ရှီယန်၏ လက်ရှိအခြေအနေကိုလည်း တိတိကျကျ အကဲမခတ်နိုင်၊ ရှီယန့်စကားများသည်လည်း အမှန်လား အမှားလား မခွဲခြားနိုင်ဖြစ်နေသည်။

သူက ရှီယန် လေလုံးထွားနေသည်လားဟုလည်း တွေးကြည့်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now