376

615 72 1
                                    

Chapter 376: ရွှေပိုးမျှင်များ၏ ခြိမ်းခြောက်မှုသူတို့ကို ၀ိုင်းထားသော သိုင်းသမားများက သိပ်မများလှပါ။အရေအတွက်အားဖြင့် ရှစ်ယောက်တည်းသာဖြစ်သည်။သူတို့ အားလုံးပင် တိမ်တိုက်များကြားမျောလွင့်နေသော နန်းတော်ကြီးပုံသဏ္ဍန် ရွှေချည်ထိုးထားသော ၀တ်စုံများကို ၀တ်ဆင်ထားကြသည်။ရှစ်ယောက်စလုံးပင် နုပျိုကြပြီး အသက် နှစ်ဆယ်မှ သုံးဆယ်ကြားသာရှိကြသေးသည်။သို့သော်လည်း ကောင်းကင်အဆင့်က သုံးယောက်ဖြစ်ပြီး ကျန်လူများအားလုံး နီဗားနား ဒုတိယအဆင့် တတိယအဆင့်များဖြစ်ကြသည်။သိုင်းသမားရှစ်ယောက်၏ ခေါင်းဆောင်က ငွေရောင်ဆံပင်တိုတိုရှိသည်။သူတို့အားလုံးပင် ဖြောင့်မတ်သောကိုယ်ဟန်ဖြင့် အားအင်ပြည့်ဖြိုးလန်းဆန်းနေကြသည်။ထိုလူက ရောက်လာသည်နှင့် နားကြားပြင်းကပ်စရာအသံဖြင့် အော်ဟစ်ရယ်မောနေသည်။သူက အိုင်ရာနှင့်ကျိယီကို ရမ္မက်ပြင်းပြစွာ ကြည့်လျှက်ရှိသည်။ကျန်သိုင်းသမားခုနှစ်ယောက်ကတော့ ရှီယန်တို့အုပ်စုကို ရန်လိုစွာ ကြည့်နေကြသည်။အိုင်ရာနှင့် ကျိယီတို့၏ မျက်နှာလှလှလေးများတွင် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။သူမတို့က အရင်လို မတည်ငြိမ်နိုင်တော့ပါ။ ဘော့ကတော့ သိသိသာသာပင် ကြောက်လန့်တုန်လှုပ်နေပြီဖြစ်သည်။လောင်လီနှင့် လောင်လွန်တို့သည်လည်း မျက်နှာမကောင်းကြပါ။သူတို့က ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်ရှုနေရင်း လွတ်လမ်းကို ရှာဖွေနေကြဟန်တူသည်။ဒီသိုင်းသမားရှစ်ယောက်အုပ်စုသည် ရှီယန်တို့ဘက်ထက် သိသိသာသာ အားကောင်းပါသည်။ကောင်းကင်အဆင့်သုံးယောက်၏ မျက်လုံးများမှ ထက်ရှသော အလင်းများ ဖြာထွက်နေကြသည်။မောက်မာပြီး အညှာအတာကင်းမဲ့ဟန် အမူအယာများကြောင့် လျှော့မတွက်သင့်သူများဖြစ်ကြောင်း သိသာစေသည်။ရှီယန်က ထိုသိုင်းသမားများ၏ သွင်ပြင်များနှင့် အိုင်ရာတို့၏ အမူအယာများကို ကြည့်ရသလောက် ထိုသိုင်းသမားရှစ်ယောက်သည် အားကောင်းသော အဖွဲ့အစည်းတစ်ခုမှဖြစ်မည်ကို ခန့်မှန်းမိသည်။အိုင်ရာနှင့် ကျိယီတို့ ကပ်ဘေးဆိုက်ပြီဖြစ်ဟန်တူ၏။တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ပြီမှန်း ရှီယန် သိလိုက်သောကြောင့် စိတ်တို့က နိုးကြားဖြတ်လတ်လာသည်။"နိုင်းကျီ...ဒါဘာလုပ်တာလဲ"အိုင်ရာက မျက်လုံးများ ကျဉ်းမြောင်းကာ မေးလိုက်သည်။သူမ၏ စွမ်းအင်များကိုလည်း တိတ်တဆိတ်စုစည်းထားလိုက်ရင်း ထို ခေါင်းဆောင်လူငယ်ကိုကြည့်ကာ"ငါတို့ တိုက်ခိုက်ရေး အဖွဲ့အစည်းနဲ့ သုခနန်းတော်က ရန်ညှိုးမရှိခဲ့ဖူးပါဘူး...နင်က ငါတို့ကို ဘာဖြစ်လို့ ၀ိုင်းထားတာလဲ...အကျိုးဆက်ကို တာဝန်ယူနိုင်လား...စစ်ပွဲအတွက် အသင့်ဖြစ်ပြီလား....""ဟားဟားဟား..."ထို ခေါင်းဆောင်လူငယ်လေးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောသည်။သူက အိုင်ရာ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်သည်မှာ သိသာပါသည်။"ငါတို့က မြင့်မြတ်ရာနယ်မြေမှာဆိုရင်တော့ ငါ နင့်ကို အခက်တွေ့အောင် မလုပ်ပါဘူး...ဒါပေမဲ့ ဒါက သံလိုက်မြူအမှောင်ထုလေ... ဘာစည်းမျဉ်းစည်းကမ်းမှမရှိဘူး...နင့်မှာသာ အင်အား လုံလုံလောက်လောက် ပါလာရင် နင်လည်းငါ့ကို ကြင်နာနေမှာမဟုတ်ပါဘူး...ဟားဟားဟား..."ထိုစကားကြားသောအခါ အိုင်ရာ့ မျက်နှာလေးက မည်းမှောင်သွားသည်။"နင်က တကယ် တိုက်ပွဲဖြစ်ချင်တာလား""ဒီလိုလဲမဟုတ်ပါဘူး...ဟဲဟဲဟဲ..."နိုင်းကျီက အဓိပ္ပါယ်ပါပါပြုံးလိုက်ရင်း အခြားကောင်းကင်အဆင့်နှစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။သူက ပြုံးချိုစွာဖြင့်"အိုင်ရာ...နင်ကလည်း အဖြူရောင်အင်ပါရာ မြို့တော် နန်းတော်ရှင်ရဲ့ သမီးတစ်ယောက်ပဲ...ငါကလည်း သုခနန်းတော်မှာ လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ပဲလေ...နင်ငါ့ကို လက်ထပ်မယ်လို့သာ ကတိပေးလိုက်...ငါနင်တို့အဖွဲ့ကို ချမ်းသာပေးလိုက်မယ်...ပြီးတော့ ဒီသံလိုက်မြူအမှောင်ထုထဲမှာလည်း ငါတို့ နှစ်ဖွဲ့ပေါင်းပြီး လှုပ်ရှားကြတာပေါ့...ဘယ်လိုလဲ""အိမ်မက်မက်နေလိုက်..."အိုင်ရာက တင်းမာစွာပင်တုံ့ပြန်သည်။"မင်းကိုယ်တိုင် ငါ့ကို ဖိအားပေးမှတော့..."နိုင်းကျီ၏ မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားပြီဖြစ်သည်။သူ့မျက်လုံးများက အေးစက်လာပြီးနောက်"အိုင်ရာ...မင်းဟာ အဖြူရောင် အင်ပါယာမြို့တော်မှာ တော်ဝင်မျိုးနွယ်ဆိုပေမဲ့ သံလိုက်မြူအမှောင်ထုမှာတော့ ဘာမှမဟုတ်ပါဘူး...ဟားဟားဟား...မင်းက ငါ့ ကမ်းလှမ်းမှုကို ပယ်ချမှတော့ ငါက အတင်းအကြပ်လက်ခံလာအောင်လုပ်ရုံပဲရှိတော့တာပေါ့"ပြောပြီးသည်နှင့် နိုင်းကျီက အေးစက်သောလေသံဖြင့်"မိန်းကလေးနှစ်ယောက်ကို ချန်ထား ကျန်တဲ့ကောင်တွေ အကုန်သတ်"အမိန့်ပေးလိုက်သည်နှင့် သုခဘုံနန်းတော် သိုင်းသမားခုနှစ်ယောက်သည် သံသေးသံကြောင်များဖြင့် အော်ဟစ်ကာ လှုပ်ရှားလာကြလေတော့သည်။နိုင်းကျီ၏ ဘေးမှ ကောင်းကင်အဆင့် သိုင်းသမားနှစ်ယောက်က အိုင်ရာနှင့် ကျိယီထံ တဟုန်ထိုး ပြေးဝင်သွားကြသည်။ကျန် နီဗားနားအဆင့် သိုင်းသမားများကတော့ ဖြန့်ကျက်ကာ ရှီယန်၊ ဘော့၊ လောင်လီနှင့် လောင်လွန်တို့ကို တိုက်ခိုက်လာကြပြီဖြစ်သည်။ထို သုခနန်းတော် သိုင်းသမားများသည် တူညီသော ရွှေရောင်ဝတ်စုံများဖြင့် မြင့်မားသော အဆင့်များရှိကြကာ အလွန်ကောင်းမွန်သော သိုလှောင်လက်စွပ်များ ၀တ်ဆင်ထားကြသည်။သူတို့က ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားသော အဖွဲ့အစည်း ဖြစ်ပေလိမ့်မည်။ပိန်ပါးပါး ခန္ဓာကိုယ်နှင့် နီဗားနား တတိယအဆင့် သိုင်းသမားတစ်ယောက်သည် ရှီယန့်ထံ ခုန်ဝင်လာသည်။သူ့လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သောအခါ ထူးဆန်းစွာပင် ဖောင်းကားလာကြသည်။သူ၏ လက်ဖ၀ါးတွင် ရွှေရောင်အလင်းများ တလက်လက်ထလာလေသည်။ကီစုစည်းမှုအချို့ သူ့ လက်နှစ်ဖက်တွင် စုဝေးလာသည်။သူ့လက်များက ကြည့်ရဆိုးလောက်အောင်ပင် ဖောင်းကားလာကြသည်။သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ လက်ဖ၀ါးနှစ်ဖက်မှ ရွှေရောင် ပိုးချည်မျှင်များ တိုးထွက်လာကြသည်။၎င်းတို့က အလွန်ထက်ရှသော အရှိန်အ၀ါရှိပြီး သံမဏိအပ်မျှင်များသဖွယ် ရှီယန့်ထံ တိုးဝင်လာသည်။"ရွှီး..."စူးရှသော လေခွင်းသံများနှင့်အတူ ထို ရွှေရောင် ပိုးချည်မျှင်များက နေရာအနှံ့ ဖြန့်ကျက်သွားကြသည်။ပိုမို ချဲ့ကားလာပြီး ပိုမိုသိပ်သည်းလာကာ ရှီယန့်တစ်ကိုယ်လုံးကို လွှမ်းခြုံရန် ကြိုးစားလာသည်။ရှီယန့် မျက်နှာက မပြောင်းလဲပဲရှိနေဆဲဖြစ်သည်။သူ့နှလုံးသားထံမှ ကြယ်တာရာအလင်းအချို့လင်းလက်လာသည်။ကောင်းကင်ရှိ ကြယ်တာရာများ၏ ရွေ့လျားမှုကို နှလုံးသွင်းလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က အခြားတစ်ဖက်သို့ တည်နေရာရွှေ့ပြောင်းသွားပြီဖြစ်သည်။ရွှေရောင် ပိုးချည်မျှင်များက ရှီယန် ရပ်နေခဲ့သောနေရာသို့ တိုက်ရိုက်ကျဆင်းလာသည်။ကျောက်တုံးများသည် တိုဟူးတုံးများလိုပင် ပြတ်ထွက်ကုန်လေသည်။"ရွှေပိုးမျှင်..."အေးစက်စက်ရယ်မောသံများ ထွက်ပေါ်လာသည်။ထို ရွှေရောင် ချည်မျှင်များသည် လျှပ်စီးကြောင်းကဲ့သို့ပင် ရှီယန် ရွှေ့ပြောင်းသွားရာနေရာသို့ လိုက်ပါစီးဆင်းလာသည်။သုခနန်းတော်မှ သိုင်းသမားများသည် ထူးခြားပြီး ကောင်းမွန်သော သီးသန့် သိုင်းပညာကို လေ့ကျင့်ကြသည်။သူတို့၏ လက်ဖ၀ါးများမှ ရွှေရောင် ပိုးချည်မျှင်များက ထက်မြက်မှု၊ ခိုင်ခန့်မှုနှင့် ပျော့ပျောင်းမှုများ ပေါင်းစပ်ပါဝင်နေပြီး အရာအားလုံးကို အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်စွမ်းရှိဟန်တူသည်။အခြားသူများ၏ အခြေအနေကိုလည်း ကြည့်ရင်း အားလုံးပင် ရွှေပိုးမျှင်များ၏ ခြိမ်းခြောက်မှုအောက်ကျရောက်နေကြသည်ကို တွေ့ရသည်။ဘယ်သူကမှ ရွှေပိုးမျှင်များကို အနီးကပ် ရင်မဆိုင်ရဲကြချေ။ရွှေရောင် ပိုးချည်မျှင်များ တိုးဝင်လာသည်ကို တွေ့သည်နှင့် အိုင်ရာတို့အုပ်စုသည် တကွဲတပြား ခုန်ပျံရှောင်တိမ်းလိုက်ကြရသည်။သူတို့က ရွှေပိုးမျှင်များ၏ ထက်မြက်မှုကို နားလည်ထားကြဟန်တူသည်။နိုင်းကျီကတော့ ခံစားချက်ကင်းမဲ့စွာပင် မတ်တပ်ရပ်နေဆဲဖြစ်သည်။သူက အခြားသူများကို ဂရုမစိုက်ပါ။သူ၏ ရမ္မက်ထန်သော မျက်လုံးများက အိုင်ရာနှင့် ကျိယီတို့၏ ခန္ဓာကိုယ်လေးများအပေါ်တွင်သာ ရစ်ဝဲနေသည်။သူမတို့နှစ်ယောက် အဖမ်းခံရမည့်အချိန်ကိုသာ စောင့်ဆိုင်းနေဟန်တူ၏။သူမတို့နှင့် ဘယ်လိုပျော်ပါးရမလဲပင် စဉ်းစားနေပြီးဖြစ်ဟန်တူသည်။ရှီယန်က သုခနန်းတော်ရော တိုက်ခိုက်ရေး အဖွဲ့အစည်းကိုရော မကြားဖူးပါ...သို့သော်လည်း အိုင်ရာနှင့် နိုင်းကျီတို့၏ စကားအသွားအလာအရ နှစ်ခုစလုံးပင် မြင့်မြတ်ရာနယ်မြေမှဖြစ်ကြောင်း သိရှိလာသည်။ပြီးတော့ အလွန် အားကောင်းသောအဖွဲ့အစည်းများလည်း ဖြစ်ပေလိမ့်မည်။အိုင်ရာနှင့် နိုင်းကျီသည် အလွန်ပင် ငယ်ရွယ်ကြသေးသော်လည်း သူတို့နှစ်ယောက်စလုံးက ကောင်းကင်အဆင့်သို့ပင် ရောက်ရှိနေကြပြီးဖြစ်သည်။ထို့ကြောင့် ထိုအင်အားစုနှစ်ခု၏ တောင့်တင်းမှုကို ရှီယန်ခန့်မှန်းလို့ရပါသည်။ရွှေပိုးမျှင်များက သူတို့၏ ဦးခေါင်းပေါ်တွင် ယှက်ဖြာနေကြသည်။အလွန် ပျော့ပျောင်းကာ အလွန်လဲ လှပပေသည်။သို့သော်လည်း အသက်ရှူမှားလောက်အောင်ပင် ကြောက်စရာကောင်းလှသည်။လေထုထဲတွင် တရွှီးရွှီးမြည်သံများ ဖြစ်ပေါ်လျှက်ရှိသည်။ရှီယန့်ကို ၀င်ရောက်တိုက်ခိုက်သော သိုင်းသမားသည် သူ၏ ပထမတိုက်ကွက် လွဲချော်သွားသော်လည်း စိုးရိမ်ပူပန်ဟန်မရှိပါ။သူက သူ့စွမ်းအင်ကို ဆက်လက်ထုတ်ဖော်နေတုန်းပင်ဖြစ်သည်။ရွှေပိုးမျှင်များသည် သူ့လက်ဖ၀ါးနှစ်ဖက်မှ အဆက်မပြတ် တိုးထွက်နေကြပြီး ပိုမို ရှည်လျားလာကာ ရှီယန့်နောက်သို့ အလျှော့မပေးပဲ ဆက်လက်လိုက်ပါလာသည်။ထို ရွှေရောင် ပိုးချည်မျှင်များတွင် ၀ိညာဉ်အသိ ခပ်ပါးပါး ပါဝင်နေသည်။သုခနန်းတော် သိုင်းသမားများသည် သူတို့၏ ၀ိညာဉ်အသိကို ထိုရွှေရောင်ပိုးချည်မျှင်များတွင် ပေါင်းစပ်ထားနိုင်ဟန်တူသည်။၎င်းတို့က ပစ်မှတ်ကို မှတ်သားနိုင်စွမ်းရှိပြီး ရှီယန် ဘယ်လိုပင် ရှောင်တိမ်းပါသော်လည်း ရွှေပိုးမျှင်များက သူ့နောက်သို့ လိုက်ပါလာစမြဲဖြစ်သည်။ထို သိုင်းသမားများ၏ လက်များသည် ဖောင်းကားနေကြပြီး အလွန်ထက်ရှသော ရွှေရောင်ပိုးမျှင်များကို အဆက်မပြတ်ထုတ်လွှတ်နိုင်စွမ်းရှိကြသည်။တဖြည်းဖြည်းနှင့် သူတို့၏ ရွှေရောင် ပိုးချည်မျှင်များသည် ကောင်းကင်တစ်ခွင်လုံးပင် ဖုံးလွှမ်းလာပြီး ရွှေရောင်များ ပြိုးပြိုးပျက်ပျက်ဝင်းလျှက်ရှိသည်။"အား..."ဘော့၏ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။သူက ရွှေရောင်ပိုးချည်မျှင်များကို ရှောင်တိမ်းနေရင်း အောက်ပိုင်းကို သတိမထားမိချိန်တွင် ရွှေပိုးမျှင် တစ်ထွေးကို နင်းမိကာ ခြေဖ၀ါး ပြတ်ထွက်သွားခြင်းဖြစ်သည်။သူ့ခြေထောက်မှ သွေးများ ရေသွန်သလို စီးထွက်လာသည်။ဘော့က အဆက်မပြတ် ငြီးညူအော်ဟစ်နေရင်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကျိယီထံလှမ်းကြည့်သည်။သူမ၏ အကူအညီကို မျှော်လင့်နေမိခြင်းဖြစ်ဟန်တူ၏။ကျိယီ၏ လက်မောင်းနှစ်ဖက်ရှိ လက်ကောက်ကွင်းများက ပျံဝဲနေကြသည်။အချင်းချင်း ရိုက်ခတ်မိသောအခါ ချိုလွင်သောအသံလေးများ အဆက်မပြတ်ထွက်ပေါ်နေသည်။တောက်ပသော အလင်းစက်ကွင်းများလည်း ပန်းများပွင့်သလို ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်။ထို အလင်းစက်ကွင်းများက သူမ၏ လှပသောကိုယ်လုံးလေးကို လွှမ်းခြုံကာ ရွှေပိုးမျှင်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးထားသည်။ကောင်းကင်အဆင့် သိုင်းသမားတစ်ယောက်၏ဖောင်းကားနေသော လက်များသည် ရွှေရည်လောင်းထားသလို ၀င်းပြောင်လျှက်ရှိသည်။ ထိုလူ၏ လက်ဖ၀ါးမှ တိုးထွက်နေသော ရွှေရောင်ပိုးချည်မျှင်များက တွန့်လိမ်လှုပ်ရှားကာ သူမ၏ ၀င်လမ်းထွက်လမ်းများကို ပိတ်ဆို့ထားကြသည်။သူမ၏ လှပသော ကိုယ်လုံးလေးသည် ကျဉ်းကြပ်စွာ လှုပ်ရှားနေရသည်။အင်းစက်ကွင်းများနှင့် ရွှေရောင် ပိုးချည်မျှင်များက ရောနှောနေကြပြီး ထိုနေရာတစ်ဝိုက်တွင် အလွန်လင်းလက်စွာ တောက်ပနေကြသည်။ကျိယီ၏ စွမ်းအင်ကျင့်ကြံမှုအဆင့်သည် မြင့်မားသော်လည်း ထိုမျှ ထူထပ်စွာ ပိတ်ဆီးထားသော ရွှေပိုးမျှင်များအကြားမှ ဖောက်ထွက်မလာနိုင်ခဲ့ပါ။သူမက ဘော့ မခုခံနိုင်တော့သည်ကို မြင်တွေ့နေရသော်လည်း သူ့ထံသို့ သွားရောက်ကူညီနိုင်စွမ်းမရှိခဲ့ပါ။"ရွှေရောင်ပိုးမျှင် ခွဲဖြာခြင်း"ဘော့နှင့် တိုက်ခိုက်နေသူ သိုင်းသမားက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။သူ၏ ဖောင်းကားနေသော လက်များအတွင်းမှာ ရွှေရောင်ပိုးမျှင် အသစ် ဆယ်ချောင်းခန့် အလွန်လျှင်မြန်စွာ တိုးထွက်သွားကြသည်။အခြား ရွှေပိုးမျှင်များက ဘော့၏ ထွက်ပေါက်ကို ပိတ်ဆို့ထားလိုက်လေသည်။ရွှေရောင်အလင်းများ ၀င်းလက်တောက်ပသွားပြီး ရှီယန့် မျက်စိရှေ့တွင် ဘော့၏ ခန္ဓာကိုယ်သည် အသားတုံးများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ဘော့သည် နီဗားနား တတိယအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း မရှောင်တိမ်းနိုင်ခဲ့ပါ...ရွှေရောင် ပိုးကြိုးမျှင်များသည် သူ၏ အရိုးများကိုပါ တိတိရိရိ ပြတ်ထွက်သွားစေခဲ့ပါသည်။ဘော့၏ သေဆုံးမှုတွင် ဘော့နောက်ကျောမှ ဖောက်ထွက်လာသော ရွှေပိုးမျှင်များကို ရှီယန် မြင်ခဲ့ရသည်။လောင်လီနှင့် တိုက်ခိုက်နေသော သိုင်းသမားသည် ရုတ်တရက် သူ့ ခွန်အားကို ခွဲဖြာကာ ထို ပိုးကြိုးမျှင်များကို ကူညီထိန်းချုပ်ပေးလိုက်သည်ကိုလည်း ရှီယန် မြင်တွေ့ရသည်။ထို ပူးပေါင်းတိုက်ခိုက်မှုက ဘော့ခန္ဓာကိုယ်ကို အတုံးတုံး အတစ်တစ် ဖြစ်သွားစေခြင်းဖြစ်သည်။မှော်ဆန်သော ပိုးကြိုးမျှင်များက သုခနန်းတော်၏ သီးခြားသိုင်းပညာဖြစ်သည်။သူတို့က ထို ရွှေပိုးမျှင် သိုင်းပညာကို လေ့ကျင့်လိုလျှင် သူတို့က ခန္ဓာကိုယ်ထဲတွင် ရွှေပိုးမျှင် အမြောက်အများစုဆောင်းမိအောင် ကြိုးစားရပါသည်။ဘယ်လို စုဆောင်းရသလဲဆိုတော့ မြင့်မြတ်ရာနယ်မြေ၏ လျှို့ဝှက်ဒေသတစ်ခုတွင် ပေါက်ဖွားရှင်သန်သော ရွှေပိုးမျှင်များ ထုတ်လုပ်တတ်သော ပိုးကောင်များကို စားသောက်ခြင်းဖြင့် စုဆောင်းရပါသည်။ရွှေပိုးကောင် အမြောက်အများ စားသောက်ရပါသည်။ထို ရွှေပိုးချည်များကို သူတို့၏ ခန္ဓာကိုယ်တွင်းသို့ စုပ်ယူကာ ကျင့်ကြံအားထုတ်ရပါသည်။ထို လျှို့ဝှက်သိုင်းပညာကို ကျင့်ကြံသော သိုင်းသမားတိုင်းသည် ရွှေရောင်နည်းစနစ်ကို လေ့ကျင့်ရပါသည်။သူတို့က ကိုယ်ပိုင် သိုင်းဝိညာဉ်ကိုရော ကီစုစည်းမှုကိုပါ ထို ရွှေပိုးမျှင်များအတွက် အားဖြည့်ပေးရသည်။သူတို့၏ အသွေးအသားများနှင့် ရောနှောရသည်။နောက်ဆုံး သူတို့၏ ၀ိညာဉ်အသိနှင့် ပေါင်းစည်းနိုင်သောအခါတွင်မှ ရွှေရောင်ပိုးမျှင်များကို ထုတ်လွှတ်တိုက်ခိုက်နိုင်လာခြင်းဖြစ်လေသည်။နှစ်ပေါင်းများစွာ အပတ်တကုတ် ကြိုးစားအားထုတ်ပြီးနောက်တွင် ရွှေရောင်ပိုးချည်မျှင်များကို ထုတ်လွှတ်လာနိုင်ခြင်းဖြစ်သည်။ထိုပိုးချည်မျှင်များသည် သူတို့၏ စိတ်နှင့် ဆက်သွယ်ထားပြီး အလိုရှိသည့်အတိုင်း ထိန်းချုပ်နိုင်လာလေသည်။ရွှေရောင်နည်းစနစ်ကို ကျင့်ကြံအောင်မြင်သွားသူတိုင်းသည် သုခနန်းတော်၏ ကြောက်စရာအကောင်းဆုံး သိုင်းသမားများဖြစ်လာကြသည်။သုခနန်းတော်တွင် ရွှေရောင်နည်းစနစ်ကို ကျင့်ကြံကြသူများသည် အလွန်ရက်စက်သော စိတ်နေစိတ်ထားရှိကြပြီး သေမှာမကြောက်သူများသာဖြစ်သည်။အဘယ့်ကြောင့်ဆိုသော အခန့်မသင့်လျှင် ရွှေရောင်နည်းစနစ်ကို ကျင့်ကြံနေရင်း ရွှေပိုးမျှင်များက သူတို့ခန္ဓာကိုယ်ကို ဖြတ်တောက်သွားနိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့် အသက်နှင့် ရင်းရဲသူများသာ လေ့ကျင့်ကြသော နည်းစနစ်ဖြစ်သောကြောင့် အရင်းအနှီးကြီးသလို အစွမ်းလဲ ထက်လှပါသည်။ရွှေရောင် ပိုးချည်မျှင်များ ပစ်လွှတ်တိုက်ခိုက်လာနိုင်လျှင်တော့ ထိုသိုင်းသမားများသည် အန္တရာယ်အရှိဆုံး သိုင်းသမားများဖြစ်လာကြသည်။ထို သိုင်းပညာကို ဖော်ထုတ်ပြီးတိုက်လိုက်လျှင် အားကောင်းသော ခုခံကာကွယ်မှု မရှိသူများသည် ထို ကြိုးမျှင်များ၏ ထိုးဖောက်မှုကို ခံနိုင်ရည်မရှိကြပါ။အကာအကွယ်အားနည်းလျှင် အသားတုံးများဖြစ်သွားရမည်မှာ သေချာလေသည်။ဘော့သည်လည်း ခုခံကာကွယ်မှုပိုင်းတွင် အားနည်းလေရာ ခြေထောက်ပြတ်ပြီး ဟန်ချက်ပျက်သွားသည်နှင့် ရွှေရောင်ပိုးချည်မျှင်များက သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခြင်းဖြစ်သည်။ထို ရွှေပိုးမျှင်များ ဖြန့်ထွက်သွားသောအခါ သူ့ခန္ဓာကိုယ်သည်လည်း အသားတုံးများအဖြစ် ပိုင်းဖြတ်ခြင်းခံလိုက်ရလေသည်။သူ သေသွားသည်နှင့် သူ၏ အော်ရာက ရှီယန့်ထံ စီးဝင်လာသည်။ရှီယန်က ရွှေရောင်ပိုးကြိုးမျှင်များကို ရှောင်တိမ်းနေသော်လည်း ဘော့သေသွားသည်ကို မြင်သောအခါ ဘော့သေဆုံးရာအနီးသို့ ခြေလှမ်းကွက် ရွှေ့လျားကာ ရောက်အောင်သွားပါသည်။ဘော့ထံမှ နီဗားနားအဆင့် အော်ရာများကို သူ လက်လွတ်မခံနိုင်ပါ။ဘော့၏ အော်ရာများ စိမ့်ဝင်ပျံ့နှံ့လာသည်ကို ခံစားရင်း ရှီယန်က ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းခြုံနေသော ရွှေရောင် ပိုးချည်မျှင်များကို စိတ်အေးအေးထားကာ လိုက်ကြည့်နေသည်။ရုတ်တရက် ...သူ့စိတ်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အစီအစဉ်တစ်ခု ပေါက်ဖွားလာလေသည်။
----- ------- ------- -------- ---------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now